က်ဳိင္းတံုရွိ သစ္တစ္ပင္ေတာင္တြင္ ဌာနဆိုင္ရာမ်ားႏွင့္ လူငယ္မ်ားမွ ပလပ္စတစ္အမႈိက္ကင္းစင္ေရးအျဖစ္ ပူးေပါင္းလုပ္ေဆာင္

က်ဳိင္းတံုရွိ သစ္တစ္ပင္ေတာင္တြင္ ဌာနဆိုင္ရာမ်ားႏွင့္ လူငယ္မ်ားမွ ပလပ္စတစ္အမႈိက္ကင္းစင္ေရးအျဖစ္ ပူးေပါင္းလုပ္ေဆာင္
မတ် 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕၏ အထင္ကရေနရာတစ္ခုျဖစ္သည့္ သစ္တစ္ပင္ေတာင္တြင္ ဌာနဆိုင္ရာမ်ားႏွင့္ ၿမို႕ခံလူငယ္မ်ား ပါ၀င္သည့္ စုေပါင္းအင္အား (၂၀၀) ေက်ာ္ျဖင့့္ အမိႈက္ေကာက္ျခင္းလုပ္ငန္းကို မတ္လ (၂၄) ရက္ေန႔ နံနက္(၈)နာရီက စတင္ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

"ဌာနဆိုင္ရာက သူေတြေရာလာေတာ့ လူ (၂၀၀) ေက်ာ္ေလာက္လာတယ္။ ပလပ္စတစ္အမိႈက္ေတြေရာ သစ္ရြက္ေျခာက္ေတြေရာ အကုန္လွဲသြားတယ္။ စည္ပင္က ကားတစ္စီးလာတယ္။ အမိႈက္ေတြကိုမီးရိႈလိုက္တယ္ဗ်။ ဌာနဆိုင္ရာက ေတာ္ေတာ္မ်ားတယ္။ Rainbow အဖြဲ႕ဆိုၿပီး ကေလး (၂၀) ေက်ာ္ေလာက္ပါတယ္။ အျပင္လူေတြလည္း လာၾကတာေပါ့။  ေနာက္လထဲမွာေတာ့  ကားႀကီးကြင္းမဟုတ္ရင္ ေနာင္တံုကန္မွာေကာက္သြားမွာပါ"ဟု က်ဳိင္းတံုလူငယ္မ်ား ပလပ္စတစ္အမႈိက္ကင္းစင္ေရးလႈပ္ရွားသူမ်ားတြင္ အဓိက ပါ၀င္သူ မမီေဆာ(အာခါ)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သစ္တစ္ပင္ေတာင္ အမိႈက္ေကာက္လုပ္ရွားမႈကို နံနက္ (၈) နာရီက စတင္ခဲ့ၿပီး ေန႔လည္ (၁၂) နာရီတြင္ ၿပီးဆံုးသြားခဲ့ၿပီး က်ဳိင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ၀န္ထမ္းမ်ားႏွင့္ အမိႈက္သိမ္းယာဥ္တစ္စီးလည္းအားျဖည့္ ကူညီေပးခဲ့ေၾကာင္းႏွင့္ အဆိုပါ အမႈိက္ေကာက္ပြဲသို႔  က်ဳိင္းတံုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္ႏွင့္ ဌာနဆိုင္ရာမ်ား အပါအ၀င္ စိမ္းလဲ့ေတာင္တန္းပရဟိတအဖြဲ႕ ႏွင့္  Rainbow ပရဟိတအဖြဲ႕အျပင္ က်ဳိင္းတံုလူငယ္စင္တာတို႔မွ လူငယ္မ်ား ႏွင့္ ျပည္သူမ်ားလည္း ပူးေပါင္းပါ၀င္ခဲ့ၾကေၾကာင္း သိရသည္။

