ငဖဲၿမိဳ႕နယ္ လိုင္ေက်းရြာအနီးတြင္ ေတာမီးေလာင္မႈေၾကာင့္ ၀ိုင္း၀န္းၿငႇိမ္းသတ္ရာမွ အမ်ဳိးသား(၃)ဦး မီးေလာင္ေသဆံုး

ငဖဲၿမိဳ႕နယ္ လိုင္ေက်းရြာအနီးတြင္ ေတာမီးေလာင္မႈေၾကာင့္ ၀ိုင္း၀န္းၿငႇိမ္းသတ္ရာမွ အမ်ဳိးသား(၃)ဦး မီးေလာင္ေသဆံုး
ဧပြီ 14, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္ရိွ ေတာင္ေပၚေက်းရြာျဖစ္သည့္ လိုင္ေက်းရြာအနီးတြင္ ေတာမီးေလာင္ေနသျဖင့္ ေက်းရြာသို႔ ကူးစက္လာျခင္း မရိွေစရန္ ေဒသခံမ်ား ဝိုင္းဝန္းၿငိႇမ္းသတ္ၾကရာမွ မီးေလာင္ခံရသျဖင့္ (၃)ဦးေသဆံုးကာ (၁)ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္ရိွ ေတာင္ေပၚေက်းရြာျဖစ္သည့္ လိုင္ေက်းရြာအနီးတြင္ ေတာမီးေလာင္ေနသျဖင့္ ေက်းရြာသို႔ ကူးစက္လာျခင္း မရိွေစရန္ ေဒသခံမ်ား ဝိုင္းဝန္းၿငိႇမ္းသတ္ၾကရာမွ မီးေလာင္ခံရသျဖင့္ (၃)ဦးေသဆံုးကာ (၁)ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

လိုင္ေက်းရြာ၏ အေနာက္ေျမာက္ဘက္ (၂)မုိင္ခန္႔အကြာတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ(၁၃)ရက္ မြန္းလဲြပိုင္း ကေတာမီးေလာင္ေနရာ ေက်းရြာသို႔ကူးစက္လာႏုိင္သျဖင့္ ေဒသခံမ်ား ဝိုင္းဝန္းၿငိႇမ္းသတ္ေနၾကစဥ္ ေလျပင္းတိုက္ခတ္လာသျဖင့္ ထြက္ေျပးၾကရာတြင္ အသက္(၆၆)ႏွစ္ အရြယ္ ဦးေမာင္၊ အသက္(၃၅)ႏွစ္အရြယ္ ကိုမံုစိန္၊ အသက္(၂၀)ႏွစ္အရြယ္ရိွ ကိုဟန္သိန္းတို႔(၃)ဦး မွာ ေနရာတြင္ မီးေလာင္ေသဆံုးၿပီး ကိုပိန္းဆိုသူမွာ မီးေလာင္ျပင္မွ ထြက္ေျပးလြတ္ေျမာက္လာခဲ့ေသာ္လည္း ေျခ ႏွင့္ လက္တို႔တြင္ မီးေလာင္ဒဏ္ရာမ်ား ျပင္းထန္စြာရရိွသြားေၾကာင္း သိရသည္။

“ရြာကို ကူးစက္လာႏိုင္လို႔ ကၽြန္ေတာ္တို႔ဝိုင္းဝန္းၿငိႇမ္းသတ္ၾကတုန္း ေလေတြတိုက္လာတာေၾကာင့္ မီးက ပိုမ်ား လာတယ္။ ဒါနဲ႔ မႏိုင္ေတာ့ဘူးဆိုၿပီး ထြက္ေျပးၾကတာမွာ ကၽြန္ေတာ္က လြတ္ေျမာက္လာခဲ့ေပမဲ့ ေျခေထာက္နဲ႔ လက္ေတြမွာ မီးေလာင္ခံရပါတယ္။ ဦးေမာင္ နဲ႔ (၂)ဦးကေတာ့ မီးေလာင္ေသဆံုးသြားၿပီလို႔ သိရပါတယ္”ဟု မီးေလာင္ျပင္မွ လြတ္ေျမာက္လာသူ ကိုပိန္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

​ေတာမီး​ေလာင္​သည္​့​ေနရာသို႔ မီးသတ္​ယာဥ္​မ်ား သြားလာမရ​ေအာင္​ လမ္​းပန္​း ဆက္​သြယ္​မႈခက္​ခဲသည္​့​ေနျခင္းေၾကာင့္ ယခုလို ေတာမီး​ေလာင္​ပါကေဒသခံမ်ားမွာ မိမိတို႔အင္​အားျဖင္​့ မီးၿငႇိမ္းသတ္​ၾကရ​ေလ့ရိွ​ေၾကာင္​း ​ေဒသခံတစ္​ဦး၏ ​ေျပာၾကားခ်က္​အရ သိရသည္​။

