တာချီလိတ်ခရိုင် တာလေမြို့ အထွက်တွင် မော်တော်ယာဉ် တိမ်းမှောက်ရာက (၁)ဦးသေဆုံးကာ (၁၂)ဦး ဒဏ်ရာရ

တာချီလိတ်ခရိုင် တာလေမြို့ အထွက်တွင် မော်တော်ယာဉ် တိမ်းမှောက်ရာက (၁)ဦးသေဆုံးကာ (၁၂)ဦး ဒဏ်ရာရ
ဧပွီ 14, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုရှိ ရန်ကင်းဆီပန့်အနီးတွင် သင်္ကြန်လည်သည့် မော်တော်ယာဉ်တစ်စင်း တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။



ယာဉ်ပေါ်တွင် ပါဝင်သူများမှာ တာလေမြို့နှင့်ကျိုင်းလပ်မြို့တွင် နေထိုင်သူများဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူသည် ကျိုင်းလပ်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများအား တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစုမှ တာချီလိတ်မြို့ရှိ မေတ္တာရှင်လူမှုကူညီရေးအသင်းနှင့် ချိတ်ဆက်ကာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး မော်တော်ယာဉ်မောင်း စန်းဝင်းအား ဖမ်းဆီးထားကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ -  တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စုရှိ ရန်ကင်းဆီပန့်အနီးတွင် သင်္ကြန်လည်သည့် မော်တော်ယာဉ်တစ်စင်း တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ကျိုင်းတုံ - တာချီလိတ်ကားလမ်းတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်က သင်္ကြန်လည်သူ (၁၈)ဦး လိုက်ပါလာသည့် TOYOTA ACE အမျိုးအစားမော်တော်ယာဉ်ကို မော်တော်ယာဉ်မောင်း စန်းဝင်းမောင်းနှင်လာပြီး တာလေဘက်မှ တာချီလိတ်ဘက်သို့ လာရောက်စဉ် မော်တော်ယာဉ်တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် အသက်(၂၅)နှစ်ရှိ ကျော်စိန်ဆိုသူမှာ နားသွေးထွက်ဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားပြီး ဒဏ်ရာရသူ (၁၂)ဦးအနက် အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်သွားကြောင်း သိရသည်။

ယာဉ်ပေါ်တွင် ပါဝင်သူများမှာ တာလမြေို့နှင့်ကျိုင်းလပ်မြို့တွင် နေထိုင်သူများဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူသည် ကျိုင်းလပ်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများအား တာလမြေို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစုမှ တာချီလိတ်မြို့ရှိ မေတ္တာရှင်လူမှုကူညီရေးအသင်းနှင့် ချိတ်ဆက်ကာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး မော်တော်ယာဉ်မောင်း စန်းဝင်းအား ဖမ်းဆီးထားကြောင်း သိရသည်။

မော်တော်ယာဉ်မောင်း စန်းဝင်းအား တာလေနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄ - က ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - တာလမြေို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net