မယ္ဆုိင္ဂူအတြင္းမွ ကယ္ဆယ္ေရးပစၥည္းမ်ား သယ္ထုတ္ရာသို႔ ေတာဝက္အသင္းက ကူညီေပးေန

မယ္ဆုိင္ဂူအတြင္းမွ ကယ္ဆယ္ေရးပစၥည္းမ်ား သယ္ထုတ္ရာသို႔ ေတာဝက္အသင္းက ကူညီေပးေန
မတ် 23, 2019
By 🌸
ထုိင္းႏုိင္ငံ မယ္ဆုိင္ဂူအတြင္း ကယ္ဆယ္ေရးလုပ္စဥ္က က်န္ခဲ့သည့္ပစၥည္းမ်ားကို ေရတပ္အထူးအဖြဲ႕ႏွင့္ တာဝန္ရိွသူမ်ားက သယ္ထုတ္ေနရာ ဂူအတြင္းမွကယ္ဆယ္ခံရသူ (၁၃)ဦးကလည္း ပါဝင္ကူညီေနေၾကာင္း သိရသည္။

မယ္ဆုိင္ဂူအတြင္း ကယ္ဆယ္ေရးလုပ္စဥ္က က်န္ခဲ့သည့္ပစၥည္းမ်ားကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၈)ရက္ေန႔မွစ၍ သယ္ထုတ္ေနျခင္းျဖစ္ၿပီး သယ္ထုတ္လာသည့္ပစၥည္းမ်ားကို သက္ဆုိင္ရာဌာနမ်ားသို႔ သယ္ေဆာင္ေပးပို႔ေနေၾကာင္း သိရသည္။

ဂူအတြင္းမွပစၥည္းမ်ား သယ္ထုတ္ေနသည့္ကာလတြင္ အမ်ားျပည္သူဝင္ေရာက္လည္ပတ္ခြင့္ကို ပိတ္ပင္ထားၿပီး ဂူအတြင္းမွပစၥည္းမ်ားကို ထပ္မံသယ္ထုတ္ရန္က်န္ေနေသးေၾကာင္း သိရသည္။

မယ္ဆုိင္ရိွ ေတာဝက္ေဘာလံုးအသင္းမွ အသက္ (၁၁)ႏွစ္မွ (၁၆)ႏွစ္အရြယ္ ကေလး (၁၂)ဦးႏွင့္ အသက္ (၂၅)ႏွစ္အရြယ္ နည္းျပတုိ႔သည္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၃)ရက္ေန႔က ထမ့္လြမ္ဂူအတြင္း ဝင္သြားရာမွ ဂူအတြင္းေရမ်ား ျပည့္သြားသျဖင့္ ပိတ္မိေနခဲ့ၾကရာ ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရးလုပ္ေဆာင္ခဲ့ရၿပီး ႏုိင္ငံတကာမွ ပါဝင္ကူညီေပးခဲ့ၾကျခင္းျဖစ္သည္။

Chiang Rai PR Department, Thaiger

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ရေးပစ္စည်းများ သယ်ထုတ်ရာသို့ တောဝက်အသင်းက ကူညီပေးနေ
*********
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်စဉ်က ကျန်ခဲ့သည့်ပစ္စည်းများကို ရေတပ်အထူးအဖွဲ့နှင့် တာဝန်ရှိသူများက သယ်ထုတ်နေရာ ဂူအတွင်းမှကယ်ဆယ်ခံရသူ (၁၃)ဦးကလည်း ပါဝင်ကူညီနေကြောင်း သိရသည်။

မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်စဉ်က ကျန်ခဲ့သည့်ပစ္စည်းများကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့မှစ၍ သယ်ထုတ်နေခြင်းဖြစ်ပြီး သယ်ထုတ်လာသည့်ပစ္စည်းများကို သက်ဆိုင်ရာဌာနများသို့ သယ်ဆောင်ပေးပို့နေကြောင်း သိရသည်။

ဂူအတွင်းမှပစ္စည်းများ သယ်ထုတ်နေသည့်ကာလတွင် အများပြည်သူဝင်ရောက်လည်ပတ်ခွင့်ကို ပိတ်ပင်ထားပြီး ဂူအတွင်းမှပစ္စည်းများကို ထပ်မံသယ်ထုတ်ရန်ကျန်နေသေးကြောင်း သိရသည်။

မယ်ဆိုင်ရှိ တောဝက်ဘောလုံးအသင်းမှ အသက် (၁၁)နှစ်မှ (၁၆)နှစ်အရွယ် ကလေး (၁၂)ဦးနှင့် အသက် (၂၅)နှစ်အရွယ် နည်းပြတို့သည် ၂၀၁၈ ခုနှစ် ဇွန်လ (၂၃)ရက်နေ့က ထမ့်လွမ်ဂူအတွင်း ဝင်သွားရာမှ ဂူအတွင်းရေများ ပြည့်သွားသဖြင့် ပိတ်မိနေခဲ့ကြရာ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရပြီး နိုင်ငံတကာမှ ပါဝင်ကူညီပေးခဲ့ကြခြင်းဖြစ်သည်။

Chiang Rai PR Department, Thaiger

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net