မီးေလာင္ဒဏ္ရာမ်ားရရိွသြားသည့္ ကိုပိန္း မွာ ပဒါန္းေဆးရံုတြင္ ေဆးကုသမႈခံယူေနရေၾကာင္းသိရၿပီး ေတာမီး ေလာင္ရာသို႔ ေနာင္ေက်းရြာ၊ ဂုတ္ႀကီးေက်းရြာႏွင့္ ပစီေက်းရြာတို႔မွ ေက်းရြာသူ ေက်းရြာသားမ်ား သြားေရာက္၍ ဝိုင္းဝန္းၿငိႇမ္းသတ္လွ်က္ရိွသျဖင့္ မီးထိန္းႏိုင္ၿပီျဖစ္ေသာ္လည္း လံုးဝ ျငိမ္းသြားျခင္းမရိွေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

 သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ တောင်ပေါ်ကျေးရွာဖြစ်သည့် လိုင်ကျေးရွာအနီးတွင် တောမီးလောင်နေသဖြင့် ကျေးရွာသို့ ကူးစက်လာခြင်း မရှိစေရန် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ကြရာမှ မီးလောင်ခံရသဖြင့် (၃)ဦးသေဆုံးကာ (၁)ဦးဒဏ်ရာရသွားကြောင်း သိရသည်။

လိုင်ကျေးရွာ၏ အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁၃)ရက် မွန်းလွဲပိုင်း က တောမီးလောင်နေရာ ကျေးရွာသို့ကူးစက်လာနိုင်သဖြင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်နကြေစဉ် လပြေင်းတိုက်ခတ်လာသဖြင့် ထွက်ပြေးကြရာတွင် အသက်(၆၆)နှစ် အရွယ် ဦးမောင်၊ အသက်(၃၅)နှစ်အရွယ် ကိုမုံစိန်၊ အသက်(၂၀)နှစ်အရွယ်ရှိ ကိုဟန်သိန်းတို့(၃)ဦး မှာ နေရာတွင် မီးလောင်သေဆုံးပြီး ကိုပိန်းဆိုသူမှာ မီးလောင်ပြင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ခြေ နှင့် လက်တို့တွင် မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိသွားကြောင်း သိရသည်။

“ရွာကို ကူးစက်လာနိုင်လို့ ကျွန်တော်တို့ဝိုင်းဝန်းငြှိမ်းသတ်ကြတုန်း လေတွေတိုက်လာတာကြောင့် မီးက ပိုများ လာတယ်။ ဒါနဲ့ မနိုင်တော့ဘူးဆိုပြီး ထွက်ပြေးကြတာမှာ ကျွန်တော်က လွတ်မြောက်လာခဲ့ပေမဲ့ ခြေထောက်နဲ့ လက်တွေမှာ မီးလောင်ခံရပါတယ်။ ဦးမောင် နဲ့ (၂)ဦးကတော့ မီးလောင်သေဆုံးသွားပြီလို့ သိရပါတယ်”ဟု မီးလောင်ပြင်မှ လွတ်မြောက်လာသူ ကိုပိန်း က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

​တောမီး​လောင်​သည်​့​နေရာသို့ မီးသတ်​ယာဉ်​များ သွားလာမရ​အောင်​ လမ်​းပန်​း ဆက်​သွယ်​မှုခက်​ခဲသည်​့​နခြေင်းကြောင့် ယခုလို တောမီး​လောင်​ပါကဒေသခံများမှာ မိမိတို့အင်​အားဖြင်​့ မီးငြှိမ်းသတ်​ကြရ​လေ့ရှိ​ကြောင်​း ​ဒေသခံတစ်​ဦး၏ ​ပြောကြားချက်​အရ သိရသည်​။

မီးလောင်ဒဏ်ရာများရရှိသွားသည့် ကိုပိန်း မှာ ပဒါန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းသိရပြီး တောမီး လောင်ရာသို့ နောင်ကျေးရွာ၊ ဂုတ်ကြီးကျေးရွာနှင့် ပစီကျေးရွာတို့မှ ကျေးရွာသူ ကျေးရွာသားများ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်လျှက်ရှိသဖြင့် မီးထိန်းနိုင်ပြီဖြစ်သော်လည်း လုံးဝ ငြိမ်းသွားခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

 သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net