တာချီလိတ်မှ မယ်ဆိုင်သို့ သွားရန်အတွက် ပြုလုပ်ရသည့် တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)ထုတ်ပေးရေးနေရာအား ပြည်သူများ အဆင်ပြေစေရေးအတွက် ခရိုင်လ၀ကရုံးအောက်တွင် တိုးချဲ့ဖွင့်လှစ်ပေးထားပြီး သတ်မှတ်ချက်များအား ဗီနိုင်းဖြင့် အသိပေးထားရှိ
တာချီလိတ်မှ မယ်ဆိုင်သို့ သွားရန်အတွက် ပြုလုပ်ရသည့် တစ်နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)ထုတ်ပေးရေးနေရာအား ပြည်သူများ အဆင်ပြေစေရေးအတွက် ခရိုင်လ၀ကရုံးအောက်တွင် တိုးချဲ့ဖွင့်လှစ်ပေးထားပြီး သတ်မှတ်ချက်များအား ဗီနိုင်းဖြင့် အသိပေးထားရှိ
ဧပွီ 4, 2019
By Tachileik News Agency
လက်ရှိအချိန်တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား အောက်ရှိ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးရေးရုံးနှင့် ခရိုင်ရုံးအောက်ထပ်တို့တွင် (၂) နေရာခွဲဆောင်ရွက်ပေးနေပြီး ခရိုင်ရုံးမှာ မိုးတွင်းကာလတွင် ရေကြီးရေလျံမှုများဖြစ်ပေါ်တတ်သဖြင့် တံတားအောက်ရုံးခန်း (၁) ခု တည်းသာဆောင်ရွက်ပေးနိုင်မည့် အနေအထားဖြစ်ကြောင်း၊ လက်မှတ်ထုတ်ပေးရေးရုံးတွင် လက်မှတ်ပြုလုပ်ရာ၌ လိုအပ်သည့်အချက်အလက်များနှင့် နိုင်ငံတော်၏ တရားဝင်နှုန်းထားများကို အများမြင်သာသည့်နေရာတွင် ဗီနိုင်းများဖြင့် ဖော်ပြထားကြောင်း သိရသည်။
နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) ပြုလုပ်လိုသူများအနေဖြင့် တာချီလိတ်ခရိုင်အတွင်း မြို့(၆)မြို့၏ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်း (မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား  (မူရင်း/မိတ္တူ) နှင့် ပတ်စပိုစ့်ဓါတ်ပုံ (၂)ပုံ လိုအပ်ပြီး လူကိုယ်တိုင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ ခရိုင်လ၀ကရုံးတွင်လာရောက် ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါ လက်မှတ်စာအုပ် ပြုလုပ်ချိန်မှာ တစ်ရက်ကြာမြှင့်မည် ဖြစ်ကြောင်း နှင့် တစ်နှစ်စာ လက်မှတ်စာအုပ်၏ တန်ဖိုးမှာ တရားဝင် ကျပ်(၅၀၀)သတ်မှတ်ထားကြောင်း နှင့် နယ်စပ်ဖြတ်သန်းခအတွက် မြန်မာဘက်တွင် ကျပ်(၃၀၀)သာ ကျင့်သင့်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်လ၀ကမှ သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - KSA
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားရန်အတွက် လိုအပ်သည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များနှင့် ပတ်သက်၍ တစ်နှစ်စာ စာအုပ်ဖြစ်သည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP) စာအုပ်ထုတ်ပေးရေးရုံးကို ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ တာချီလိတ်ခရိုင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအောက်တွင် ဧပြီလ (၄) ရက်နေ့က ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီး သတ်မှတ်ချက်များကိုလည်း အများပြည်သူများ သိသာမြင်သာရန်အတွက် ဗီနိုင်းဖြင့် ဖော်ပြထားရှိကြောင်း သိရသည်။
"ထပ်တိုးဖွင့်တာဗျ။ ကောင်တာတိုးချဲ့ဖွင့်လှစ်တာပေါ့။ အဓိက က ပွင့်လင်းရာသီဖြစ်လာတာ တစ်ကြောင်း၊ TBP(ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်) လုပ်တဲ့သူများလာတာက တစ်ကြောင်း၊ ခရိုင်ထဲက မြို့နယ်တွေလုပ်လိုက်တဲ့အချိန်မှာ လုပ်တဲ့သူတွေများလာတာပေါ့။ TBP က လူတွေများတော့ BP(နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်) မှာလာပိတ်တော့ တာရှည် စွာစောင့်ဆိုင်းရမှာက တစ်ကြောင်း၊ အမိုးအကာအောက်လဲရောက်အောင်ပေါ့ အဲဒီရည်ရွယ်ချက်နဲ့ လုပ်လိုက်တာပါ"ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၄)ရက်နေ့တွင် ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား အောက်ရှိ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးရေးရုံးနှင့် ခရိုင်ရုံးအောက်ထပ်တို့တွင် (၂) နေရာခွဲဆောင်ရွက်ပေးနပြေီး ခရိုင်ရုံးမှာ မိုးတွင်းကာလတွင် ရကြေီးရေလျံမှုများဖြစ်ပေါ်တတ်သဖြင့် တံတားအောက်ရုံးခန်း (၁) ခု တည်းသာဆောင်ရွက်ပေးနိုင်မည့် အနေအထားဖြစ်ကြောင်း၊ လက်မှတ်ထုတ်ပေးရေးရုံးတွင် လက်မှတ်ပြုလုပ်ရာ၌ လိုအပ်သည့်အချက်အလက်များနှင့် နိုင်ငံတော်၏ တရားဝင်နှုန်းထားများကို အများမြင်သာသည့်နေရာတွင် ဗီနိုင်းများဖြင့် ဖော်ပြထားကြောင်း သိရသည်။
တာချီလိတ်မှ မယ်ဆိုင်သို့ သွားရန်အတွက် နယ်စပ်ဖြတ်သန်းလက်မှတ်များအဖြစ် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass)တို့ရှိရာတွင် TBP သည် တစ်ခါသုံးဖြစ်ပြီး BP အမျိုးအစားမှာ တာချီလိတ်ခရိုင်အတွင်းရှိ မြို့(၆)မြို့တွင် အိမ်ထောင်စု စာရင်းဖြင့် နေထိုင်သူများအတွက်ဖြစ်ရာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)၏ သက်တမ်းမှာ (၁)နှစ်ပြည့်မှ တခါပြန်လည် လဲရခြင်းဖြစ်ပြီး အဆိုပါ လက်မှတ်များဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်းသာ သွားရောက်နိုင်ခွင့်ရှိသည်။
နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) ပြုလုပ်လိုသူများအနဖြေင့် တာချီလိတ်ခရိုင်အတွင်း မြို့(၆)မြို့၏ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်း (မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/မိတ္တူ) နှင့် ပတ်စပိုစ့်ဓာတ်ပုံ (၂)ပုံ လိုအပ်ပြီး လူကိုယ်တိုင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ ခရိုင်လဝကရုံးတွင်လာရောက် ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါ လက်မှတ်စာအုပ် ပြုလုပ်ချိန်မှာ တစ်ရက်ကြာမြှင့်မည် ဖြစ်ကြောင်း နှင့် တစ်နှစ်စာ လက်မှတ်စာအုပ်၏ တန်ဖိုးမှာ တရားဝင် ကျပ်(၅၀၀)သတ်မှတ်ထားကြောင်း နှင့် နယ်စပ်ဖြတ်သန်းခအတွက် မြန်မာဘက်တွင် ကျပ်(၃၀၀)သာ ကျင့်သင့်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်လဝကမှ သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - KSA
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net