မီးၾကြင္းမီးက်န္မွ တစ္ဆင့္ မီးကူးစက္ေလာင္ကြ်မ္းမႈေၾကာင့္ မေကြးၿမိဳ႕နယ္ ႀကိဳ႕ပင္အင္းေက်ရြာတြင္ ေနအိမ္(၃၂)လံုး မီးေလာင္မႈျဖစ္ပြားကာ (၁၁၅)ဦး မီးေဘးသင့္လ

မီးၾကြင္းမီးက်န္မွ တစ္ဆင့္ မီးကူးစက္ေလာင္ကြ်မ္းမႈေၾကာင့္ မေကြးၿမိဳ႕နယ္ ႀကိဳ႕ပင္အင္းေက်ရြာတြင္ ေနအိမ္(၃၂)လံုး မီးေလာင္မႈျဖစ္ပြားကာ (၁၁၅)ဦး မီးေဘးသင့္လ
ဧပြီ 14, 2019
By Tachileik News Agency

မီးၾကြင္းမီးက်န္မွ တစ္ဆင့္ မီးကူးစက္ေလာင္ကၽြမ္းမႈျဖစ္ပြား၍ မေကြးၿမိဳ႕နယ္ ၾကာကန္ေက်းရြာအုပ္စု ႀကိဳ႕ပင္အင္းေက်းရြာတြင္ သြပ္မိုးထရံကာ ပ်ဥ္ခင္း ေနအိမ္(၃၂)လံုး မီးေလာင္ကြ်မ္းမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်းရြာတြင္ သႀကၤန္အႀကိဳေန႔ျဖစ္သည့္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၃)ရက္ မြန္းလဲြပိုင္းက မီးေလာင္ကြ်မ္းမႈျဖစ္ပြားရာ ေနအိမ္(၃၂)လံုး မီးေလာင္ကြ်မ္းသြား၍ မီးေဘးသင့္ျပည္သူ (၁၁၅)ဦး ရွိခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မေကြးတိုင္းႏွင့္ ခရိုင္ မီးသတ္စခန္း၊ ေညာင္ကန္ နယ္ေျမမီးသတ္ စခန္း၊ ၿမိဳ႕သစ္ၿမိဳ႕နယ္ ေလးတိုင္စင္နယ္ေျမမီးသတ္စခန္းႏွင့္ နတ္ေမာက္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ႏွင့္ ေရသယ္ယာဥ္မ်ားအျပင္ မေကြးၿမိဳ႕ ဂရုဏာရွင္မ်ားအသင္း၊ ကေမာၻဇအလင္းတန္း လူမႈကူညီေရးအသင္းတို႔မွ ေရသယ္ယာဥ္မ်ားအပါအဝင္ မီးသတ္ႏွင့္ေရသယ္ယာဥ္စုစုေပါင္း(၁၃)စီးျဖင့္ ၿငိႇမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

မီးသတ္ယာဥ္မ်ားအခ်ိန္မီလာေရာက္ေသာ္လည္း ရြာအဝင္လမ္း က်ဥ္းေျမာင္းသျဖင့္ ရြာအတြင္းဝင္ရာတြင္ ၾကန္႔ၾကာမႈျဖစ္ပြားသျဖင့္ ေဒသခံမ်ားက စုေပါင္းၿငိႇမ္းသတ္ၿပီး ကူညီခဲ့ၾကေၾကာင္း သိရသည္။

“မေကြး၊ နတ္ေမာက္၊ ေညာင္ကန္နဲ႔ ၿမိဳ႕သစ္က မီးသတ္ယာဥ္ေတြ၊မေကြး ဂရုဏာရွင္အသင္းနဲ႔ ကေမာၻဇ အလင္းတန္း လူမႈကူညီေရးအသင္းက ေရသယ္ယာဥ္ေတြ အခ်ိန္တိုအတြင္းမွာပဲ ေရာက္ရိွလာၾကပါတယ္။ အဲလိုေရာက္လာၾကေပမဲ့ ရြာဝင္လမ္းက က်ဥ္းၿပီး ေခ်ာက္ေတြ၊ သဲေတြ နဲ႔ဆိုေတာ့ ယာဥ္ေတြမွာ ေမာင္း ႏွင္ရတာ ခက္ခဲလို႔ ခရီးမတြင္ပါဘူး။ ရြာခံလူေတြက ရိွတဲ့ေရနဲ႔ ဝိုင္းဝန္းညိွမ္းသတ္ခဲ့ၾကရလို႔ မီးသင့္အိမ္ေျခက မ်ားသြားတာျဖစ္ပါတယ္”ဟု ေဒသခံတစ္ဦးျဖစ္သည့္ ဦးေဇာ္မင္းထိုက္ က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးေလာင္မႈေၾကာင့္ အိမ္ေထာင္စု (၃၂)စုမွ လူဦးေရ (၁၁၅)ဦးမွာ ေနအိမ္မ်ားဆံုးရံႈးသြားသျဖင့္ သက္ဆုိင္ရာဌာနမ်ားက ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ မိဘေဆြမ်ိဳးမ်ား၏ေနအိမ္မ်ား၌ ေခတၱခိုလံႈေစကာ ကနဦး စားနပ္ရိကၡာတစ္ပတ္စာႏွင့္ လိုအပ္သည့္ပစၥည္းမ်ားကို ေထာက္ပံ့ေပးထားေၾကာင္း သိရသည္။

