ရန္ကုန္ - မႏၱေလး အျမန္လမ္းမႀကီးတြင္ ေမာ္ေတာ္ယာဥ္မ်ား၏ ႀကံ႕ခုိင္မႈကို ေနရာ (၃)ေနရာတြင္ စစ္ေဆးသြားမည္

ရန္ကုန္ - မႏၱေလး အျမန္လမ္းမႀကီးတြင္ ေမာ္ေတာ္ယာဥ္မ်ား၏ ႀကံ႕ခုိင္မႈကို ေနရာ (၃)ေနရာတြင္ စစ္ေဆးသြားမည္
ဧပြီ 4, 2019
By Tachileik News Agency
ရန္ကုန္ - မႏၱေလး အျမန္လမ္းမႀကီးတြင္ ျဖတ္သန္းသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၈)ရက္ေန႔မွစ၍ ယာဥ္ႀကံ႕ခိုင္မႈ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

အျမန္လမ္းမႀကီးတြင္ ျဖတ္သန္းသြားလာသည့္ ခရီးသည္တင္ Express ယာဥ္မ်ား၊ မီနီဘတ္စ္မ်ား၊ ဘုရားဖူးယာဥ္မ်ားႏွင့္ Telematic စနစ္တပ္ဆင္ထားေသာယာဥ္မ်ား၏ ယာဥ္ႀကံ႕ခုိင္မႈမ်ားႏွင့္ပတ္သက္၍ စစ္ေဆးမည့္အခ်က္ (၂၀)ႏွင့္ Light Truck ယာဥ္မ်ားကို စစ္ေဆးမည့္အခ်က္ (၁၈)ခ်က္တို႔ကို အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးနွင့္ ႀကီးၾကပ္ေရးအဖြဲ႔က ထုတ္ျပန္ထားသည္ကို ေတြ႔ရသည္။

အျမန္လမ္းမႀကီးတေလွ်ာက္ ေမာ္ေတာ္ယာဥ္ မေတာ္တဆတိမ္းေမွာက္မႈမ်ား၊ ကားမီးေလာင္မႈမ်ား ျဖစ္ပြားမႈမ်ားရိွသျဖင့္ ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေစေရးအတြက္ ယာဥ္ႀကံ႕ခုိင္ေရးစစ္ေဆးမည့္ အဆိုပါပူးေပါင္းအဖြဲ႕တြင္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႔၊ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာန၊ လုပ္ငန္းလိုင္စင္နွင့္ သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ညွိႏႈိင္းမႈဌာန၊ အျမန္လမ္းမႀကီး ထိန္းသိမ္းျပဳျပင္ေရးနွင့္ ႀကီးၾကပ္ေရးအဖြဲ႔၊ မီးသတ္တပ္ဖြဲ႔၊ ၾကက္ေျခနီအဖြဲ႔ တို႔ ပါဝင္ေၾကာင္း သိရသည္။

စစ္ေဆးမည့္အဖြဲ႕မ်ားသည္ ရန္ကုန္ - မႏၱေလးအျမန္လမ္းမရိွ အမွတ္(၃)လမ္းဆံုတိုးလ္ဂိတ္၊ ေနျပည္ေတာ္ စီလမ္းဆံု တိုးလ္ဂိတ္၊ စကားအင္း တိုးလ္ဂိတ္တို႔တြင္ ေစာင့္ၾကည့္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ဖြတ်သန်းသည့် မော်တော်ယာဉ်များအား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့မှစ၍ ယာဉ်ကြံ့ခိုင်မှု ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းမကြီးတွင် ဖြတ်သန်းသွားလာသည့် ခရီးသည်တင် Express ယာဉ်များ၊ မီနီဘတ်စ်များ၊ ဘုရားဖူးယာဉ်များနှင့် Telematic စနစ်တပ်ဆင်ထားသောယာဉ်များ၏ ယာဉ်ကြံ့ခိုင်မှုများနှင့်ပတ်သက်၍ စစ်ဆေးမည့်အချက် (၂၀)နှင့် Light Truck ယာဉ်များကို စစ်ဆေးမည့်အချက် (၁၈)ချက်တို့ကို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အမြန်လမ်းမကြီးတလျှောက် မော်တော်ယာဉ် မတော်တဆတိမ်းမှောက်မှုများ၊ ကားမီးလောင်မှုများ ဖြစ်ပွားမှုများရှိသဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်ကြံ့ခိုင်ရေးစစ်ဆေးမည့် အဆိုပါပူးပေါင်းအဖွဲ့တွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့ တို့ ပါဝင်ကြောင်း သိရသည်။

စစ်ဆေးမည့်အဖွဲ့များသည် ရန်ကုန် - မန္တလေးအမြန်လမ်းမရှိ အမှတ်(၃)လမ်းဆုံတိုးလ်ဂိတ်၊ နပြေည်တော် စီလမ်းဆုံ တိုးလ်ဂိတ်၊ စကားအင်း တိုးလ်ဂိတ်တို့တွင် စောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net