တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတား(၁)တြင္ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ ျပဳလုပ္ေပးေနသည့္ ေနရာႏွင့္ ပတ္သက္၍ ေကာ္မတီဖြဲ႔ကာ ကြင္းဆင္းစစ္ေဆးမည္ျဖစ္ေၾကာင္း နယ္လံု၀န္ႀကီး လႊတ္ေတာ္မွာေျဖ

တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတား(၁)တြင္ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ ျပဳလုပ္ေပးေနသည့္ ေနရာႏွင့္ ပတ္သက္၍ ေကာ္မတီဖြဲ႔ကာ ကြင္းဆင္းစစ္ေဆးမည္ျဖစ္ေၾကာင္း နယ္လံု၀န္ႀကီး လႊတ္ေတာ္မွာေျဖ
ဧပြီ 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၁)မွ  နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ ထုတ္ေပးရာေနရာတြင္ တန္းစီေစာင့္ဆိုင္းေနရသူ အမ်ားျပည္သူအတြက္ အဆင္ေျပေစရန္   ေကာ္မတီဖြဲ႕၍ ကြင္းဆင္းစစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားမွ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ ျပဳလုပ္ေပးသည့္ေနရာႏွင့္ပတ္သက္၍ ေအာက္ေျခမွ တင္ျပလာမႈမ်ားကို စိစစ္မည္ျဖစ္ေၾကာင္း ျပည္နယ္လုံၿခုံေရးနွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးလွဦးက ေျဖၾကားမႈမွာ အားရစရာမရိွေၾကာင္း ျပည္နယ္လႊတ္ေတာ္တြင္ ေမးခြန္းေမးျမန္းခဲ့သည့္ မိုင္းတံုၿမို႕နယ္ မဲဆႏၵနယ္အမွတ္ (၂) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုသည္။

 "ေျဖဆိုသြားတဲ့ေနရာမွာ ေအာက္ကေနတင္ျပလာမွ တစ္ခါေကာ္မတီကေနတင္ျပမွ အေပၚကလုပ္ေပးမယ့္ သေဘာေပါ့။ ေျဖတာေတာ့ အားမရဘူးေပါ့။ အစိုးရကေန မင္းတို႔ ဒါေတာ့လုပ္ေပး။ ကြင္းဆင္းၿပီးေတာ့ေပါ့။ အခုက အစိုးရအေနနဲ႕ ေအာက္ကဟာကို ေမွ်ာ္လင့္ေနသလိုျဖစ္တာေပါ့။ ဝန္ႀကီးေတြအေနနဲ႔ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ မေျဖဖို႔ ျပည္သူကိုယ္စားကိုယ္စားလွယ္ေတြကေန ေတာင္းဆိုမွရမွာေပါ့။ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ေျဖသလိုျဖစ္ေနတယ္"ဟု မိုင္းတံုၿမို႕နယ္ မဲဆႏၵနယ္အမွတ္ (၂) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဆန္း၀င္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာယီနယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ထုတ္ေပးေနသည့္ ေနရာအေျခအေနကို ေကာ္မတီဖြဲ႕၍ ကြင္းဆင္းစစ္ေဆးမည္ျဖစ္ကာ ေတြ႔ရိွခ်က္မ်ားအရ ခရိုင္မွတစ္ဆင့္ ျပည္နယ္သို႔တင္ျပကာ လိုအပ္ပါက ျပည္ေထာင္စုသို႔ ဆက္လက္တင္ျပသြားမည္ျဖစ္ေၾကာင္း ျပည္နယ္လုံၿခုံေရးနွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးလွဦးက ၂၀၁၉ခုႏွစ္ ဧၿပီလ(၂)ရက္ေန႔တြင္ က်င္းပျပဳလုပ္သည့္ ျပည္နယ္လႊတ္ေတာ္အစည္းအေ၀းတြင္ ေျဖၾကားထားသည္။

 အဆိုပါ တံတားရွိ နယ္စပ္လက္မွတ္ျပဳလုပ္ေပးသည့္ေနရာႏွင့္ ပတ္သက္၍ လက္မွတ္ လာေရာက္ျပဳလုပ္သည့္ ျပည္သူမ်ားအတြက္ မယ္ဆိုင္ကဲ့သို႔ သက္ေတာင့္သက္သာရွိေစရန္၊ နားခိုရန္ေနရာမ်ား စီစဥ္ထားရွိရန္၊ ေသာက္ေရမ်ားထားရွိစီစဥ္ေပးသည္က အစ ျပဳလုပ္ေပးႏုိင္ရန္ႏွင့္ မကဖ အေဆာက္အဦးအား ျပဳျပင္ႏုိင္ရန္အတြက္ ေမးခြန္းေမးျမန္းျခင္းျဖစ္ေၾကာင္း မိုင္းတံုၿမို႕နယ္ မဲဆႏၵနယ္အမွတ္ (၂) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဆန္း၀င္းေအာင္ ထံက သိရသည္။

ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား (၁)၏ ေအာက္ဘက္တြင္ လက္မွတ္ထုတ္ေပးရာ ရံုးခန္းေနရာမွာ က်ဥ္းေျမာင္းသျဖင့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္လုပ္သူမ်ားက အျပင္ဘက္လမ္းမတြင္ တန္းစီေစာင့္ဆုိင္းေနရသျဖင့္ အေဆာက္အဦေနရာ အဆင္ေျပေစရန္ႏွင့္ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ထုတ္ေပးသည့္ေနရာမ်ား ထပ္တိုးဖြင့္ေပးရန္ အစီအစဥ္ရိွ/မရိွကို ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂) ရက္ေန႔က ေမးျမန္းခဲ့ျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)မှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးရာနေရာတွင် တန်းစီစောင့်ဆိုင်းနေရသူ အများပြည်သူအတွက် အဆင်ပြေစေရန် ကော်မတီဖွဲ့၍ ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ပေးသည့်နေရာနှင့်ပတ်သက်၍ အောက်ခြေမှ တင်ပြလာမှုများကို စိစစ်မည်ဖြစ်ကြောင်း ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ဖြကြေားမှုမှာ အားရစရာမရှိကြောင်း ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည့် မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

 "ဖြေဆိုသွားတဲ့နေရာမှာ အောက်ကနေတင်ပြလာမှ တစ်ခါကော်မတီကနေတင်ပြမှ အပေါ်ကလုပ်ပေးမယ့် သဘောပေါ့။ ဖြေတာတော့ အားမရဘူးပေါ့။ အစိုးရကနေ မင်းတို့ ဒါတော့လုပ်ပေး။ ကွင်းဆင်းပြီးတော့ပေါ့။ အခုက အစိုးရအနေနဲ့ အောက်ကဟာကို မျှော်လင့်နေသလိုဖြစ်တာပေါ့။ ဝန်ကြီးတွေအနေနဲ့ ပေါ့ပေါ့လျော့လျော့ မဖြေဖို့ ပြည်သူကိုယ်စားကိုယ်စားလှယ်တွေကနေ တောင်းဆိုမှရမှာပေါ့။ ပေါ့ပေါ့လျော့လျော့ဖြေသလိုဖြစ်နေတယ်"ဟု မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးနေသည့် နေရာအခြေအနေကို ကော်မတီဖွဲ့၍ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကာ တွေ့ရှိချက်များအရ ခရိုင်မှတစ်ဆင့် ပြည်နယ်သို့တင်ပြကာ လိုအပ်ပါက ပြည်ထောင်စုသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ၂၀၁၉ခုနှစ် ဧပြီလ(၂)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအေဝးတွင် ဖြကြေားထားသည်။

 အဆိုပါ တံတားရှိ နယ်စပ်လက်မှတ်ပြုလုပ်ပေးသည့်နေရာနှင့် ပတ်သက်၍ လက်မှတ် လာရောက်ပြုလုပ်သည့် ပြည်သူများအတွက် မယ်ဆိုင်ကဲ့သို့ သက်တောင့်သက်သာရှိစေရန်၊ နားခိုရန်နေရာများ စီစဉ်ထားရှိရန်၊ သောက်ရေများထားရှိစီစဉ်ပေးသည်က အစ ပြုလုပ်ပေးနိုင်ရန်နှင့် မကဖ အဆောက်အဦးအား ပြုပြင်နိုင်ရန်အတွက် မေးခွန်းမေးမြန်းခြင်းဖြစ်ကြောင်း မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင် ထံက သိရသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁)၏ အောက်ဘက်တွင် လက်မှတ်ထုတ်ပေးရာ ရုံးခန်းနေရာမှာ ကျဉ်းမြောင်းသဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်လုပ်သူများက အပြင်ဘက်လမ်းမတွင် တန်းစီစောင့်ဆိုင်းနေရသဖြင့် အဆောက်အဦနေရာ အဆင်ပြေစေရန်နှင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ထုတ်ပေးသည့်နေရာများ ထပ်တိုးဖွင့်ပေးရန် အစီအစဉ်ရှိ/မရှိကို ရှမ်းပြည်နယ်လွှတ်တော်တွင် ၂၀၁၉ ခုနှစ် ဧပြီလ (၂) ရက်နေ့က မေးမြန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net