မယ္ဆိုင္ဂူအတြင္းမွ ကယ္ဆယ္ေရးသံုးပစၥည္းမ်ား သယ္ထုတ္ေန၍ လည္ပတ္ခြင့္ကို (၃)ရက္ၾကာ ပိတ္ထား

မယ္ဆိုင္ဂူအတြင္းမွ ကယ္ဆယ္ေရးသံုးပစၥည္းမ်ား သယ္ထုတ္ေန၍ လည္ပတ္ခြင့္ကို (၃)ရက္ၾကာ ပိတ္ထား
မတ် 19, 2019
By 🌸
ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ ထမ့္လြမ္ဂူအတြင္း ကယ္ဆယ္ေရးလုပ္စဥ္က က်န္ခဲ့သည့္ ကယ္ဆယ္ေရးပစၥည္းမ်ားကို ထုိင္းေရတပ္အထူးအဖြဲ႕ဝင္မ်ားက သယ္ထုတ္ေနၾက၍ ထမ့္လြမ္ဂူအား ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၈) ရက္ေန႔မွစ၍ (၃) ရက္ၾကာ ယာယီပိတ္ထားေၾကာင္း သိရသည္။

ဂူကိုပိတ္ထားသည့္ (၃)ရက္တာအတြင္း ဥယ်ာဥ္အတြင္းရိွ အျခားေနရာမ်ားသို႔ လည္ပတ္ျခင္းကို ခြင့္ျပဳထားၿပီး ကယ္ဆယ္ေရးပစၥည္းမ်ား ဒုတိယအႀကိမ္ သယ္ထုတ္မည့္ မတ္လ (၂၆)ရက္ေန႔မွ (၂၉)ေန႔အထိကိုလည္း ထပ္မံပိတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဂူအတြင္း ေအာက္ဆီဂ်င္ဗူး (၃၀၀)ထက္မနည္း၊ ေရပိုက္မ်ား၊ ေလပိုက္မ်ား၊ လွ်ပ္စစ္မီးႀကိဳးမ်ားအပါအဝင္ ကယ္ဆယ္ေရးသံုးပစၥည္းမ်ား က်န္ေနသျဖင့္ ေျခာက္ေသြ႕ရာသီအတြင္း သယ္ထုတ္ရန္ တာဝန္ရိွသူမ်ားက ဆံုးျဖတ္လုိက္ၿပီး တပ္ဘက္မွ အင္အား (၂၀၀)ခန္႔၊ အရပ္ဖက္တာဝန္ရိွသူမ်ားႏွင့္ ကူညီသူမ်ားပါဝင္သည့္အဖြဲ႕က ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

ေရတပ္အဖြဲ႕က ပစၥည္းမ်ားဝင္ေရာက္မသယ္ေဆာင္မီ ကယ္ဆယ္ေရးအတြင္း ေသဆံုးခဲ့ရသည့္ ေရတပ္အထူးအဖြဲ႕မွ တပ္ၾကပ္ေဟာင္း ဆာမန္ခူနန္ကို ေအာက္ေမ့ျခင္းႏွင့္ ဘာသာေရးထံုးစံအရ ဆုေတာင္းျခင္းမ်ားကို ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

ဂူအတြင္းပိတ္မိေနသည့္ ကေလး(၁၂)ဦးႏွင့္ လူငယ္(၁)ဦးကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၀)ရက္ေန႔က ကယ္ဆယ္မႈအၿပီးတြင္ က်န္ခဲ့သည့္ ကယ္ဆယ္ေရးလုပ္ငန္းသံုးပစၥည္းမ်ားကို ပထမဆံုးအႀကိမ္ ျပန္လည္သယ္ထုတ္ျခင္းျဖစ္ၿပီး ေရျမဳပ္ေနသည့္ ဂူအတြင္းပိတ္မိေနသူမ်ားကို ကယ္ဆယ္ေရးအတြက္ ႏုိင္ငံတကာမွ ေရငုပ္သမားမ်ားစြာ ပူးေပါင္းပါဝင္ခဲ့ကာ ကမၻာ့မီဒီယာမ်ားက ေရးသားေဖၚျပမႈမ်ားေၾကာင့္ လူစိတ္မႈမ်ားလာသျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းၿပီးသြားခ်ိန္တြင္ ျပည္တြင္း၊ ျပည္ပမွ လာေရာက္လည္ပတ္သူ မ်ားလာေနေၾကာင္း သိရသည္။

