တနသၤာရီတုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီး (၂)ဦးကို ရာထူးမွ ႏႈတ္ထြက္ခြင့္ျပဳ

တနသၤာရီတုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီး (၂)ဦးကို ရာထူးမွ ႏႈတ္ထြက္ခြင့္ျပဳ
မတ် 20, 2019
By 🌸
တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ စီမံကိန္းနွင့္ ဘ႑ာေရးဝန္ႀကီး၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးတုိ႔ (၂)ဦးအား ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၉)ရက္ေန႔မွစ၍ ရာထူးမွ ႏႈတ္ထြက္ခြင့္ျပဳလုိက္ေၾကာင္း ႏုိင္ငံေတာ္သမၼတရံုးက မတ္လ (၂၀)ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

ႏုိင္ငံေတာ္သမၼတရံုး၏ အမိန္႔အမွတ္ ၁၀/၂၀၁၉၊ မတ္လ(၁၉)ရက္ေန႔ ရက္စြဲျဖင့္ထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္တြင္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးၿဖိဳးဝင္းထြန္း၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဦးၾကည္လိႈင္တို႔ကို ၎တို႔၏ဆႏၵသေဘာအေလ်ာက္ တုိင္းေဒသႀကီးဝန္ႀကီးရာထူးမ်ားမွ ႏႈတ္ထြက္ခြင့္ျပဳျခင္းျဖစ္ေၾကာင္း ေဖၚျပထားသည္။

ယင္းကဲ့သို႔ႏႈတ္ထြက္ခြင့္ျပဳလုိက္ျခင္းေၾကာင္း ႏုိင္ငံေတာ္သမၼတရံုး၏ထုတ္ျပန္ခ်က္မွာ မတ္လအတြင္း တနသၤာရီတုိင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ပတ္သက္၍ ဒုတိယေျမာက္ထုတ္ျပန္ခ်က္ျဖစ္ၿပီး မတ္လ (၁၁)ရက္ေန႔ကလည္း ႏိုင္ငံေတာ္သမၼတရံုး အမိန္႔အမွတ္၊ ၉ / ၂၀၁၉ ျဖင့္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္ကို တာဝန္မွရပ္စဲေၾကာင္း ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္မွာ အဂတိလိုက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္က ၂၀၁၉ ခုႏွစ္ မတ္လ (၁၀)ရက္ေန႔တြင္ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူခံထားရျခင္းျဖစ္သည္။

လက္ရိွတြင္ လစ္လပ္ေနသည့္ တနသၤာရီတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္အျဖစ္ တုိင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးျမင့္ေမာင္အား ခန္႔အပ္တာဝန္ေပးႏုိင္ေရး ႏုိင္ငံေတာ္သမၼတရံုးက လႊတ္ေတာ္၏သေဘာထားေတာင္းခံထားသျဖင့္ တုိင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝးကို မတ္လ (၂၂)ရက္ေန႔တြင္ က်င္းပရန္စီစဥ္ထားျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး (၂)ဦးကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု
*************
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတို့ (၂)ဦးအား ၂၀၁၉ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှစ၍ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၀/၂၀၁၉၊ မတ်လ(၁၉)ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့ကို ၎င်းတို့၏ဆန္ဒသဘောအလျောက် တိုင်းဒေသကြီးဝန်ကြီးရာထူးများမှ နှုတ်ထွက်ခွင့်ပြုခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

ယင်းကဲ့သို့နှုတ်ထွက်ခွင့်ပြုလိုက်ခြင်းကြောင်း နိုင်ငံတော်သမ္မတရုံး၏ထုတ်ပြန်ချက်မှာ မတ်လအတွင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပတ်သက်၍ ဒုတိယမြောက်ထုတ်ပြန်ချက်ဖြစ်ပြီး မတ်လ (၁၁)ရက်နေ့ကလည်း နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၉ / ၂၀၁၉ ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တာဝန်မှရပ်စဲကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၁၉ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရခြင်းဖြစ်သည်။

လက်ရှိတွင် လစ်လပ်နေသည့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ခန့်အပ်တာဝန်ပေးနိုင်ရေး နိုင်ငံတော်သမ္မတရုံးက လွှတ်တော်၏သဘောထားတောင်းခံထားသဖြင့် တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို မတ်လ (၂၂)ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net