မေကြးတိုင္းေဒသႀကီးတြင္ စိုက္ပ်ိဳးေရးဦးစီးဌာနက မ်ိဳးသန္႔ျဖန္႔ေဝျခင္းအား ဘတ္ဂ်က္အကန္႔အသတ္အရ လံုေလာက္စြာ မေထာက္ပံ့ႏုိင္ေသး

မေကြးတိုင္းေဒသႀကီးတြင္ စိုက္ပ်ိဳးေရးဦးစီးဌာနက မ်ိဳးသန္႔ျဖန္႔ေဝျခင္းအား ဘတ္ဂ်က္အကန္႔အသတ္အရ လံုေလာက္စြာ မေထာက္ပံ့ႏုိင္ေသး
ဧပြီ 26, 2019
By 🌸
မေကြးတုိင္းအတြင္း GAP စနစ္ျဖင့္စိုက္ပ်ိဳးမည့္ေတာင္သူမ်ားအား မေကြးတိုင္းေဒသႀကီး စိုက္ပ်ိဳးေရး ဦးစီးဌာနက မ်ိဳးသန္႔ျဖန္႔ေဝေပးေနေသာ္လည္း ဘတ္ဂ်က္အကန္႔အသတ္ေၾကာင့္ လံုေလာက္စြာ ေထာက္ပံ့ေပးႏုိင္ျခင္းမရိွေသးေၾကာင္း သိရသည္။

စိုက္ပ်ိဳးေရးဦးစီးဌာနက စမံုနက္ႏွမ္းမ်ိဳးသန္႔ (၂၈)တင္းခဲြကို ၂၀၁၉ ခုႏွစ္၊ဧၿပီလ (၂၃)ရက္ေန႔က
ႏွမ္းမ်ိဳးသန္႔ပြားစိုက္ပ်ိဳးမည့္ မေကြးၿမိဳ႕နယ္အတြင္းရိွ ေက်းရြာ (၇)ရြာမွ အက်ိဳးျပဳေတာင္သူမ်ားအား ျဖန္႔ေဝေပးခဲ့ေၾကာင္းသိရသည္။

“တိုင္းေဒသႀကီးအစိုးရက ခြင့္ျပဳတဲ့ဘ႑ာရန္ပုံေငြထဲကေန မ်ိဳးသန္႔ပြားမ်ားေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတဲ့ အထဲက တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။ ဌာနကမ်ိဳးသန္႔ပြားမ်ားေရးလုပ္ငန္းမွာ စပါး၊ ေျမပဲ၊ ႏွမ္း၊ ပဲတီစိမ္းနဲ႔ ေနၾကာမ်ိဳးေတြ ပါပါတယ္။ ဘတ္ဂ်က္အကန္႔အသတ္နဲ႔ မ်ိဳးေကာင္းမ်ိဳးသန္႔ျဖန္႔ျဖဴးတဲ့ေနရာမွာ သီးႏွံအမ်ိဳးမ်ား တာေၾကာင့္ ျဖန္႔ျဖဴးတဲ့အပိုင္းမွာ လံုေလာက္မႈရိွခ်င္မွ ရိွပါလိမ့္မယ္။ မႏွစ္က GAP စနစ္နဲ႔ ပထမ ဧက သံုးေထာင္၊ ေနာက္ (၂၂၀၀၀)၊ ဒီႏွစ္ ဧက (၅၀၀၀၀)အထိ ရည္မွန္းလုပ္ေဆာင္လွ်က္ရိွပါ တယ္။ ေတာင္သူမ်ားအတြက္ မ်ိဳးလိုအပ္ခ်က္အေပၚ ျဖည့္ဆည္းေပးႏိုင္ဖို႔ တိုင္းေတာင္သူအဖဲြ႔က မ်ိဳးသန္႔ ပြား စိုက္ဖို႔ရည္ရြယ္ၿပီး စိုက္ပ်ိဳးေရးတိုင္းဦးစီးမွဴးနဲ႔ ခ်ိတ္ဆက္အကူအညီေတာင္းခံခဲ့တာေၾကာင့္ ဒီေန႔ စမံုႏွမ္းနက္မ်ိဳး (၂၈)တင္းခဲြ ကို အခမဲ့ ေထာက္ပံ့ေပးတာျဖစ္ပါတယ္”ဟု မေကြးၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ဦးစီးအရာရိွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးခိုင္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွျဖန္႔ေဝေပးထားသည့္ႏွမ္းမ်ိဳးသန္႔မ်ားမွာ ၿမိဳင္ၿမိဳ႕နယ္မွ အက်ိဳးေဆာင္ေတာင္သူမ်ားက ထုတ္လုပ္ခဲ့သည့္ မ်ိဳးသန္႔မ်ားျဖစ္ၿပီး ယခုႏွစ္တြင္ မ်ိဳးသန္႔ထပ္မံပြားရန္အတြက္ ေက်းရြာ(၇)ရြာမွ အက်ိဳးေဆာင္ေတာင္သူ (၃၈)ဦးအား ျဖန္႔ေဝေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“စမံုနက္ႏွမ္းမ်ိဳးက ေစ်းျမင့္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ထြက္ႏွဳန္းက်ဆင္းခဲ့လို႔ မ်ိဳးဝယ္ယူရရိွဖို႔ ခက္ခဲတာေၾကာင့္ စိုက္ပ်ိဳးေရး တိုင္းဦးစီးမွဴးနဲ႔ ခ်ိတ္ဆက္ၿပီး အကူအညီေတာင္းခံခဲ့တာပါ။ ရရိွတဲ့မ်ိဳးေတြကို ေရြးခ်ယ္ထားတဲ့ ေက်းရြာ (၇)ရြာက (၁၅၂)ဧကမွာ  မ်ိဳးသန္႔ပြားမွာျဖစ္ပါတယ္။ (၁)ဧကကို (၃)ျပည္ႏွဳန္းနဲ႔ အက်ိဳးေဆာင္ ေတာင္သူေတြကို  မ်ိဳးေခ်းေပးမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔အဖဲြ႔က ႏွစ္စဥ္ ေတာင္သူေတြရဲ႕ မ်ိဳးလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ဖို႔အတြက္ မ်ိဳးအရင္း ျဖစ္တဲ့ (၃)ျပည္ကိုေတာ့ ကၽြန္ေတာ္တို႔ဆီကို ျပန္သြင္းေစမွာပါ” ဟု မေကြးတိုင္း ေတာင္သူအဖဲြ႔မွ ဒု ဥကၠဌ ဦးျမင့္ေရႊ က ေျပာသည္။

