ကျိုင်းတုံတွင် သင်္ကြန်ကာလအတွင်း ထော်လာဂျီအသုံးမပြုရအပါအဝင် ယာဉ်အန္တရာယ်ကင်းရေး သတိပေးချက်များ ထုတ်ပြန်အသိပေး
ကျိုင်းတုံတွင် သင်္ကြန်ကာလအတွင်း ထော်လာဂျီအသုံးမပြုရအပါအဝင် ယာဉ်အန္တရာယ်ကင်းရေး သတိပေးချက်များ ထုတ်ပြန်အသိပေး
ဧပွီ 12, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် သင်္ကြန်ကာလအတွင်း ထော်လာဂျီယာဉ်များဖြင့် သင်္ကြန်လည်ပတ်ခြင်းကို တားမြစ်ခြင်းအပါအဝင် ယာဉ်စည်းကမ်းသတိပေးချက်ကို ယာဉ်ထိန်းတပ်ဖွဲ့က လိုက်လံအသိပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ၂၀၁၉ ခုနှစ် ဧပြီလ (၁၂) ရက်နေ့တွင် ဆောင်ရွက်နေကြောင်း သိရသည်။
ယာဉ်အန္တရာယ်ကင်းစေရေး သတိပေးချက် (၁၀)ချက်ထုတ်ပြန်ထားရာ ယာဉ်မောင်းသူများအနေဖြင့် မူးယစ်သောက်စားမောင်းနှင်ခြင်း၊ စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်း၊ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခြင်းများကို မပြုလုပ်ကြရန် တားမြစ်ထားပြီး ဆိုင်ကယ်များတွင် ပါဝါအိတ်ဇောတပ်ခြင်း၊ နှစ်ဦးထက်ပို၍စီးနင်းခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မပါဘဲမောင်းနှင်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - KZA
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် သင်္ကြန်ကာလအတွင်း ထော်လာဂျီယာဉ်များဖြင့် သင်္ကြန်လည်ပတ်ခြင်းကို တားမြစ်ခြင်းအပါအဝင် ယာဉ်စည်းကမ်းသတိပေးချက်ကို ယာဉ်ထိန်းတပ်ဖွဲ့က လိုက်လံအသိပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝခြေင်းများကို ၂၀၁၉ ခုနှစ် ဧပြီလ (၁၂) ရက်နေ့တွင် ဆောင်ရွက်နေကြောင်း သိရသည်။
"မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီး အသံချဲ့စက်နဲ့ လိုက်လံဆော်သြပါတယ်။ စည်းကမ်းမလိုက်တဲ့ယာဉ်တွေကို ရပ်တန့်စပြေီးတော့ ပညာပေးမှုတွေလုပ်ခဲ့ပါတယ်။ သင်္ကြန်ကာလအတွင်းမှာ ရပ်တန့်စစ်ဆေးပြီးတော့ ပါဝါအိတ်ဇောတွေ ပြန်ဖြုတ်လဲခိုင်းမယ်။ သင်္ကြန်ကာလပြီးရင်သူတို့ကို အမှုဖွင့်အရေးယူဆောင်ရွက်သွားပါမယ်။ ကျိုင်းတုံမှာက ပါဝါအိတ်ဇောတပ်တဲ့ဆိုင်ကယ်တွေ သိပ်မများဘူး။ ယာဉ်စည်းကမ်းချိုးဖောက်မှုတွေ နည်းတယ်"ဟု အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယာဉ်အန္တရာယ်ကင်းစေရေး သတိပေးချက် (၁၀)ချက်ထုတ်ပြန်ထားရာ ယာဉ်မောင်းသူများအနဖြေင့် မူးယစ်သောက်စားမောင်းနှင်ခြင်း၊ စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်း၊ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခြင်းများကို မပြုလုပ်ကြရန် တားမြစ်ထားပြီး ဆိုင်ကယ်များတွင် ပါဝါအိတ်ဇောတပ်ခြင်း၊ နှစ်ဦးထက်ပို၍စီးနင်းခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မပါဘဲမောင်းနှင်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။
ဆိုင်ကယ်နှင့် ကားများတွင် ယာဉ်နံပါတ်ပြားမပါဘဲမောင်းခြင်း၊ နံပါတ်ပြားများ ဖုံးအုပ်ခြင်း၊ ယာဉ်အိုယာဉ်ဟောင်း ပြုပြင်ဆဲယာဉ်များမောင်းခြင်း၊ သံစုံဟွန်းများအသုံးပြုခြင်း၊ ညစ်ညမ်းစာသား၊ရုပ်ပုံများ ရေးသားချိတ်ဆွဲခြင်း၊ ဘေးတံခါး၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်း စသည်တို့ မလုပ်ဆောင်ရန် တားမြစ်ထားသည်။
သင်္ကြန်လည်ရာတွင် ထော်လာဂျီကဲ့သို့ အနှေးယာဉ်များ အသုံးပြုခြင်းကိုလည်း တားမြစ်ထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သင်္ကြန်ကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ယာဉ်မတော်တဆမှုက (၃၅၀) ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ (၆၉၀)ဦးနှင့် သေဆုံးသူ (၁၃၃)ဦးရှိခဲ့ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - KZA
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net