ကျိုင်းတုံသင်္ကြန်ကာလအတွင်း စိတ်ပြောင်းဆေးဝါးနှင့်လိင်စိတ်ကြွဆေးများ ရောင်းချမှုမရှိစေရေး ပူးပေါင်းစစ်ဆေး
ကျိုင်းတုံသင်္ကြန်ကာလအတွင်း စိတ်ပြောင်းဆေးဝါးနှင့်လိင်စိတ်ကြွဆေးများ ရောင်းချမှုမရှိစေရေး ပူးပေါင်းစစ်ဆေး
ဧပွီ 12, 2019
By Tachileik News Agency
စစ်ဆေးမှုကို နံနက် (၁၀) နာရီက စတင်ခဲ့ပြီး မူးယစ်တပ်ဖွဲ့စု (၂၈) ကျိုင်းတုံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ကျန်းမာရေး၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးဆိုင်များ၊ ကွမ်းယာဆိုင်များနှင့် အများပြည်သူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် သင်္ကြန်ကာလအတွင်း စိတ်ပြောင်းဆေးဝါးများနှင့် လိင်စိတ်ကြွဆေးများ ရောင်းချမှုမရှိစေရေးနှင့် အသိပညာပေးမှုများကို ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ (၁၂) ရက်နေ့ နံနက်က စစ်ဆေးခဲ့ကြောင်း သိရသည်။
"အဓိက က မူးယစ်ကပေါ့။ သင်္ကြန်တွင်းမှာ မူးယစ်ဆေးတွေနဲ့ လိင်စိတ်ကြွဆေးတွေရောင်းချမှုမဖြစ်အောင်ပေါ့။ ဖျော်ဆေးတွေ၊ သောက်ဆေးတွေ၊ အမှုန့်လည်းရှိတယ်။ အခဲလည်းရှိတာပေါ့။ ရောင်းချမှု ရှိ၊ မရှိပေါ့။ စစ်တာတော့မတွေ့ဘူး။ တွေ့ရင်သတင်းပေးတိုင်ကြားနိုင်တဲ့အကြောင်း လက်ကမ်းစာစောင်တွေဝတာ။ ကျိုင်းတုံမြို့မဈေးထဲကဆေးဆိုင်တွေရယ်။ ဈေးနားကကွမ်းယာဆိုင်တွေရယ်။ ကွင်းဆင်းစစ်ဆေးအသိပညာပေးတာပေါ့"ဟု ကျိုင်းတုံစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးသန့်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
စစ်ဆေးမှုကို နံနက် (၁၀) နာရီက စတင်ခဲ့ပြီး မူးယစ်တပ်ဖွဲ့စု (၂၈) ကျိုင်းတုံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ကျန်းမာရေး၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးဆိုင်များ၊ ကွမ်းယာဆိုင်များနှင့် အများပြည်သူများကို လက်ကမ်းစာစောင်များ ဖြန့်ဝခြေင်းနှင့် အသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - စားသုံးသူရေးရာ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net