ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ရုတ်တရက်ပြောင်းရွှေ့ခံလိုက်ရသည့် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းက ၎င်းအားပြောင်းရွှေ့ရသည့်အကြောင်းရင်းကို တာဝန်ရှိသူများအား မေးမြန်းရန် မီဒီယာသို့ဖြေကြား

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ရုတ်တရက်ပြောင်းရွှေ့ခံလိုက်ရသည့် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းက ၎င်းအားပြောင်းရွှေ့ရသည့်အကြောင်းရင်းကို တာဝန်ရှိသူများအား မေးမြန်းရန် မီဒီယာသို့ဖြေကြား
ဧပွီ 10, 2019
By Tachileik News Agency

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ရုတ်တရက်ပြောင်းရွှေ့ခံလိုက်ရသည့် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းက ၎င်း၏ပြောင်းရွှေ့မှုကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့က သတင်းမီဒီယာများသို့ အတည်ပြုပြောကြားသော်လည်း ပြောင်းရွှေ့ရသည့်အကြောင်းရင်းကို တာဝန်ရှိသူထံ မေးမြန်းရန် ပြန်လည်ဖြေကြားလာကြောင်း သိရသည်။


၎င်းအား ပြောင်းရွှေ့လိုက်သည့်အကြောင်းရင်းကို ကိုယ်တိုင်ဖြေကြားရန် သင့်တော်သည်ဟု မယူဆသဖြင့် အထက်အရာရှိကိုမေးရန် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းက မီဒီယာအားဖြေကြားခြင်းဖြစ်ကြောင်း သိရသည်။


တော်ဝင်ရဲတပ်ဖွဲ့ဌာနချုပ်တွင် ဧပြီလ (၈)ရက်နေ့က ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြန်လည်မြင်တွေ့ရသည့် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းက ၎င်းအားစစ်ဆေးနေသည်ဟု သတင်းများထွက်နေခြင်းမှာ မဟုတ်မှန်ကြောင်းကိုလည်း ငြင်းဆိုလိုက်သည်။



Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ရုတ်တရက်ပြောင်းရွှေ့ခံလိုက်ရသည့် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းက၎င်း၏ပြောင်းရွှေ့မှုကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့က သတင်းမီဒီယာများသို့ အတည်ပြုပြောကြားသော်လည်း ပြောင်းရွှေ့ရသည့်အကြောင်းရင်းကို တာဝန်ရှိသူထံ မေးမြန်းရန် ပြန်လည်ဖြကြေားလာကြောင်း သိရသည်။

ရဲဒုဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းအား ရွှေ့ပြောင်းခန့်ထားလိုက်ကြောင်းကို ဧပြီလ (၅) ရက်နေ့က ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီး ကျကထစ်ပ် ထိုင်းကျင်းဒါးက အမိန့်ထုတ်လိုက်ပြီးနောက် အများပြည်သူမြင်ကွင်းမှ ပျောက်သွားကာ သတင်းမီဒီယာများလည်း ဆက်သွယ်မရဖြစ်နေရာမှ ဧပြီလ (၈)ရက်နေ့တွင် အဆက်အသွယ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား ပြောင်းရွှေ့လိုက်သည့်အကြောင်းရင်းကို ကိုယ်တိုင်ဖြကြေားရန် သင့်တော်သည်ဟု မယူဆသဖြင့် အထက်အရာရှိကိုမေးရန် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းက မီဒီယာအားဖြကြေားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းမှာ၎င်း၏လုပ်ငန်းဆောင်ရွက်ချက်များကြောင့် ပြည်သူများအကြား ထင်ရှားသည့် ရဲအရာရှိတစ်ဦးဖြစ်ပြီး ရုတ်တရက်ပြောင်းရွှေ့ခံရချိန်တွင် လူကြည့်များလှသည့်၎င်း၏လူမှုကွန်ယက်စာမျက်နှာအားလုံးနှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာများကိုပါ ကြည့်ရှုမရဖြစ်သွားသဖြင့် သတင်းအမျိုးမျိုး ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။

တော်ဝင်ရဲတပ်ဖွဲ့ဌာနချုပ်တွင် ဧပြီလ (၈)ရက်နေ့က ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြန်လည်မြင်တွေ့ရသည့် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းက၎င်းအားစစ်ဆေးနေသည်ဟု သတင်းများထွက်နခြေင်းမှာ မဟုတ်မှန်ကြောင်းကိုလည်း ငြင်းဆိုလိုက်သည်။

လဝကသတင်းများနှင့် ပတ်သက်၍ လူအများစောင့်ကြည့်လေ့ရှိသည့် ဆူရချေ့အမည်ဖြင့် ဖေ့စ်ဘုတ်၊ အင်စတာဂရမ်များမှာ ရုတ်တရက်ရာထူး ပြောင်းရွှေ့ခံရချိန်တွင် ကြည့်ရှုမရဖြစ်သွားခဲ့ကြခြင်းဖြစ်သည်။

ဆူရချေ့သည် Big Joke ဟုလည်း လူသိများသူဖြစ်ပြီး အသက်ငယ်ငယ်ဖြင့် ရာထူးကြီးရထားသူဖြစ်ပြီး ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝတ် ဝန်ဆုဝမ်နှင့်လည်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation ၊ The thaiger

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net