စားသံုးသူအခြင့္အေရးခ်ိဳးေဖါက္သည့္ ကုန္ပစၥည္းေရာင္းခ်သူမ်ားႏွင့္ ဝန္ေဆာင္မႈေပးသူမ်ားကို တုိင္ၾကားႏုိင္

စားသံုးသူအခြင့္အေရးခ်ိဳးေဖါက္သည့္ ကုန္ပစၥည္းေရာင္းခ်သူမ်ားႏွင့္ ဝန္ေဆာင္မႈေပးသူမ်ားကို တုိင္ၾကားႏုိင္
ဧပြီ 2, 2019
By 🌸
ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈနွင့္ စပ္လ်ဥ္း၍ စားသံုးသူအခြင့္အေရးခ်ိဳးေဖါက္ခံေနရမႈမ်ားအား အေရးယူ ေဆာင္ရြက္ႏုိင္မည့္ စားသံုးသူကာကြယ္ေရးဥပေဒကို အတည္ျပဳျပဌာန္းထားၿပီးျဖစ္၍ စားသံုးသူမ်ား အေနျဖင့္ စားသံုးသူေရးရာဦးစီးဌာနသို႔ ဖုန္းဆက္တုိင္ၾကားျခင္းအျပင္ DOCA application မွလည္း တုိင္ၾကားႏုိင္ၿပီျဖစ္သည္။

ကုန္ပစၥည္းႏွင့္ ဝန္ေဆာင္မႈမ်ားအား ျပန္လည္ေရာင္းခ်ရန္မဟုတ္ဘဲ ကိုယ္တုိင္စားေသာက္၊ သံုးစြဲရန္ရယူသူမ်ားအား စားသံုးသူမ်ားအျဖစ္ သတ္မွတ္ထားၿပီး ယင္းကဲ့သို႔ ကုန္ပစၥည္းႏွင့္ ဝန္ေဆာင္မႈမ်ားအား ရယူရာတြင္ ရုပ္ပိုင္းဆိုင္ရာကိုျဖစ္ေစ ၊ စိတ္ပိုင္းဆိုင္ရာကိုျဖစ္ေစ ဂုဏ္သိကၡာကိုျဖစ္ေစ၊ နာမည္ဂုဏ္သတင္းကိုျဖစ္ေစ၊ ပိုင္ဆိုင္မႈတစ္ရပ္ရပ္ကိုျဖစ္ေစ  ဥပေဒနွင့္ မညီေသာ ထိခိုက္မႈျဖစ္ေပၚလာလ်ွင္ တိုင္ၾကားနိုင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

အမ်ားျပည္သူအေနျဖင့္ ကုန္ပစၥည္းႏွင့္ ဝန္ေဆာင္မႈေရာင္းခ်သူမ်ား၏ အခြင့္အေရးခ်ိဳးေဖါက္ျခင္းမ်ားအား ကာကြယ္ေပးရန္ စားသံုးသူအခြင့္အေရး၊ စီးပြားေရးလုပ္ငန္းလုပ္ကိုင္သူမ်ား လုိက္နာရမည့္ တာဝန္မ်ား၊ စားသံုးသူအခြင့္အေရးခ်ိဳးေဖါက္ခံရပါက တုိင္ၾကားျခင္း၊ ေျဖရွင္းေဆာင္ရြက္ျခင္းႏွင့္ အေရးယူေဆာင္ရြက္ျခင္းတုိ႔ ပါဝင္ျပဌာန္းထားသည့္ စားသံုးသူကာကြယ္ေရးဥပေဒကို ၂၀၁၉ ခုနွစ္၊ မတ္လ (၁၅) ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳျပဌာန္းႏုိင္ခဲ့ျခင္းျဖစ္သည္။

စားသံုးသူမ်ားအေနျဖင့္ DOCA Myanmar application ကို Google Playstore မွတစ္ဆင့္ download ရယူအသံုးျပဳႏုိ္င္သည့္အျပင္ www.doca.gov.mm[email protected] ႏွင့္ သက္ဆုိင္ရာေဒသအလုိက္ စားသံုးသူေရးရာဦးစီးဌာနမ်ားတြင္လည္း တုိင္ၾကားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

 

~~~~~~~~⊰❂ Unicode Version ~~~~~~~~
စားသုံးသူအခွင့်အရေးချိုးဖေါက်သည့် ကုန်ပစ္စည်းရောင်းချသူများနှင့် ဝန်ဆောင်မှုပေးသူများကို တိုင်ကြားနိုင်
***********
ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူအခွင့်အရေးချိုးဖေါက်ခံနေရမှုများအား အရေးယူ ဆောင်ရွက်နိုင်မည့် စားသုံးသူကာကွယ်ရေးဥပဒေကို အတည်ပြုပြဌာန်းထားပြီးဖြစ်၍ စားသုံးသူများ အနေဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဖုန်းဆက်တိုင်ကြားခြင်းအပြင် DOCA application မှလည်း တိုင်ကြားနိုင်ပြီဖြစ်သည်။

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအား ပြန်လည်ရောင်းချရန်မဟုတ်ဘဲ ကိုယ်တိုင်စားသောက်၊ သုံးစွဲရန်ရယူသူများအား စားသုံးသူများအဖြစ် သတ်မှတ်ထားပြီး ယင်းကဲ့သို့ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအား ရယူရာတွင် ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ  ဥပဒေနှင့် မညီသော ထိခိုက်မှုဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူအနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုရောင်းချသူများ၏ အခွင့်အရေးချိုးဖေါက်ခြင်းများအား ကာကွယ်ပေးရန် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ လိုက်နာရမည့် တာဝန်များ၊ စားသုံးသူအခွင့်အရေးချိုးဖေါက်ခံရပါက တိုင်ကြားခြင်း၊ ဖြေရှင်းဆောင်ရွက်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပါဝင်ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။

စားသုံးသူများအနေဖြင့် DOCA Myanmar application ကို Google Playstore မှတစ်ဆင့် download ရယူအသုံးပြုနိုင်သည့်အပြင် www.doca.gov.mm[email protected] နှင့် သက်ဆိုင်ရာဒေသအလိုက် စားသုံးသူရေးရာဦးစီးဌာနများတွင်လည်း တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net