ကျိုင်းတုံ စော်ဘွားဈေးနေ့သို့ လာရောက်သူများပြား

ကျိုင်းတုံ စော်ဘွားဈေးနေ့သို့ လာရောက်သူများပြား
မတျ 27, 2019
By Tachileik News Agency



သတင်း/ဓာတ်ပုံ - ဇွဲမြတ်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နှစ်စဉ်တစ်ရက်တာ ကျင်းပသည့် ဈေးဟောင်းနေ့(သို့မဟုတ်) စော်ဘွားဈေးနေ့ကို ၂၀၁၉ခုနှစ် မတ်လ (၂၇)ရက်နေ့ နံနက်အစောပိုင်းက ဈေးတန်းကြီးလမ်းမှ စတင်ကာ ပါလျှံ မြို့တံခါး တစ်လျှောက်တွင် ကျင်းပလျှက်ရှိပြီး ဈေးသည်များ၊ ဈေးဝယ်သူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

“စော်ဘွားဈေးနေ့ သတ်မှတ်ဖို့က တပေါင်းလဆုတ်ရက် အတွင်းဖြစ်ရမယ်။ “စုံ” ရက် မယူဘဲ"မ"ရက် ရွေးရမယ်။ ကျိုင်းတုံမြို့နယ်ထဲက ကတ်တောင်ဈေးနေ့နဲ့ တူရမယ်။ အဲဒီအချက်တွေနဲ့ ကိုက်ညီတဲ့ရက်ကို ဈေးနေ့အဖြစ် သတ်မှတ်ကြတယ်”ဟု ကျိုင်းတုံဒေသခံ ဦးကောင်းမြတ်က ပြောသည်။

တစ်နှစ်တွင် တစ်ရက်သာ ကျရောက်သည့် စော်ဘွားဈေးနေ့တွင် စော်ဘွား သင်္ချိုင်းသို့လာရောက်ပြီး ပူဇော်ဂါရဝပြုသူများကိုလည်း တွေ့ရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net