အဆိုပါ ႏွမ္းမ်ိဳးမ်ားအား စိုက္ပ်ိဳးေရးဦးစီးဌာန၏ GAP လုပ္ငန္းစဥ္တစ္ေလွ်ာက္ စိုက္နည္းစနစ္ ညႊန္ၾကား ခ်က္မ်ားအတိုင္း လိုက္နာေဆာင္ရြက္ႏိုင္မည့္ အက်ိဳးေဆာင္ေတာင္သူမ်ားအား ရြာအလိုက္ေရြးခ်ယ္ ေပး ေဝျခင္းျဖစ္ၿပီး မေကြးၿမိဳ႕နယ္အတြင္းရိွ ေက်းရြာမ်ားျဖစ္သည့္ လိပ္ကန္း၊ ရြာသစ္ႀကီး၊ ေညာင္ပင္ရြာ၊  ကုန္း ႀကီးရြာ၊ ဖိုေလးလံုး၊ သစ္ရာေကာက္၊ ေညာင္ပင္သာရြာ မ်ားမွ အက်ိဳးေဆာင္ေတာင္သူ(၃၈)ဦးကို ေပးေဝ သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးဦးစီးဌာနက မျိုးသန့်ဖြန့်ဝေခြင်းအား ဘတ်ဂျက်အကန့်အသတ်အရ လုံလောက်စွာ မထောက်ပံ့နိုင်သေး
***********
မကွေးတိုင်းအတွင်း GAP စနစ်ဖြင့်စိုက်ပျိုးမည့်တောင်သူများအား မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနက မျိုးသန့်ဖြန့်ဝေပေးနေသော်လည်း ဘတ်ဂျက်အကန့်အသတ်ကြောင့် လုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနက စမုံနက်နှမ်းမျိုးသန့် (၂၈)တင်းခွဲကို ၂၀၁၉ ခုနှစ်၊ဧပြီလ (၂၃)ရက်နေ့က
နှမ်းမျိုးသန့်ပွားစိုက်ပျိုးမည့် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ (၇)ရွာမှ အကျိုးပြုတောင်သူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

