သႀကၤန္အၾကတ္ေန႔တြင္ မိုင္းဆတ္ၿမိဳ႕ရွိ ဆိုက္ေခါင္ေခ်ာင္းအတြင္း လာေရာက္လည္ပတ္သူ မ်ားျပား

သႀကၤန္အၾကတ္ေန႔တြင္ မိုင္းဆတ္ၿမိဳ႕ရွိ ဆိုက္ေခါင္ေခ်ာင္းအတြင္း လာေရာက္လည္ပတ္သူ မ်ားျပား
ဧပြီ 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕၊ ၀ိုင္းေနရပ္ကြက္အတြင္းရွိ ဆိုက္ေခါင္ေခ်ာင္းအတြင္း သႀကၤန္အၾကတ္ေန႔ျဖစ္သည့္ဘ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၅)ရက္ေန႔ ေန႔လည္ပိုင္းက လာေရာက္လည္ပတ္သူမ်ား၊ ေရကစားသူမ်ားႏွင့္ အနားယူ သူမ်ားျဖင့္ စည္ကားလ်က္ရိွသည္ကို ေတြ႔ရသည္။

“ကၽြန္ေတာ္တို႔ မနက္ပိုင္း ၿမိဳ႕ေပၚမွာရိွတဲ့ ေရကစားမ႑ပ္ေတြမွာ သြားေရာက္ေရကစားၿပီး ေနလယ္ပိုင္း ဒီဆိုက္ေခါင္ေခ်ာင္းမွာ လာအနားယူတာပါ၊ ညေနပိုင္းၾကရင္ ၿမိဳ႕ထဲကမ႑ပ္ေတြသြားၿပီး ေရကစားဦးမွာပါ ” ဟု ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါ ဆိုက္ေခါင္ေခ်ာင္းအတြင္း ျပည္သူမ်ား လာေရာက္ အပန္းေျဖႏုိင္ေရး၊ ေရကစားႏိုင္ေရး ႏွင့္ ခိုက္ရန္ျဖစ္ပြားမႈ မရိွေစေရးအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔ႏွင့္ တပ္မေတာ္သားမ်ားက လံုၿခံဳေရး ေဆာင္ရြက္ေပးလ်က္ရိွ ေၾကာင္းသိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ ဝိုင်းနေရပ်ကွက်အတွင်းရှိ ဆိုက်ခေါင်ချောင်းအတွင်း သင်္ကြန်အကြတ်နေ့ဖြစ်သည့်ဘ ၂၀၁၉ခုနှစ် ဧပြီလ(၁၅)ရက်နေ့ နေ့လည်ပိုင်းက လာရောက်လည်ပတ်သူများ၊ ရေကစားသူများနှင့် အနားယူ သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

“ကျွန်တော်တို့ မနက်ပိုင်း မြို့ပေါ်မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေမှာ သွားရောက်ရေကစားပြီး နေလယ်ပိုင်း ဒီဆိုက်ခေါင်ချောင်းမှာ လာအနားယူတာပါ၊ ညနေပိုင်းကြရင် မြို့ထဲကမဏ္ဍပ်တွေသွားပြီး ရေကစားဦးမှာပါ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဆိုက်ခေါင်ချောင်းအတွင်း ပြည်သူများ လာရောက် အပန်းဖြေနိုင်ရေး၊ ရေကစားနိုင်ရေး နှင့် ခိုက်ရန်ဖြစ်ပွားမှု မရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများက လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net