တာခ်ီလိတ္ၿမို႕ မယ္ယန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ လူငယ္တစ္ဦးအား စိတ္ၾကြေဆးျပား ႏွစ္ေသာင္းႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမို႕ မယ္ယန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ လူငယ္တစ္ဦးအား စိတ္ၾကြေဆးျပား ႏွစ္ေသာင္းႏွင့္အတူ ဖမ္းဆီးရမိ
မတ် 30, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္းမွ ၿမိဳ႕ျပင္ဘက္သို႔ စိတ္ၾကြေဆးျပား ႏွစ္ေသာင္းသယ္လာသည့္ အသက္(၁၅)ႏွစ္အရြယ္ လူငယ္တစ္ဦးကို မယ္ယန္းပူးေပါင္း စစ္ေဆးေရးစခန္းတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၃၀)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္သုေမာင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ နယ္ေျမခံတပ္မွ တပ္ဖြဲ႔၀င္မ်ား၊ နကသရဲ(မယ္ယန္း)မွ ဒုရဲမွဴးၾကည္စိုးႏွင့္ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔မွ တာခ်ီလိတ္ၿမယ္ယန္းပူးေပါင္းေရးစခန္းတြင္ ည (၇)နာရီ (၄၀)မိနစ္က ၿမိဳ႕တြင္းမွ က်ိဳင္းတံုဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အားေဂ့အား စစ္ေဆးရာ ဆိုင္ကယ္တူးေဘာက္အတြင္း ထည့္လာသည့္ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔က ရွာေဖြစစ္ေဆးရာတြင္ ဆိုင္ကယ္တူးေဘာက္အတြင္း၌ ပလပ္စတစ္ ကပ္ခြာအိတ္ငယ္မ်ားျဖင့္ ထည့္ထားသည့္ Wy စာတမ္းပါ နီညိဳေရာင္ စိတ္ၾကြေဆးျပား (၂၀၀၀)ျပားစီပါသည့္ (၁၀)ထုတ္ ႏွင့္ လက္ကို္င္ဖုန္းတစ္လံုးတို႔ကို ေတြ႔ရွိသိမ္းဆည္းခဲ့ၾကေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းမိသည့္ အသက္(၁၅)ႏွစ္ရွိ အားေဂ့အား စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ခ်မ္းၿငိမ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်းမှ မြို့ပြင်ဘက်သို့ စိတ်ကြွဆေးပြား နှစ်သောင်းသယ်လာသည့် အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦးကို မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်သုမောင် နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ နကသရဲ(မယ်ယန်း)မှ ဒုရဲမှူးကြည်စိုးနှင့် တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ တာချီလိတ်မြယ်ယန်းပူးပေါင်းရေးစခန်းတွင် ည (၇)နာရီ (၄၀)မိနစ်က မြို့တွင်းမှ ကျိုင်းတုံဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အားဂေ့အား စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်း ထည့်လာသည့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးရာတွင် ဆိုင်ကယ်တူးဘောက်အတွင်း၌ ပလပ်စတစ် ကပ်ခွာအိတ်ငယ်များဖြင့် ထည့်ထားသည့် Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၂၀၀၀)ပြားစီပါသည့် (၁၀)ထုတ် နှင့် လက်ကို်င်ဖုန်းတစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသည့် အသက်(၁၅)နှစ်ရှိ အားဂေ့အား စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ချမ်းငြိမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net