ျမ၀တီ ႏွင့္ မဲေဆာက္အၾကား ျမန္မာ - ထုိင္းနယ္စပ္ျဖတ္သန္းတံတားထပ္တိုးဖြင့္လွစ္လုိက္၍ ကုန္သြယ္မႈပမာဏတိုးလာရန္ ထုိင္းေမွ်ာ္လင့္

ျမ၀တီ ႏွင့္ မဲေဆာက္အၾကား ျမန္မာ - ထုိင္းနယ္စပ္ျဖတ္သန္းတံတားထပ္တိုးဖြင့္လွစ္လုိက္၍ ကုန္သြယ္မႈပမာဏတိုးလာရန္ ထုိင္းေမွ်ာ္လင့္
မတ် 20, 2019
By Tachileik News Agency

ျမဝတီၿမိဳ႕ ႏွင့္ မဲေဆာက္ၿမိဳ႕အၾကား ျမန္မာ - ထုိင္းႏုိင္ငံတို႔၏ စတုတၳေျမာက္ခ်စ္ၾကည္ေရးတံတားသစ္ဖြင့္လွစ္လုိက္သည့္ အတြက္ ျမဝတီႏွင့္ မဲေဆာက္ၾကား လက္ရိွတစ္ႏွစ္ကုန္သြယ္မႈ ပမာဏျဖစ္သည့္ ဘတ္ (၈၀)ဘီလီယံဝန္းက်င္မွ ဘီလီယံ (၁၀၀)ဝန္းက်င္အထိ တိုးလာႏိုင္ၿပီး နယ္စပ္ျဖတ္ေက်ာ္ ခရီးသြားမ်ားလည္း တိုးလာဖြယ္ရိွသည္ဟု ထုိင္းႏုိင္ငံဘက္မွ ခန္႔မွန္းထားသည္။

မုိးအိ/ ေသာင္ရင္းျမစ္ကို ျဖတ္ေက်ာ္ၿပီး ျမန္မာႏုိင္ငံဘက္မွ ျမဝတီၿမိဳ႕နယ္ႏွင့္ ထုိင္းႏုိင္ငံဘက္မွ မဲေဆာက္ၿမိဳ႕နယ္ တာ့ခ္ခ႐ိုင္တုိ႔ကို ဆက္သြယ္ထားသည့္ (၇၆၀)မီတာအရွည္ ေလးလမ္းသြားတံတားကို ၂၀၁၉ ခုႏွစ္၊ မတ္လ(၁၉)ရက္ေန႔က စတင္ဖြင့္လွစ္ရာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ထုိင္းဝန္ႀကီးခ်ဳပ္ မစၥတာ ပရာယုဒ္ ခ်န္အိုခ်ာတို႔ တက္ေရာက္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ တံတားကို ထုိင္းႏုိင္ငံက ဘတ္ (၃)ဘီလီယံအသံုးျပဳ၍ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အေရွ႕အေနာက္ စီးပြားေရးစႀကၤ ံတစ္ေလွ်ာက္ရွိ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားကို ဆက္သြယ္မည့္လမ္းပိုင္းျဖစ္လာရန္ ေမွ်ာ္မွန္းထားျခင္းျဖစ္သည္။

တံတားတည္ေဆာက္ေရးအတြက္ ၂ဝ၁၂ ခုႏွစ္၊ ေမလမွစတင္၍ ႏွစ္ႏုိင္ငံအဖြဲ႕မ်ားျဖင့္ ကြင္းဆင္းစစ္ေဆးကာ ပႏၷက္တင္ျခင္းကို ၂၀၁၅ ခုႏွစ္၊ ၾသဂုတ္လ၌လုပ္ေဆာင္ခဲ့ၿပီး တံတားၿပီးစီးသည္အထိ တည္ေဆာက္ခ်ိန္ (၄)ႏွစ္ ၾကာျမင့္ခဲ့ျခင္းျဖစ္သည္။

