မိုင္းဆတ္ခရိုင္အတြင္း ပံုပါက်င္ၿမိဳ႕တြင္ ဆန္ဝယ္ၿပီး ေတာင္ယာတဲသို႔ ျပန္လာသည့္ အမ်ိဳးသားတစ္ဦး ေတာေကာင္ႏွင့္မွားယြင္းကာ တူမီးေသနတ္ျဖင့္ ပစ္သတ္ခံရ

မိုင္းဆတ္ခရိုင္အတြင္း ပံုပါက်င္ၿမိဳ႕တြင္ ဆန္ဝယ္ၿပီး ေတာင္ယာတဲသို႔ ျပန္လာသည့္ အမ်ိဳးသားတစ္ဦး ေတာေကာင္ႏွင့္မွားယြင္းကာ တူမီးေသနတ္ျဖင့္ ပစ္သတ္ခံရ
မတ် 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခ႐ိုင္၊ ပုံပါက်င္ၿမိဳ႕တြင္ ရြာတြင္းမွဆန္ဝယ္ၿပီး ေတာင္ယာတဲျပန္လာသည့္အမ်ိဳးသားတစ္ဦး ေတာေကာင္ႏွင့္မွားယြင္းပစ္ခတ္ခံရ၍ ေသဆံုးသြားေၾကာင္း သိရသည္။

ပုံပါက်င္ၿမိဳ႕၊ နမ့္ဟူးခြန္ေက်းရြာအုပ္စု၊ နမ့္ယြန္း(လားဟူ)ေက်းရြာအနီး ေတာင္ယာတဲတြင္ ေနထုိင္သည့္ အသက္ (၃၅)ႏွစ္အရြယ္ ဦးအုိက္ေဆြသည္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၅)ရက္ေန႔ ည(၉)နာရီဝန္းက်င္က ရြာအတြင္းမွ ဆန္ဝယ္၍ျပန္လာၿပီး လမ္းေဘးၿခံဳအတြင္း ေခတၱနားေနစဥ္ တူမီးျဖင့္ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

နမ့္ယြန္း(လားဟူ)ရြာမွ ေမာင္ျမင့္က ေတာေကာင္ထင္သျဖင့္ တူမီးျဖင့္ မွားယြင္းပစ္ခတ္မိေၾကာင္း ေျပာဆိုၿပီး အုိက္ေဆြအားထမ္းကာ ေက်းရြာေဆးခန္းသို႔ ပို႔ေဆာင္ေပးခဲ့ကာ ယင္းမွတစ္ဆင့္ ပံုပါက်င္ျပည္သူ႔ေဆးရံုသို႔ ဆက္လက္ပို႔ေဆာင္ ကုသမႈခံယူခဲ့ရေၾကာင္း သိရသည္။

ဒဏ္ရာျပင္းထန္သျဖင့္ ပံုပါက်င္ျပည္သူ႔ေဆးရံုမွ မုိင္းတံုျပည္သူ႔ေဆးရံုသို႔ ဆက္လက္ပို႔ေဆာင္ရာ မတ္လ (၂၆) ရက္ေန႔ နံနက္ (၃)နာရီတြင္ ေရာက္ရိွေဆးကုသမႈေနစဥ္ နံနက္(၇)နာရီခဲြ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

တူမီးျဖင့္ ပစ္ခတ္ခဲ့သည့္ အသက္(၂၄)ႏွစ္အရြယ္ ေမာင္ျမင့္အား ပုံပါက်င္ၿမိဳ႕နယ္ေျမ ရဲစခန္းတြင္ (ပ)၅/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ၊ ၃၀၄(က)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - သန္းေဇာ္ဦး



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ရွာတွင်းမှဆန်ဝယ်ပြီး တောင်ယာတဲပြန်လာသည့်အမျိုးသားတစ်ဦး တောကောင်နှင့်မှားယွင်းပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ပုံပါကျင်မြို့၊ နမ့်ဟူးခွန်ကျေးရွာအုပ်စု၊ နမ့်ယွန်း(လားဟူ)ကျေးရွာအနီး တောင်ယာတဲတွင် နေထိုင်သည့် အသက် (၃၅)နှစ်အရွယ် ဦးအိုက်ဆွေသည် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ ည(၉)နာရီဝန်းကျင်က ရွာအတွင်းမှ ဆန်ဝယ်၍ပြန်လာပြီး လမ်းဘေးခြုံအတွင်း ခေတ္တနားနေစဉ် တူမီးဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

နမ့်ယွန်း(လားဟူ)ရွာမှ မောင်မြင့်က တောကောင်ထင်သဖြင့် တူမီးဖြင့် မှားယွင်းပစ်ခတ်မိကြောင်း ပြောဆိုပြီး အိုက်ဆွေအားထမ်းကာ ကျေးရွာဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကာ ယင်းမှတစ်ဆင့် ပုံပါကျင်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင် ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သဖြင့် ပုံပါကျင်ပြည်သူ့ဆေးရုံမှ မိုင်းတုံပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ရာ မတ်လ (၂၆) ရက်နေ့ နံနက် (၃)နာရီတွင် ရောက်ရှိဆေးကုသမှုနေစဉ် နံနက်(၇)နာရီခွဲ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

တူမီးဖြင့် ပစ်ခတ်ခဲ့သည့် အသက်(၂၄)နှစ်အရွယ် မောင်မြင့်အား ပုံပါကျင်မြို့နယ်မြေ ရဲစခန်းတွင် (ပ)၅/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net