“တိုင်းဒေသကြီးအစိုးရက ခွင့်ပြုတဲ့ဘဏ္ဍာရန်ပုံငွေထဲကနေ မျိုးသန့်ပွားများရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဌာနကမျိုးသန့်ပွားများရေးလုပ်ငန်းမှာ စပါး၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်းနဲ့ နေကြာမျိုးတွေ ပါပါတယ်။ ဘတ်ဂျက်အကန့်အသတ်နဲ့ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးတဲ့နေရာမှာ သီးနှံအမျိုးများ တာကြောင့် ဖြန့်ဖြူးတဲ့အပိုင်းမှာ လုံလောက်မှုရှိချင်မှ ရှိပါလိမ့်မယ်။ မနှစ်က GAP စနစ်နဲ့ ပထမ ဧက သုံးထောင်၊ နောက် (၂၂၀၀၀)၊ ဒီနှစ် ဧက (၅၀၀၀၀)အထိ ရည်မှန်းလုပ်ဆောင်လျှက်ရှိပါ တယ်။ တောင်သူများအတွက် မျိုးလိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးနိုင်ဖို့ တိုင်းတောင်သူအဖွဲ့က မျိုးသန့် ပွား စိုက်ဖို့ရည်ရွယ်ပြီး စိုက်ပျိုးရေးတိုင်းဦးစီးမှူးနဲ့ ချိတ်ဆက်အကူအညီတောင်းခံခဲ့တာကြောင့် ဒီနေ့ စမုံနှမ်းနက်မျိုး (၂၈)တင်းခွဲ ကို အခမဲ့ ထောက်ပံ့ပေးတာဖြစ်ပါတယ်”ဟု မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိဖြန့်ဝေပေးထားသည့်နှမ်းမျိုးသန့်များမှာ မြိုင်မြို့နယ်မှ အကျိုးဆောင်တောင်သူများက ထုတ်လုပ်ခဲ့သည့် မျိုးသန့်များဖြစ်ပြီး ယခုနှစ်တွင် မျိုးသန့်ထပ်မံပွားရန်အတွက် ကျေးရွာ(၇)ရွာမှ အကျိုးဆောင်တောင်သူ (၃၈)ဦးအား ဖြန့်ဝေပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“စမုံနက်နှမ်းမျိုးက ဈေးမြင့်ပြီး ပြီးခဲ့တဲ့နှစ်က ထွက်နှုန်းကျဆင်းခဲ့လို့ မျိုးဝယ်ယူရရှိဖို့ ခက်ခဲတာကြောင့် စိုက်ပျိုးရေး တိုင်းဦးစီးမှူးနဲ့ ချိတ်ဆက်ပြီး အကူအညီတောင်းခံခဲ့တာပါ။ ရရှိတဲ့မျိုးတွေကို ရွေးချယ်ထားတဲ့ ကျေးရွာ (၇)ရွာက (၁၅၂)ဧကမှာ  မျိုးသန့်ပွားမှာဖြစ်ပါတယ်။ (၁)ဧကကို (၃)ပြည်နှုန်းနဲ့ အကျိုးဆောင် တောင်သူတွေကို  မျိုးချေးပေးမှာဖြစ်ပြီး ကျွန်တော်တို့အဖွဲ့က နှစ်စဉ် တောင်သူတွေရဲ့ မျိုးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မျိုးအရင်း ဖြစ်တဲ့ (၃)ပြည်ကိုတော့ ကျွန်တော်တို့ဆီကို ပြန်သွင်းစေမှာပါ” ဟု မကွေးတိုင်း တောင်သူအဖွဲ့မှ ဒု ဥက္ကဌ ဦးမြင့်ရွှေ က ပြောသည်။

အဆိုပါ နှမ်းမျိုးများအား စိုက်ပျိုးရေးဦးစီးဌာန၏ GAP လုပ်ငန်းစဉ်တစ်လျှောက် စိုက်နည်းစနစ် ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်မည့် အကျိုးဆောင်တောင်သူများအား ရွာအလိုက်ရွေးချယ် ပေး ဝေခြင်းဖြစ်ပြီး မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် လိပ်ကန်း၊ ရွာသစ်ကြီး၊ ညောင်ပင်ရွာ၊  ကုန်း ကြီးရွာ၊ ဖိုလေးလုံး၊ သစ်ရာကောက်၊ ညောင်ပင်သာရွာ များမှ အကျိုးဆောင်တောင်သူ(၃၈)ဦးကို ပေးဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net