ျမဝတီ - မဲေဆာက္ၾကား အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွာ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားျဖင့္ ႀကံဳေတြ႔ေနရသျဖင့္ လက္ရိွတံတားသစ္ေၾကာင့္ အဆိုပါ ျပႆနာမ်ား ေျပလည္သြားဖြယ္ရိွၿပီး တံတားႏွစ္ခုစလံုးမွေန၍ ျဖတ္သန္းသြားလာခြင့္ရၾကမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ ထုိင္းဝန္ႀကီးခ်ဳပ္တုိ႔၏ ေတြ႔ဆံုမႈအတြင္း လတ္တေလာႀကံဳေတြ႕ေနရသည့္ မီးခိုးေငြ႕မ်ားေၾကာင့္ ေလထုညစ္ညမ္းမႈျပႆနာအပါအဝင္ ႏွစ္ႏုိင္ငံကိစၥရပ္မ်ား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - myanmar state counsellor


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြဝတီမြို့ နှင့် မဲဆောက်မြို့အကြား မြန်မာ - ထိုင်းနိုင်ငံတို့၏ စတုတ္ထမြောက်ချစ်ကြည်ရေးတံတားသစ်ဖွင့်လှစ်လိုက်သည့် အတွက် မြဝတီနှင့် မဲဆောက်ကြား လက်ရှိတစ်နှစ်ကုန်သွယ်မှု ပမာဏဖြစ်သည့် ဘတ် (၈၀)ဘီလီယံဝန်းကျင်မှ ဘီလီယံ (၁၀၀)ဝန်းကျင်အထိ တိုးလာနိုင်ပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားများလည်း တိုးလာဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံဘက်မှ ခန့်မှန်းထားသည်။

မိုးအိ/ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်မှ မြဝတီမြို့နယ်နှင့် ထိုင်းနိုင်ငံဘက်မှ မဲဆောက်မြို့နယ် တာ့ခ်ခရိုင်တို့ကို ဆက်သွယ်ထားသည့် (၇၆၀)မီတာအရှည် လေးလမ်းသွားတံတားကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့က စတင်ဖွင့်လှစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာတို့ တက်ရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တံတားကို ထိုင်းနိုင်ငံက ဘတ် (၃)ဘီလီယံအသုံးပြု၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှေ့အနောက် စီးပွားရေးစင်္ကြံတစ်လျှောက်ရှိ အရှေ့တောင်အာရှနိုင်ငံများကို ဆက်သွယ်မည့်လမ်းပိုင်းဖြစ်လာရန် မျှော်မှန်းထားခြင်းဖြစ်သည်။

တံတားတည်ဆောက်ရေးအတွက် ၂ဝ၁၂ ခုနှစ်၊ မေလမှစတင်၍ နှစ်နိုင်ငံအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးကာ ပန္နက်တင်ခြင်းကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ၌လုပ်ဆောင်ခဲ့ပြီး တံတားပြီးစီးသည်အထိ တည်ဆောက်ချိန် (၄)နှစ် ကြာမြင့်ခဲ့ခြင်းဖြစ်သည်။

မြဝတီ - မဲဆောက်ကြား အမှတ်(၁)ချစ်ကြည်ရေးတံတားမှာ ယာဉ်ကြောပိတ်ဆို့မှုများဖြင့် ကြုံတွေ့နေရသဖြင့် လက်ရှိတံတားသစ်ကြောင့် အဆိုပါ ပြဿနာများ ပြေလည်သွားဖွယ်ရှိပြီး တံတားနှစ်ခုစလုံးမှနေ၍ ဖြတ်သန်းသွားလာခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းဝန်ကြီးချုပ်တို့၏ တွေ့ဆုံမှုအတွင်း လတ်တလောကြုံတွေ့နေရသည့် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုပြဿနာအပါအဝင် နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - myanmar state counsellor 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net