က်ဳိင္းတံုလူငယ္မ်ား ပလပ္စတစ္အမႈိက္ကင္းစင္ေရးလႈပ္ရွားသူမ်ားသည္ က်ဳိင္းတံုၿမိဳ႕ေပၚ အထင္ကရေနရာမ်ားတြင္ စည္းကမ္းမဲ့ ပလပ္စတစ္အမႈိက္မ်ား မစြန္႔ပစ္ေစေရးႏွင့္ စည္းကမ္းမဲ့ ပလပ္စတစ္အမႈိက္ကင္းစင္ေရးအတြက္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ဧၿပီလထဲတြင္ ကားႀကီးကြင္း သို႔မဟုတ္ ေနာင္တံုကန္တြင္ ယခုလို ေဆာင္ရြက္သြားရန္ အစီအစဥ္ရွိေၾကာင္း သိရွိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု- Sai Paw Htoo


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် သစ်တစ်ပင်တောင်တွင် ဌာနဆိုင်ရာများနှင့် မြို့ခံလူငယ်များ ပါဝင်သည့် စုပေါင်းအင်အား (၂၀၀) ကျော်ဖြင့် အမှိုက်ကောက်ခြင်းလုပ်ငန်းကို မတ်လ (၂၄) ရက်နေ့ နံနက်(၈)နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ဌာနဆိုင်ရာက သူတွေရောလာတော့ လူ (၂၀၀) ကျော်လောက်လာတယ်။ ပလပ်စတစ်အမှိုက်တွေရော သစ်ရွက်ခြောက်တွေရော အကုန်လှဲသွားတယ်။ စည်ပင်က ကားတစ်စီးလာတယ်။ အမှိုက်တွေကိုမီးရှိုလိုက်တယ်ဗျ။ ဌာနဆိုင်ရာက တော်တော်များတယ်။ Rainbow အဖွဲ့ဆိုပြီး ကလေး (၂၀) ကျော်လောက်ပါတယ်။ အပြင်လူတွေလည်း လာကြတာပေါ့။ နောက်လထဲမှာတော့ ကားကြီးကွင်းမဟုတ်ရင် နောင်တုံကန်မှာကောက်သွားမှာပါ"ဟု ကျိုင်းတုံလူငယ်များ ပလပ်စတစ်အမှိုက်ကင်းစင်ရေးလှုပ်ရှားသူများတွင် အဓိက ပါဝင်သူ မမီဆော(အာခါ)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သစ်တစ်ပင်တောင် အမှိုက်ကောက်လုပ်ရှားမှုကို နံနက် (၈) နာရီက စတင်ခဲ့ပြီး နေ့လည် (၁၂) နာရီတွင် ပြီးဆုံးသွားခဲ့ပြီး ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် အမှိုက်သိမ်းယာဉ်တစ်စီးလည်းအားဖြည့် ကူညီပေးခဲ့ကြောင်းနှင့် အဆိုပါ အမှိုက်ကောက်ပွဲသို့ ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ဌာနဆိုင်ရာများ အပါအဝင် စိမ်းလဲ့တောင်တန်းပရဟိတအဖွဲ့ နှင့် Rainbow ပရဟိတအဖွဲ့အပြင် ကျိုင်းတုံလူငယ်စင်တာတို့မှ လူငယ်များ နှင့် ပြည်သူများလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံလူငယ်များ ပလပ်စတစ်အမှိုက်ကင်းစင်ရေးလှုပ်ရှားသူများသည် ကျိုင်းတုံမြို့ပေါ် အထင်ကရနေရာများတွင် စည်းကမ်းမဲ့ ပလပ်စတစ်အမှိုက်များ မစွန့်ပစ်စေရေးနှင့် စည်းကမ်းမဲ့ ပလပ်စတစ်အမှိုက်ကင်းစင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဧပြီလထဲတွင် ကားကြီးကွင်း သို့မဟုတ် နောင်တုံကန်တွင် ယခုလို ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ- Sai Paw Htoo

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net