ေတာင္သူအား ပစၥည္းမမွန္မကန္ေရာင္းခ်ေၾကာင္း တုိင္ၾကားသျဖင့္ က်ိဳင္းတံုၿမိဳ႕မွ လယ္ယာသံုးပစၥည္း အေရာင္းဆိုင္မ်ားကို ဌာနဆုိင္ရာပူးေပါင္းအဖြဲ႕က ကြင္းဆင္းစစ္ေဆး

ေတာင္သူအား ပစၥည္းမမွန္မကန္ေရာင္းခ်ေၾကာင္း တုိင္ၾကားသျဖင့္ က်ိဳင္းတံုၿမိဳ႕မွ လယ္ယာသံုးပစၥည္း အေရာင္းဆိုင္မ်ားကို ဌာနဆုိင္ရာပူးေပါင္းအဖြဲ႕က ကြင္းဆင္းစစ္ေဆး
ဧပြီ 27, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕မွ လယ္ယာသံုးပစၥည္းအေရာင္းဆုိင္တစ္ခုက ပစၥည္းမ်ားကို မမွန္မကန္ေရာင္းခ်ေၾကာင္း ေတာင္သူ၏တုိင္ၾကားမႈေၾကာင့္ စားသံုးသူေရးရာဦးစီးဌာနအပါအဝင္ သက္ဆုိင္ရာဌာနမ်ား ပူူးေပါင္းအဖြဲ႕က ကြင္းဆင္းစစ္ေဆးထားေၾကာင္း သိရသည္။

 “လယ္ယာသံုးစက္ကိရိယာပစၥည္းေတြ၊ စပါးရိတ္သိမ္းေျခြေလွ႔တဲ့စက္ေတြကို ကုမၸဏီတစ္ခုက ေတာင္သူကို တရုတ္ပစၥည္းကို ဂ်ပန္ပစၥည္းဆိုၿပီး ေရာင္းလိုက္တာ။ ဟိုက မေက်နပ္ေတာ့ တိုင္တာေပါ့။ ဒီလိုေတြ အမ်ားႀကီးပဲ။ တစ္ခ်ိဳ႕က အိမ္သံုးပစၥည္းေတြ။ TV တို႔ ကက္ဆက္တို႔ေပါ့။ တံဆိပ္ေတြမပါဘူး။ ဘာအာမခံခ်က္မွ မပါဘူးေပါ့။ ေရာင္းခ်င္သလိုေရာင္းတယ္။ စားသံုးသူကို လိမ္သလိုလို၊ ထင္ေယာင္ထင္မွားျ ဖစ္ေစတာေပါ့။ လက္ရိွဥပေဒအရ ျပစ္မႈႀကီးတယ္။ ကြင္းဆင္းၿပီးေတာ့ စစ္တာေပါ့ အဲဒီဆိုင္ေတြကို။ ထင္ေယာင္ထင္မွားျဖစ္တာတို႔၊ လွည္းဖ်ားတာတို႔၊ ေၾကာ္ျငာတာတို႔၊ အေရာင္းျမႇင့္တင္တာတို႔ ၂၀၁၉ ဥပေဒသစ္နဲ႔ ဘယ္လိုၿငိတယ္ဆိုတာ အခုလည္းရွင္းျပခဲ့တယ္။ ၿပီးရင္လည္း ရံုးေခၚမွာေပါ့”ဟု က်ိဳင္းတံုခရိုင္ စားသုံးသူေရးရာ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴးဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတုံျမိဳ႕ေပၚရွိ လယ္ယာသုံးစက္ပစၥည္းဆိုင္မ်ားႏွင့္အိမ္သုံးပစၥည္းဆိုင္မ်ားအား စစ္ေဆးျခင္းကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၆)ရက္ေန႔က လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

လက္ရိွျပဌာန္းထားၿပီျဖစ္သည့္ ၂၀၁၉ ခုႏွစ္ စားသံုးသူဥပေဒအရ စားသံုးသူဘက္တြင္ ဆံုးရံႈးနစ္နာမႈအလုိက္ ျပစ္မႈျပစ္ဒဏ္ႀကီးမားသျဖင့္ ေရာင္းခ်သည့္ဆုိင္မ်ားအား အသိပညာေပးလုပ္ငန္းကိုလည္း ကြင္းဆင္းစစ္ေဆးျခင္းႏွင့္အတူ တစ္ၿပိဳင္တည္းေဆာင္ရြက္ေနေၾကာင္း သိရသည္။

