ထုိင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္အား အပ္ႏွင္းထားသည့္ ေတာ္ဝင္အေဆာင္အေယာင္မ်ားကို ျပန္လည္ ရုပ္သိမ္း

ထုိင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္အား အပ္ႏွင္းထားသည့္ ေတာ္ဝင္အေဆာင္အေယာင္မ်ားကို ျပန္လည္ ရုပ္သိမ္း
မတ် 31, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံဝန္ႀကီးခ်ဳပ္ေဟာင္း ဘီလ်ံနာ သက္ဆင္ရွင္နာဝပ္ထရာအား ခ်ီးျမႇင့္ထားသည့္ ေတာ္ဝင္အေဆာင္အေယာင္မ်ားကုိ ထုိင္းဘုရင္က ျပန္လည္ရုပ္သိမ္းလုိက္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ မတ္လ (၃၀)ရက္ေန႔ ေၾကညာခ်က္ ထုတ္ျပန္လုိက္သည္။

ထုိင္းစစ္တပ္က အႏုိင္ရပါတီထံမွ အာဏာသိမ္းလုိက္သည့္ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအႀကိမ္ က်င္းပသည့္ ေရြးေကာက္ပြဲအၿပီး တစ္ပတ္အၾကာတြင္ ထုိင္းဘုရင္ မဟာဗက္ဂ်ီယာေလာင္ကြန္း၏ အမိန္႔ျပန္တမ္းထုတ္ျပန္လာျခင္း ျဖစ္သည္။

သက္ဆင္အား ေပးအပ္ထားေသာ ေတာ္ဝင္အေဆာင္အေယာင္ဂုဏ္ပုဒ္အားလံုးကုိ အၿပီးအပုိင္ရုပ္သိမ္းေၾကာင္း ဘုရင့္အမိန္ ့ျပန္တမ္းတစ္ေစာင္ကုိ ၂၀၁၉ခုႏွစ္ မတ္လ (၃ဝ)ရက္တြင္ ထုတ္ျပန္ခဲ့ၿပီး ယင္းအမိန္ ့မွာ မတ္လ(၂၉)ရက္ေန႔ကတည္းက စတင္အသက္ဝင္ေနၿပီျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

သက္ဆင္သည္ တရားရံုးခ်ဳပ္တြင္ တရားရင္ဆုိင္ေနရၿပီး ထုိင္းႏုိင္ငံအတြက္ မေလ်ာ္ကန္သည့္လုပ္ေဆာင္ခ်က္မ်ား၊ အျပဳအမူမ်ား လုပ္ေဆာင္သျဖင့္ ေတာ္ဝင္အေဆာင္အယာင္မ်ား ျပန္လည္ရုပ္သိမ္းျခင္းျဖစ္သည္ဟု အဆိုပါျပန္တမ္းတြင္ ေဖၚျပထားသည္။

ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္သည္ အာဏာသိမ္းခံရသည့္ ၂၀၀၆ ခုႏွစ္ကတည္းက ႏုိင္ငံျပင္ပတြင္ တိမ္းေရွာင္ေနခဲ့ျခင္းျဖစ္ကာ ညီမျဖစ္သူ ရင္လပ္ရွင္နာဝပ္ထရာမွာလည္း ၂၀၁၁ ခုႏွစ္တြင္ ဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့ေသာ္လည္း အာဏာသိမ္းခံခဲ့ရျခင္းျဖစ္သည္။

လက္ရိွ ေရြးေကာက္ပြဲရလဒ္အရ သက္ဆင္အားေပးေထာက္ခံသည့္ ေဖြထုိင္းပါတီက စစ္တပ္ေထာက္ခံသည့္ ဖလန္ဖရာခ်ရတ္ပါတီႏွင့္ ၿပိဳင္ဘက္ျဖစ္ေနၿပီး ေရြးေကာက္ပြဲကာလတြင္လည္း လူေကာင္းကိုေရြးခ်ယ္ၾကပါဟု ထုိင္းဘုရင္က လူထုအား တုိက္တြန္းထားသည္ကို ေတြ႔ရသည္။

ထုိင္းႏုိင္ငံမွာ စည္းမ်ဥ္းခံဘုရင္စနစ္ျဖစ္ေသာ္လည္း ေတာ္ဝင္မိသားစုအား ေဝဖန္ေျပာၾကားမႈမ်ားႏွင့္ပတ္သက္၍ ျပင္းျပင္းထန္ထန္အေရးယူေလ့ရိွသည္။

Tachileik News Agency
Ref; The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ဘီလျံနာ သက်ဆင်ရှင်နာဝပ်ထရာအား ချီးမြှင့်ထားသည့် တော်ဝင်အဆောင်အယောင်များကို ထိုင်းဘုရင်က ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထိုင်းစစ်တပ်က အနိုင်ရပါတီထံမှ အာဏာသိမ်းလိုက်သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာတွင် ထိုင်းဘုရင် မဟာဗက်ဂျီယာလောင်ကွန်း၏ အမိန့်ပြန်တမ်းထုတ်ပြန်လာခြင်း ဖြစ်သည်။

သက်ဆင်အား ပေးအပ်ထားသော တော်ဝင်အဆောင်အယောင်ဂုဏ်ပုဒ်အားလုံးကို အပြီးအပိုင်ရုပ်သိမ်းကြောင်း ဘုရင့်အမိန့်ပြန်တမ်းတစ်စောင်ကို ၂၀၁၉ခုနှစ် မတ်လ (၃ဝ)ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ မတ်လ(၂၉)ရက်နေ့ကတည်းက စတင်အသက်ဝင်နပြေီဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

သက်ဆင်သည် တရားရုံးချုပ်တွင် တရားရင်ဆိုင်နေရပြီး ထိုင်းနိုင်ငံအတွက် မလျော်ကန်သည့်လုပ်ဆောင်ချက်များ၊ အပြုအမူများ လုပ်ဆောင်သဖြင့် တော်ဝင်အဆောင်အယာင်များ ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်ဟု အဆိုပါပြန်တမ်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အာဏာသိမ်းခံရသည့် ၂၀၀၆ ခုနှစ်ကတည်းက နိုင်ငံပြင်ပတွင် တိမ်းရှောင်နေခဲ့ခြင်းဖြစ်ကာ ညီမဖြစ်သူ ရင်လပ်ရှင်နာဝပ်ထရာမှာလည်း ၂၀၁၁ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်ခဲ့သော်လည်း အာဏာသိမ်းခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိ ရွေးကောက်ပွဲရလဒ်အရ သက်ဆင်အားပေးထောက်ခံသည့် ဖွေထိုင်းပါတီက စစ်တပ်ထောက်ခံသည့် ဖလန်ဖရာချရတ်ပါတီနှင့် ပြိုင်ဘက်ဖြစ်နပြေီး ရွေးကောက်ပွဲကာလတွင်လည်း လူကောင်းကိုရွေးချယ်ကြပါဟု ထိုင်းဘုရင်က လူထုအား တိုက်တွန်းထားသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်ဖြစ်သော်လည်း တော်ဝင်မိသားစုအား ဝေဖန်ပြောကြားမှုများနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်အရေးယူလေ့ရှိသည်။

Tachileik News Agency
Ref; The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net