လတ္တေလာတြင္ မယ္ဆုိင္ၿမိဳ႕အပါအဝင္ ထုိင္းႏုိင္ငံေျမာက္ပိုင္းေဒသတြင္ မီးခိုးျမဴေၾကာင့္ ေလထုအရည္အေသြး ဆိုးရြားစြာက်ဆင္းေနရာ လာေရာက္လည္ပတ္သူ ပံုမွန္ထက္နည္းလာၿပီး ထမ့္လြမ္ဂူသို႔ လည္ပတ္သူအေရအတြက္လည္း ေလ်ာ့က်လာေနေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation, Chiangrai Report

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ရေးသုံးပစ္စည်းများ သယ်ထုတ်နေ၍ လည်ပတ်ခွင့်ကို (၃)ရက်ကြာ ပိတ်ထား
**************
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်း ကယ်ဆယ်ရေးလုပ်စဉ်က ကျန်ခဲ့သည့် ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းရေတပ်အထူးအဖွဲ့ဝင်များက သယ်ထုတ်နေကြ၍ ထမ့်လွမ်ဂူအား ၂၀၁၉ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့မှစ၍ (၃) ရက်ကြာ ယာယီပိတ်ထားကြောင်း သိရသည်။

ဂူကိုပိတ်ထားသည့် (၃)ရက်တာအတွင်း ဥယျာဉ်အတွင်းရှိ အခြားနေရာများသို့ လည်ပတ်ခြင်းကို ခွင့်ပြုထားပြီး ကယ်ဆယ်ရေးပစ္စည်းများ ဒုတိယအကြိမ် သယ်ထုတ်မည့် မတ်လ (၂၆)ရက်နေ့မှ (၂၉)နေ့အထိကိုလည်း ထပ်မံပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂူအတွင်း အောက်ဆီဂျင်ဗူး (၃၀၀)ထက်မနည်း၊ ရေပိုက်များ၊ လေပိုက်များ၊ လျှပ်စစ်မီးကြိုးများအပါအဝင် ကယ်ဆယ်ရေးသုံးပစ္စည်းများ ကျန်နေသဖြင့် ခြောက်သွေ့ရာသီအတွင်း သယ်ထုတ်ရန် တာဝန်ရှိသူများက ဆုံးဖြတ်လိုက်ပြီး တပ်ဘက်မှ အင်အား (၂၀၀)ခန့်၊ အရပ်ဖက်တာဝန်ရှိသူများနှင့် ကူညီသူများပါဝင်သည့်အဖွဲ့က ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ရေတပ်အဖွဲ့က ပစ္စည်းများဝင်ရောက်မသယ်ဆောင်မီ ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့ရသည့် ရေတပ်အထူးအဖွဲ့မှ တပ်ကြပ်ဟောင်း ဆာမန်ခူနန်ကို အောက်မေ့ခြင်းနှင့် ဘာသာရေးထုံးစံအရ ဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဂူအတွင်းပိတ်မိနေသည့် ကလေး(၁၂)ဦးနှင့် လူငယ်(၁)ဦးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့က ကယ်ဆယ်မှုအပြီးတွင် ကျန်ခဲ့သည့် ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပထမဆုံးအကြိမ် ပြန်လည်သယ်ထုတ်ခြင်းဖြစ်ပြီး ရေမြုပ်နေသည့် ဂူအတွင်းပိတ်မိနေသူများကို ကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ ရေငုပ်သမားများစွာ ပူးပေါင်းပါဝင်ခဲ့ကာ ကမ္ဘာ့မီဒီယာများက ရေးသားဖေါ်ပြမှုများကြောင့် လူစိတ်မှုများလာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းပြီးသွားချိန်တွင် ပြည်တွင်း၊ ပြည်ပမှ လာရောက်လည်ပတ်သူ များလာနေကြောင်း သိရသည်။

လတ်တလောတွင် မယ်ဆိုင်မြို့အပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် မီးခိုးမြူကြောင့် လေထုအရည်အသွေး ဆိုးရွားစွာကျဆင်းနေရာ လာရောက်လည်ပတ်သူ ပုံမှန်ထက်နည်းလာပြီး ထမ့်လွမ်ဂူသို့ လည်ပတ်သူအရေအတွက်လည်း လျော့ကျလာနေကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation, Chiangrai Report

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net