“စားသံုးသူနစ္နာရင္နစ္နာသလို ျပစ္မႈကႀကီးသြားမွာ။ ဥပေဒအရဆို အျမင့္ဆံုးေထာင္ဒဏ္ (၂) ႏွစ္အထိ ရိွတယ္။ အျမင့္ဆံုးဒဏ္ေငြ က်ပ္သိန္း (၂၀၀) အထိရိွတယ္။ စားသံုးသူကနစ္နာရင္ တရားမေၾကာင္းအရ တရားထပ္စြဲလို႔ရတယ္။၂၀၁၉ ရဲ႕ ဥပေဒအသစ္ေပါ့။ လက္ရိွမွာ ဥပေဒအသစ္နဲ႔လုပ္ေနၿပီ”ဟု က်ိဳင္းတံုခရိုင္ စားသုံးသူေရးရာ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴးဦးသန္းစိုးက ေျပာသည္။

ေဒသတြင္း ေတာင္သူလယ္သမားအခြင့္အေရးကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရးအတြက္ စားသံုးသူေရးရာဦးစီးဌာနက သက္ဆုိင္ရာဌာနမ်ားျဖင့္ ပူးေပါင္းၿပီး လယ္ယာသံုးပစၥည္းအေရာင္းဆုိင္မ်ားအား ကြင္းဆင္းစစ္ေဆးျခင္းႏွင့္ ဥပေဒသစ္ကို ရွင္းလင္းအသိေပးျခင္းအား တာခ်ီလိတ္ၿမိဳ႕တြင္လည္း လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

“တာခ်ီလိတ္လည္း လာလုပ္မယ္။ တာခ်ီလိတ္မွာ ကုမၸဏီအႀကီးေတြရိွတယ္။ လယ္ယာသံုးပစၥည္းေရာင္းတဲ့ ဆိုင္ေတြရိွတယ္။ အဲဒီလာရင္ေတာ့ အမ်ားႀကီးလုပ္စရာရိွတယ္။ ကုန္အမွတ္တံဆိပ္ကိစၥေတြ၊ တစ္ခ်ိဳ႕ဆိုအာမခံရိွတယ္ ျပန္မလဲေပးတဲ့ကိစၥေတြရိွတယ္။ စားသံုးသူအရမ္းနစ္နာတယ္။ အဲဒါေတြက ေနာက္ဥပေဒအသစ္မွာ မရေတာ့ဘူး။ ျပစ္မႈျပစ္ဒဏ္ေတြက တရားစြဲတဲ့ဥပေဒေတြရိွတယ္။ ရဲအေရးပိုင္တဲ့ဥပေဒေတြရိွတယ္။ ေစ့စပ္ညိႇႏိႈင္းေပးတဲ့စီမံခန္႔ခြဲမႈဥပေဒေတြရိွတယ္”ဟု က်ိဳင္းတံုခရိုင္ စားသုံးသူေရးရာ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴးဦးသန္းစိုးက ေျပာသည္။

က်ိဳင္းတုံျမိဳ႕ေပၚရွိ လယ္ယာသုံးစက္ပစၥည္းဆိုင္မ်ားႏွင့္အိမ္သုံးပစၥည္းဆိုင္မ်ားအား စစ္ေဆးျခင္းကို စားသုံးသူေရးရာဦးစီးဌာန က်ိဳင္းတုံခရိုင္ဦးစီးမွဴး ဦးသန္းစိုးႏွင့္ ဒုတိယျပည္နယ္ဦးစီးမွဴးရံုးဝန္ထမ္းမ်ား၊ တိရိစၦာန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ခရိုင္ဦးစီးမွဴး ေဒါက္တာမ်ိဳးနိုင္ႏွင့္ ဝန္ထမ္းမ်ား ၊ ျမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားပူးေပါင္းအဖြဲ႕ျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tacheileik News Agency
ဓါတ္ပံု - စားသံုးသူေရးရာ

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တောင်သူအား ပစ္စည်းမမှန်မကန်ရောင်းချကြောင်း တိုင်ကြားသဖြင့် ကျိုင်းတုံမြို့မှ လယ်ယာသုံးပစ္စည်း အရောင်းဆိုင်များကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေး
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ လယ်ယာသုံးပစ္စည်းအရောင်းဆိုင်တစ်ခုက ပစ္စည်းများကို မမှန်မကန်ရောင်းချကြောင်း တောင်သူ၏တိုင်ကြားမှုကြောင့် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ ပူူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးထားကြောင်း သိရသည်။