မေကြးတိုင္းေဘးအႏၱရာယ္ဆိုင္ရာစီမံ ခန္႔ခဲြ မႈဦးစီးဌာန ႏွင့္ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနတုိ႔က ေနအိမ္မ်ားမီးေလာင္ဆံုးရံႈးသြားရသည့္ မိသားစုမ်ားအား ကူညီေထာက္ပံ့ႏုိင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

မီးေလာင္မႈစတင္ျဖစ္ပြားသည့္ေနအိမ္ပိုင္ရွင္ ဦးသိန္းထြန္းအား ေညာင္ကန္ နယ္ေျမရဲစခန္းတြင္ (ပ)၁၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ေဇာ္မင္းထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား၍ မကွေးမြို့နယ် ကြာကန်ကျေးရွာအုပ်စု ကြို့ပင်အင်းကျေးရွာတွင် သွပ်မိုးထရံကာ ပျဉ်ခင်း နေအိမ်(၃၂)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် သင်္ကြန်အကြိုနေ့ဖြစ်သည့် ၂၀၁၉ခုနှစ် ဧပြီလ(၁၃)ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်(၃၂)လုံး မီးလောင်ကျွမ်းသွား၍ မီးဘေးသင့်ပြည်သူ (၁၁၅)ဦး ရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မကွေးတိုင်းနှင့် ခရိုင် မီးသတ်စခန်း၊ ညောင်ကန် နယ်မြေမီးသတ် စခန်း၊ မြို့သစ်မြို့နယ် လေးတိုင်စင်နယ်မြေမီးသတ်စခန်းနှင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ မီးသတ်နှင့် ရေသယ်ယာဉ်များအပြင် မကွေးမြို့ ဂရုဏာရှင်များအသင်း၊ ကမော္ဘဇအလင်းတန်း လူမှုကူညီရေးအသင်းတို့မှ ရေသယ်ယာဉ်များအပါအဝင် မီးသတ်နှင့်ရေသယ်ယာဉ်စုစုပေါင်း(၁၃)စီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးသတ်ယာဉ်များအချိန်မီလာရောက်သော်လည်း ရွာအဝင်လမ်း ကျဉ်းမြောင်းသဖြင့် ရွာအတွင်းဝင်ရာတွင် ကြန့်ကြာမှုဖြစ်ပွားသဖြင့် ဒေသခံများက စုပေါင်းငြှိမ်းသတ်ပြီး ကူညီခဲ့ကြကြောင်း သိရသည်။

“မကွေး၊ နတ်မောက်၊ ညောင်ကန်နဲ့ မြို့သစ်က မီးသတ်ယာဉ်တွေ၊မကွေး ဂရုဏာရှင်အသင်းနဲ့ ကမော္ဘဇ အလင်းတန်း လူမှုကူညီရေးအသင်းက ရေသယ်ယာဉ်တွေ အချိန်တိုအတွင်းမှာပဲ ရောက်ရှိလာကြပါတယ်။ အဲလိုရောက်လာကြပေမဲ့ ရွာဝင်လမ်းက ကျဉ်းပြီး ချောက်တွေ၊ သဲတွေ နဲ့ဆိုတော့ ယာဉ်တွေမှာ မောင်း နှင်ရတာ ခက်ခဲလို့ ခရီးမတွင်ပါဘူး။ ရွာခံလူတွေက ရှိတဲ့ရေနဲ့ ဝိုင်းဝန်းညှိမ်းသတ်ခဲ့ကြရလို့ မီးသင့်အိမ်ခြေက များသွားတာဖြစ်ပါတယ်”ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးဇော်မင်းထိုက် က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု (၃၂)စုမှ လူဦးရေ (၁၁၅)ဦးမှာ နေအိမ်များဆုံးရှုံးသွားသဖြင့် သက်ဆိုင်ရာဌာနများက ဘုန်းတော်ကြီးကျောင်းနှင့် မိဘဆွေမျိုးများ၏နေအိမ်များ၌ ခေတ္တခိုလှုံစေကာ ကနဦး စားနပ်ရိက္ခါတစ်ပတ်စာနှင့် လိုအပ်သည့်ပစ္စည်းများကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

မကွေးတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့က နေအိမ်များမီးလောင်ဆုံးရှုံးသွားရသည့် မိသားစုများအား ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

မီးလောင်မှုစတင်ဖြစ်ပွားသည့်နေအိမ်ပိုင်ရှင် ဦးသိန်းထွန်းအား ညောင်ကန် နယ်မြေရဲစခန်းတွင် (ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ဇော်မင်းထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net