က်ဳိင္းတံုၿမိဳ႕တြင္ ယာဥ္/လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ အသိပညာေပးျခင္းမ်ားကို သႀကၤန္အႀကိဳကာလတြင္ ယခင္ကထက္ ပိုမိုၾကပ္မတ္ေဆာင္ရြက္ေန

က်ဳိင္းတံုၿမိဳ႕တြင္ ယာဥ္/လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ အသိပညာေပးျခင္းမ်ားကို သႀကၤန္အႀကိဳကာလတြင္ ယခင္ကထက္ ပိုမိုၾကပ္မတ္ေဆာင္ရြက္ေန
ဧပြီ 3, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ ၿမိဳ႕တြင္းႏွင့္ အေဝးေျပးယာဥ္မ်ား ယာဥ္၊လမ္း အႏၱရာယ္ကင္းရွင္းေရးအတြက္ အသိပညာေပးျခင္းႏွင့္အတူ ဆုိင္ကယ္ေမာင္းလုိင္စင္မရိွသူူမ်ားအား လုပ္ေပးျခင္းတုိ႔ကို ယာဥ္ထိန္းတပ္ဖြဲ႕က သႀကၤန္အႀကိဳကာလတြင္ ယခင္ကထက္ၾကပ္မတ္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ပံုမွန္လည္းလုပ္ေပမဲ့ သႀကၤန္တြင္း မေတာ္တဆမႈေတြေလ်ာ့ေအာင္ သႀကၤန္အႀကိဳကာလမွာ ပိုၿပီးၾကပ္မတ္လုပ္ေဆာင္ေနပါတယ္။ ဆုိင္ကယ္ကို လုိင္စင္မရိွဘဲေမာင္းေနတဲ့သူေတြကို စစ္ေဆးေတြ႔ရိွရင္လည္း လုိင္စင္လုပ္ခုိင္းထားပါတယ္။ အထူးသျဖင့္ကေတာ့ အေဝးေျပးယာဥ္လုိင္းေတြမွာ အေရးေပၚထြက္ေပါက္တံခါးအေၾကာင္းကို ပညာေပးလုပ္ေဆာင္ပါတယ္။ အေဝးေျပးကားေတြမွာ မီးသတ္ေဆးဗူးပါဖုိ႔၊ အေရးေပၚ မွန္တံခါးရိုက္ခြဲဖြင့္ႏုိင္ေအာင္ ပုဆိန္လိုမ်ိဳးပါဖို႔ အေရးေပၚဆို တံခါးကေန ဘယ္လိုထြက္ရမယ္ဆိုတာေတြ အသိပညာေပးေတြကို အေဝးေျပးကားဝင္းေတြမွာလည္း လုပ္ေပးေနပါတယ္”ဟု အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆုိင္ကယ္လုိင္စင္မရိွဘဲ ေမာင္းႏွင္ေနသူမ်ားအား စစ္ေဆးေတြ႔ရိွပါက လိုင္စင္ဓါတ္ပံု (၃)ပံု၊ မွတ္ပံုတင္မိတၱဴတို႔ႏွင့္အတူ က်သင့္ေငြ (၂၉၀၀၀)က်ပ္ျဖင့္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးတြင္ ယာဥ္ထိန္းတပ္ဖြဲ႕က ယာဥ္စည္းကမ္း လမ္းစည္းကမ္းအသိပညာေပးေဟာေျပာၿပီး လုိင္စင္လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