 “လယ်ယာသုံးစက်ကိရိယာပစ္စည်းတွေ၊ စပါးရိတ်သိမ်းခြွေလှေ့တဲ့စက်တွေကို ကုမ္ပဏီတစ်ခုက တောင်သူကို တရုတ်ပစ္စည်းကို ဂျပန်ပစ္စည်းဆိုပြီး ရောင်းလိုက်တာ။ ဟိုက မကျေနပ်တော့ တိုင်တာပေါ့။ ဒီလိုတွေ အများကြီးပဲ။ တစ်ချို့က အိမ်သုံးပစ္စည်းတွေ။ TV တို့ ကက်ဆက်တို့ပေါ့။ တံဆိပ်တွေမပါဘူး။ ဘာအာမခံချက်မှ မပါဘူးပေါ့။ ရောင်းချင်သလိုရောင်းတယ်။ စားသုံးသူကို လိမ်သလိုလို၊ ထင်ယောင်ထင်မှားြ ဖစ်စေတာပေါ့။ လက်ရှိဥပဒေအရ ပြစ်မှုကြီးတယ်။ ကွင်းဆင်းပြီးတော့ စစ်တာပေါ့ အဲဒီဆိုင်တွေကို။ ထင်ယောင်ထင်မှားဖြစ်တာတို့၊ လှည်းဖျားတာတို့၊ ကြော်ငြာတာတို့၊ အရောင်းမြှင့်တင်တာတို့ ၂၀၁၉ ဥပဒေသစ်နဲ့ ဘယ်လိုငြိတယ်ဆိုတာ အခုလည်းရှင်းပြခဲ့တယ်။ ပြီးရင်လည်း ရုံးခေါ်မှာပေါ့”ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ပေါ်ရှိ လယ်ယာသုံးစက်ပစ္စည်းဆိုင်များနှင့်အိမ်သုံးပစ္စည်းဆိုင်များအား စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိပြဌာန်းထားပြီဖြစ်သည့် ၂၀၁၉ ခုနှစ် စားသုံးသူဥပဒေအရ စားသုံးသူဘက်တွင် ဆုံးရှုံးနစ်နာမှုအလိုက် ပြစ်မှုပြစ်ဒဏ်ကြီးမားသဖြင့် ရောင်းချသည့်ဆိုင်များအား အသိပညာပေးလုပ်ငန်းကိုလည်း ကွင်းဆင်းစစ်ဆေးခြင်းနှင့်အတူ တစ်ပြိုင်တည်းဆောင်ရွက်နေကြောင်း သိရသည်။

“စားသုံးသူနစ်နာရင်နစ်နာသလို ပြစ်မှုကကြီးသွားမှာ။ ဥပဒေအရဆို အမြင့်ဆုံးထောင်ဒဏ် (၂) နှစ်အထိ ရှိတယ်။ အမြင့်ဆုံးဒဏ်ငွေ ကျပ်သိန်း (၂၀၀) အထိရှိတယ်။ စားသုံးသူကနစ်နာရင် တရားမကြောင်းအရ တရားထပ်စွဲလို့ရတယ်။၂၀၁၉ ရဲ့ ဥပဒေအသစ်ပေါ့။ လက်ရှိမှာ ဥပဒေအသစ်နဲ့လုပ်နေပြီ”ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းစိုးက ပြောသည်။

ဒေသတွင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းပြီး လယ်ယာသုံးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဥပဒေသစ်ကို ရှင်းလင်းအသိပေးခြင်းအား တာချီလိတ်မြို့တွင်လည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“တာချီလိတ်လည်း လာလုပ်မယ်။ တာချီလိတ်မှာ ကုမ္ပဏီအကြီးတွေရှိတယ်။ လယ်ယာသုံးပစ္စည်းရောင်းတဲ့ ဆိုင်တွေရှိတယ်။ အဲဒီလာရင်တော့ အများကြီးလုပ်စရာရှိတယ်။ ကုန်အမှတ်တံဆိပ်ကိစ္စတွေ၊ တစ်ချို့ဆိုအာမခံရှိတယ် ပြန်မလဲပေးတဲ့ကိစ္စတွေရှိတယ်။ စားသုံးသူအရမ်းနစ်နာတယ်။ အဲဒါတွေက နောက်ဥပဒေအသစ်မှာ မရတော့ဘူး။ ပြစ်မှုပြစ်ဒဏ်တွေက တရားစွဲတဲ့ဥပဒေတွေရှိတယ်။ ရဲအရေးပိုင်တဲ့ဥပဒေတွေရှိတယ်။ စေ့စပ်ညှိနှိုင်းပေးတဲ့စီမံခန့်ခွဲမှုဥပဒေတွေရှိတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းစိုးက ပြောသည်။

ကျိုင်းတုံမြို့ပေါ်ရှိ လယ်ယာသုံးစက်ပစ္စည်းဆိုင်များနှင့်အိမ်သုံးပစ္စည်းဆိုင်များအား စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဒုတိယပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများ၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်နှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tacheileik News Agency
ဓါတ်ပုံ - စားသုံးသူရေးရာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net