နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်အချို့ အခွန်ရှောင်မှုများရှိနေ၍ ကြိုတင်ဝင်ငွေခွန် (၂) ရာခိုင်နှုန်းကို မေလ (၁)ရက်နေ့မှစ၍ ပြန်လည်ပေးဆောင်ရမည်

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်အချို့ အခွန်ရှောင်မှုများရှိနေ၍ ကြိုတင်ဝင်ငွေခွန် (၂) ရာခိုင်နှုန်းကို မေလ (၁)ရက်နေ့မှစ၍ ပြန်လည်ပေးဆောင်ရမည်
ဧပွီ 19, 2019
By Tachileik News Agency


ပြည်တွင်းမှ ပြည်ပသို့ဖြစ်စေ၊ ပြည်ပမှ ပြည်တွင်းသို့ဖြစ်စေ ကုန်စည်တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုလုပ်သည့်အခါ ကုန်စည်တန်ဖိုး၏ (၂)ရာခိုင်နှုန်းကို ဝင်ငွေနှစ်အတွင်း ကြိုတင်ဝင်ငွေခွန် ကောက်ခံနေခဲ့ရာ ကုမ္ပဏီများအနေဖြင့် အခွန်ဆိုင်ရာလိုက်နာမှု အားကောင်းလာသဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့မှစ၍ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။


အခွန်စည်းကြပ်ခြင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်သို့ လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇ ၃၄၃၀၅၃၃၊ ၀၆၇ ၃၄၃၀၅၂၂ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အခွန်ရှောင်သည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်အချို့ရှိနေသဖြင့် ပို့ကုန်၊သွင်းကုန်ကုမ္ပဏီများ ၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့မှစ၍ ကြိုတင်ဝင်ငွေခွန် (၂)ရာခိုင်နှုန်း ပြန်လည်ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ပြည်ပသို့ဖြစ်စေ၊ ပြည်ပမှ ပြည်တွင်းသို့ဖြစ်စေ ကုန်စည်တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုလုပ်သည့်အခါ ကုန်စည်တန်ဖိုး၏ (၂)ရာခိုင်နှုန်းကို ဝင်ငွေနှစ်အတွင်း ကြိုတင်ဝင်ငွေခွန် ကောက်ခံနေခဲ့ရာ ကုမ္ပဏီများအနဖြေင့် အခွန်ဆိုင်ရာလိုက်နာမှု အားကောင်းလာသဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့မှစ၍ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၌ လုပ်ငန်းရှင်အချို့က အခွန်သက်သာစေရန် ကြိုတင်ဝင်ငွေခွန်ပေးသွင်းခြင်းမှ ကင်းလွတ်ခွင့်ရထားသည့် အခွန်ထမ်းကုမ္ပဏီ၏အမည်ကို အသုံးပြု၍ လုပ်ဆောင်လာခြင်းများရှိသဖြင့် ကြိုတင်ဝင်ငွေခွန် (၂)ရာခိုင်နှုန်းကို ပြန်လည်ကောက်ခံရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာကို ဧပြီလ (၁၃)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

အခွန်စည်းကြပ်ခြင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နပြေည်တော်သို့ လည်းကောင်း၊ ဖုန်းနံပါတ် ဝ၆၇ ၃၄၃၀၅၃၃၊ ဝ၆၇ ၃၄၃၀၅၂၂ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net