က်ိဳင္းတံုယာဥ္ထိန္းတပ္ဖြဲ႕က ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ပူးေပါင္း၍ ယာဥ္၊လမ္းအႏၱရာယ္ကင္းရွင္းေရး အသိပညာေပးလုပ္ေဆာင္မႈကို ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂)ရက္ေန႔က က်ိဳင္းတံုၿမိဳ႕၊ ကတ္ဖေက်းရြာအုပ္စု၊ ေနာင္ငင္းရြာလမ္းဆံုတြင္ ေဆာင္ရြက္ရာ လုိင္စင္မရိွဘဲ စီးနင္းေနသူ (၄၃)ဦးကို လုိင္စင္ျပဳလုပ္ေပးနုိင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါပူးေပါင္းအဖြဲ႕သည္ ဧၿပီလ (၃)ရက္ေန႔က က်ိဳင္းတုံၿမိဳ႕ အေဝးေျပးယာဥ္ရပ္နားစခန္း ႏွင့္ က်ိဳင္းတုံၿမိဳ႕မေစ်းပတ္လည္တြင္ ပညာေပးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနၿပီး ဆိုင္ကယ္စီးဦးထုပ္ေဆာင္း၍ ေမးသိုင္းႀကိဳးတပ္ဆင္ေမာင္းႏွင္ေစေရး ၊ ဆိုင္ကယ္တြင္ ပါဝါအိပ္ေဇာတပ္ျခင္းမျပဳေစေရး၊ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္ စီးနင္းသူမ်ား အသက္ကယ္ထိုင္ခုံခါးပါတ္မ်ားတပ္ဆင္ေစေရးတုိ႔ကို အသိပညာေပးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KZA



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မြို့တွင်းနှင့် အဝေးပြေးယာဉ်များ ယာဉ်၊လမ်း အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးခြင်းနှင့်အတူ ဆိုင်ကယ်မောင်းလိုင်စင်မရှိသူများအား လုပ်ပေးခြင်းတို့ကို ယာဉ်ထိန်းတပ်ဖွဲ့က သင်္ကြန်အကြိုကာလတွင် ယခင်ကထက်ကြပ်မတ်လုပ်ဆောင်နေကြောင်း သိရသည်။

“ပုံမှန်လည်းလုပ်ပေမဲ့ သင်္ကြန်တွင်း မတော်တဆမှုတွေလျော့အောင် သင်္ကြန်အကြိုကာလမှာ ပိုပြီးကြပ်မတ်လုပ်ဆောင်နေပါတယ်။ ဆိုင်ကယ်ကို လိုင်စင်မရှိဘဲမောင်းနေတဲ့သူတွေကို စစ်ဆေးတွေ့ရှိရင်လည်း လိုင်စင်လုပ်ခိုင်းထားပါတယ်။ အထူးသဖြင့်ကတော့ အဝေးပြေးယာဉ်လိုင်းတွေမှာ အရေးပေါ်ထွက်ပေါက်တံခါးအကြောင်းကို ပညာပေးလုပ်ဆောင်ပါတယ်။ အဝေးပြေးကားတွေမှာ မီးသတ်ဆေးဗူးပါဖို့၊ အရေးပေါ် မှန်တံခါးရိုက်ခွဲဖွင့်နိုင်အောင် ပုဆိန်လိုမျိုးပါဖို့ အရေးပေါ်ဆို တံခါးကနေ ဘယ်လိုထွက်ရမယ်ဆိုတာတွေ အသိပညာပေးတွေကို အဝေးပြေးကားဝင်းတွေမှာလည်း လုပ်ပေးနေပါတယ်”ဟု အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ကယ်လိုင်စင်မရှိဘဲ မောင်းနှင်နေသူများအား စစ်ဆေးတွေ့ရှိပါက လိုင်စင်ဓာတ်ပုံ (၃)ပုံ၊ မှတ်ပုံတင်မိတ္တူတို့နှင့်အတူ ကျသင့်ငွေ (၂၉၀၀၀)ကျပ်ဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ယာဉ်ထိန်းတပ်ဖွဲ့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပြီး လိုင်စင်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ကျိုင်းတုံယာဉ်ထိန်းတပ်ဖွဲ့က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်း၍ ယာဉ်၊လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ဆောင်မှုကို ၂၀၁၉ ခုနှစ် ဧပြီလ (၂)ရက်နေ့က ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်းရွာလမ်းဆုံတွင် ဆောင်ရွက်ရာ လိုင်စင်မရှိဘဲ စီးနင်းနေသူ (၄၃)ဦးကို လိုင်စင်ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် ဧပြီလ (၃)ရက်နေ့က ကျိုင်းတုံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း နှင့် ကျိုင်းတုံမြို့မဈေးပတ်လည်တွင် ပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နပြေီး ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်စေရေး၊ ဆိုင်ကယ်တွင် ပါဝါအိပ်ဇောတပ်ခြင်းမပြုစေရေး၊ မော်တော်ယာဉ်မောင်းနှင် စီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပါတ်များတပ်ဆင်စေရေးတို့ကို အသိပညာပေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net