တာခ်ီလိတ္သႀကၤန္ အၾကတ္ေန႔ ည(၈)နာရီတြင္ ဗဟိုမ႑ပ္၌ ခြပ္ေဒါင္းအားမာန္သံခ်ပ္အဖြဲ႕က သံခ်ပ္ထိုးမည္

တာခ်ီလိတ္သႀကၤန္ အၾကတ္ေန႔ ည(၈)နာရီတြင္ ဗဟိုမ႑ပ္၌ ခြပ္ေဒါင္းအားမာန္သံခ်ပ္အဖြဲ႕က သံခ်ပ္ထိုးမည္
ဧပြီ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၏ ပထမဆံုး သႀကၤန္သံခ်ပ္ကို ဗဟိုမ႑ပ္တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅) ရက္ေန႔ ည (၈)နာရီ၌ ခြပ္ေဒါင္းအားမာန္သံခ်ပ္အဖြဲ႕က ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း သိရသည္။

အဖြဲ႕ဝင္ (၁၇) ဦးပါသည့္ ခြပ္ေဒါင္းအားမာန္သံခ်ပ္အဖြဲ႕က ႏွစ္ေပါင္း (၂၀) ေက်ာ္ေပ်ာက္ကြယ္ေနသည့္ သံခ်ပ္ကို ျပန္လည္ေဖာ္ထုတ္ရန္ ရည္ရြယ္က်င္းပျခင္းျဖစ္ၿပီး ေနာက္ႏွစ္မ်ားတြင္ သံခ်ပ္အဖြဲ႕မ်ားေပၚေပါက္ကာ ၿပိုင္ပြဲမ်ား က်င္းပျပဳလုပ္ႏိုင္ရန္ ရည္ရြယ္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သံခ်ပ္အဖြဲ႕သည္ သႀကၤန္အက်ေန႔မွစ၍ တာခ်ီလိတ္ၿမိဳ႕ ေဆးရံုေဟာင္းေရွ႕ရွိ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔မ႑ပ္အပါအဝင္ အျခားမ႑ပ္မ်ားတြင္ လွည့္လည္ေဖ်ာ္ေျဖျခင္းႏွင့္ ၿမိဳ႕တြင္းလွည့္လည္ေဖ်ာ္ေျဖမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္။

သံခ်ပ္အဖြဲ႕က ႏွစ္ဆန္းတစ္ရက္ေန႔ ညေနတြင္ တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုဘုရား၌ သနပ္ခါးနံ႔သာေသြးျခင္း၊ ပူေဇာ္မည္ျဖစ္သျဖင့္ ပါဝင္လွဴဒါန္းလုိသူမည္သူမဆို လာေရာက္ပါဝင္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ ေက်ာ္မင္း


~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ ပထမဆုံး သင်္ကြန်သံချပ်ကို ဗဟိုမဏ္ဍပ်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့ ည (၈)နာရီ၌ ခွပ်ဒေါင်းအားမာန်သံချပ်အဖွဲ့က ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

အဖွဲ့ဝင် (၁၇) ဦးပါသည့် ခွပ်ဒေါင်းအားမာန်သံချပ်အဖွဲ့က နှစ်ပေါင်း (၂၀) ကျော်ပျောက်ကွယ်နေသည့် သံချပ်ကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နောက်နှစ်များတွင် သံချပ်အဖွဲ့များပေါ်ပေါက်ကာ ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သံချပ်အဖွဲ့သည် သင်္ကြန်အကျနေ့မှစ၍ တာချီလိတ်မြို့ ဆေးရုံဟောင်းရှေ့ရှိ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မဏ္ဍပ်အပါအဝင် အခြားမဏ္ဍပ်များတွင် လှည့်လည်ဖျော်ဖြခြေင်းနှင့် မြို့တွင်းလှည့်လည်ဖျော်ဖြေမှုများ လုပ်ဆောင်နခြေင်းဖြစ်သည်။

သံချပ်အဖွဲ့က နှစ်ဆန်းတစ်ရက်နေ့ ညနေတွင် တာချီလိတ်မြို့ ရွှေတိဂုံဘုရား၌ သနပ်ခါးနံ့သာသွေးခြင်း၊ ပူဇော်မည်ဖြစ်သဖြင့် ပါဝင်လှူဒါန်းလိုသူမည်သူမဆို လာရောက်ပါဝင်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အောင် ကျော်မင်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net