တရုတ္နုိင္ငံတြင္ အာဖရိကဝက္အျပင္းဖ်ားေရာဂါ ႏုိင္ငံအေနာက္ေျမာက္ပိုင္းအထိ ပ်ံ႕ႏွံ႕လာ၍ ဝက္ႏွင့္အျခားတိရစၦာန္ေသဆံုးမႈမ်ားျဖစ္ပြားေန

တရုတ္နုိင္ငံတြင္ အာဖရိကဝက္အျပင္းဖ်ားေရာဂါ ႏုိင္ငံအေနာက္ေျမာက္ပိုင္းအထိ ပ်ံ႕ႏွံ႕လာ၍ ဝက္ႏွင့္အျခားတိရစၦာန္ေသဆံုးမႈမ်ားျဖစ္ပြားေန
ဧပြီ 9, 2019
By 🌸
ျမန္မာႏွင့္အိမ္နီးခ်င္း တရုတ္နုိင္ငံတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လကတည္းက စတင္ေနသည့္ ဝက္အျပင္းဖ်ားေရာဂါမွာ ရွင္က်န္းေဒသတြင္ လက္ရိွပ်ံ႕ႏွံ႕လာသျဖင့္ ကမၻာတြင္ အဆိုပါေရာဂါပ်ံ႕ႏွံ႕ျဖစ္ပြားမႈအျမင့္ဆံုးႏုိင္ငံျဖစ္လာေနေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၈)ရက္ေန႔တြင္ တရုတ္ႏုိင္ငံက သတင္းထုတ္ျပန္ေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံ အေနာက္ေျမာက္ပိုင္းျပည္နယ္ျဖစ္သည့္ ရွင္က်န္းေဒသတြင္ အာဖရိကဝက္အျပင္းဖ်ားေရာဂါေၾကာင့္ ဝက္အေကာင္ေရ (၃၄၁)ေကာင္ႏွင့္ အျခားတိရစၦာန္ (၃၉)ေကာင္ ေသဆံုးခဲ့ေၾကာင္း တရုတ္စိုက္ပ်ိဳးေရးနွင့္ ေက်းလက္ေဒသဆုိင္ရာဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

အာဖရိကဝက္အျပင္းဖ်ားေရာဂါေၾကာင့္ တရုတ္ႏုိင္ငံ ယူနန္ျပည္နယ္၊ ႏုိင္ငံအေရွ႕ေျမာက္ပိုင္းေဒသ၊ အလယ္ပိုင္းေဒသႏွင့္ အေရွ႕ပိုင္းေဒသတို႔တြင္ ဝက္ေကာင္ေရ (၁၀)သိန္းေက်ာ္အား သုတ္သင္ရွင္းလင္းခဲ့ၿပီး လက္ရိွတြင္ အေနာက္ေျမာက္ပိုင္းေဒသထိ ပ်ံ႕ႏွံ႕လာျခင္းျဖစ္ေၾကာင္း သိရသည္။

အာဖရိက ၀က္အျပင္းဖ်ားေရာဂါသည္ တရုတ္ႏိုင္ငံတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လကတည္းက စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မြန္ဂိုးလီးယား၊ ဗီယက္နမ္ႏိုင္ငံမ်ားအထိ ပ်ံ႕ႏွံ႕ေနသျဖင့္ ဝက္သား၊ ေအးခဲဝက္သား၊ ဝက္ေပါင္ေျခာက္၊ ဝက္အူေခ်ာင္းႏွင့္ ဝက္သားျဖင့္ထုတ္လုပ္သည့္ပစၥည္းမ်ားကို ျမန္မာႏိုင္ငံတြင္းသို႔ နယ္စပ္ဝင္ေပါက္၊ ေလဆိပ္၊ ေရဆိပ္မ်ားမွ တင္သြင္းျခင္းအား ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၂) ရက္ေန႔ကတည္းက ပိတ္ပင္ထားကာ ႏုိင္ငံတြင္းမွ ဝက္ေမြးျမဴေရးလုပ္ငန္းမ်ား ဇီဝလံုၿခံဳေရးျမႇင့္တင္ေရးကိုလည္း သက္ဆုိင္ရာဌာနမ်ားႏွင့္ ေမြးျမဴေရးလုပ္ငန္းရွင္မ်ား ပူးေပါင္းလုပ္ေဆာင္ၾကရန္ တုိက္တြန္းထားျခင္းျဖစ္သည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တရုတ်နိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ နိုင်ငံအနောက်မြောက်ပိုင်းအထိ ပျံ့နှံ့လာ၍ ဝက်နှင့်အခြားတိရစ္ဆာန်သေဆုံးမှုများဖြစ်ပွားနေ
***********
မြန်မာနှင့်အိမ်နီးချင်း တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လကတည်းက စတင်နေသည့် ဝက်အပြင်းဖျားရောဂါမှာ ရှင်ကျန်းဒေသတွင် လက်ရှိပျံ့နှံ့လာသဖြင့် ကမ္ဘာတွင် အဆိုပါရောဂါပျံ့နှံ့ဖြစ်ပွားမှုအမြင့်ဆုံးနိုင်ငံဖြစ်လာနေကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် တရုတ်နိုင်ငံက သတင်းထုတ်ပြန်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ်ဖြစ်သည့် ရှင်ကျန်းဒေသတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ (၃၄၁)ကောင်နှင့် အခြားတိရစ္ဆာန် (၃၉)ကောင် သေဆုံးခဲ့ကြောင်း တရုတ်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ နိုင်ငံအရှေ့မြောက်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသတို့တွင် ဝက်ကောင်ရေ (၁၀)သိန်းကျော်အား သုတ်သင်ရှင်းလင်းခဲ့ပြီး လက်ရှိတွင် အနောက်မြောက်ပိုင်းဒေသထိ ပျံ့နှံ့လာခြင်းဖြစ်ကြောင်း သိရသည်။

အာဖရိက ဝက်အပြင်းဖျားရောဂါသည် တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်ဂိုးလီးယား၊ ဗီယက်နမ်နိုင်ငံများအထိ ပျံ့နှံ့နေသဖြင့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် ဝက်သားဖြင့်ထုတ်လုပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဝင်ပေါက်၊ လေဆိပ်၊ ရေဆိပ်များမှ တင်သွင်းခြင်းအား ၂၀၁၉ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ကတည်းက ပိတ်ပင်ထားကာ နိုင်ငံတွင်းမှ ဝက်မွေးမြူရေးလုပ်ငန်းများ ဇီဝလုံခြုံရေးမြှင့်တင်ရေးကိုလည်း သက်ဆိုင်ရာဌာနများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net