ထုိင္းႏိုင္ငံတြင္ ယာဥ္တုိက္မႈ (၃)ခုအတြင္း ျမန္မာႏုိင္ငံသား (၃)ဦးေသဆံုးၿပီး (၂)ဦးဒဏ္ရာရ

ထုိင္းႏိုင္ငံတြင္ ယာဥ္တုိက္မႈ (၃)ခုအတြင္း ျမန္မာႏုိင္ငံသား (၃)ဦးေသဆံုးၿပီး (၂)ဦးဒဏ္ရာရ
မတ် 18, 2019
By 🌸
ထိုင္းႏုိင္ငံတြင္ ႏွစ္ရက္တာအတြင္း ေမာ္ေတာ္ယာဥ္တိုက္မႈ (၃)ခုေၾကာင့္ ျမန္မာႏုိင္ငံသား (၃)ဦးေသဆံုးၿပီး (၂)ဦးဒဏ္ရာရသျဖင့္ ျမန္မာအလုပ္သမားသံအရာရိွရံုးက ကူညီေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

ထိုင္းနုိင္ငံ၊ ဆင္ဘူရီၿမိဳ႕အနီးတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၈)ရက္ေန႔ နံနက္ (၁)နာရီအခ်ိန္က ကုန္တင္ယာဥ္ႏွင့္ ခရီးသည္တင္ယာဥ္တုိက္မိသျဖင့္ ျမန္မာႏိုင္ငံသို႔ ခြင့္ျဖင့္ျပန္လာသည့္ ဇနီးေမာင္ႏွံအနက္ ခင္ပြန္းျဖစ္သူ YE AUNG (MB649403) ေသဆံုးသြားၿပီး ဇနီးျဖစ္သူ LEI LEI WIN (MB-649402) မွာ ထိခုိက္ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ထို္င္းနိုင္ငံေတာင္ပိုင္း၊ ကဘီၿမိဳ႕တြင္ မတ္လ(၁၇)ရက္ေန႔ညပိုင္းက ဆုိင္ကယ္ႏွင့္ကားတုိက္မိ၍ ျမန္မာႏိုင္ငံသားတစ္ဦး ေသဆံုးခဲ့ကာ မတ္လ (၁၈)ရက္ေန႔ နံနက္ပိုင္းကလည္း ရေနာင္းခရိုင္တြင္ ေစ်းဝယ္ထြက္လာသည့္ ျမန္မာေလွလုပ္သား(၂)ဦးႏွင့္ ကုန္တင္ယာဥ္တုိက္မိ၍ (၁)ဦးေသဆံုးၿပီး (၁)ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

 ေသဆံုးသြားသည့္ ျမန္မာႏုိင္ငံသား (၃)ဦးကို ထံုးတမ္းအစဥ္အလာအတိုင္း သၿဂိဳလ္ေပးႏုိင္ေရး၊  ေမာ္ေတာ္ယာဥ္ႏွင့္ပတ္သက္သည့္ အာမခံမ်ား ခံစားခြင့္ရရိွေရး၊ ေဆးရံုတက္သူမ်ား အဆင္ေျပေစေရးႏွင့္ လိုအပ္သည္မ်ားလုပ္ေဆာင္ေပးႏုိင္ေရးအတြက္ အလုပ္သမားသံအရာရိွရံုးက ေဆာင္ရြက္ေပးေနသျဖင့္ မိသားစုဝင္မ်ားအေနျဖင့္ အလုပ္သမားသံအရာရိွရံုးသို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

ထုိင္းနို္င္ငံေရာက္ ျမန္မာလုပ္သားမ်ားအေနျဖင့္ အကူအညီလိုအပ္ပါက အလုပ္သမားသံအရာရွိမ်ားထံ ဖုန္းဆက္သြယ္မႈအျပင္ Line၊ Viberႏွင့္ အလုပ္သမားသံအရာရွိရံုး၏ Facebookစာမ်က္ႏွာျဖစ္ သည့္ LA-Thailand Page တို႔မွတစ္ဆင့္ ဆက္သြယ္အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။

အလုပ္သမားသံအရာရိွရံုးသို႔ ဆက္သြယ္လိုပါက ဦးစန္းေမာင္ဦး(ဘန္ေကာက္) Phone | Viber | Line - 09 4884 5484၊ ဦးသန္းႏုိင္ (ဘန္ေကာက္)Phone | Viber | Line - 06 5220 6952၊ ဦးေဇာ္မင္းေအာင္(ရေနာင္း)Phone | Viber | Line -06 5220 6951၊ ဦးေအာင္မင္း(မဲေဆာက္)Phone | Viber | Line - 06 5220 6953၊ ဦးဦးခင္ေမာင္(ခ်င္းမုိင္) Phone | Viber | Line - 09 9059 2352 တုိ႔သို႔ ဆက္သြယ္ႏုိင္ၾကေၾကာင္း သိရသည္။

Tachielik News Agency
ဓါတ္ပံု - LA Thailand

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှု (၃)ခုအတွင်း မြန်မာနိုင်ငံသား (၃)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရ
*******
ထိုင်းနိုင်ငံတွင် နှစ်ရက်တာအတွင်း မော်တော်ယာဉ်တိုက်မှု (၃)ခုကြောင့် မြန်မာနိုင်ငံသား (၃)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရသဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဆင်ဘူရီမြို့အနီးတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့ နံနက် (၁)နာရီအချိန်က ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တိုက်မိသဖြင့် မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လာသည့် ဇနီးမောင်နှံအနက် ခင်ပွန်းဖြစ်သူ YE AUNG (MB649403) သေဆုံးသွားပြီး ဇနီးဖြစ်သူ LEI LEI WIN (MB-649402) မှာ ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကဘီမြို့တွင် မတ်လ(၁၇)ရက်နေ့ညပိုင်းက ဆိုင်ကယ်နှင့်ကားတိုက်မိ၍ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကာ မတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းကလည်း ရနောင်းခရိုင်တွင် ဈေးဝယ်ထွက်လာသည့် မြန်မာလှေလုပ်သား(၂)ဦးနှင့် ကုန်တင်ယာဉ်တိုက်မိ၍ (၁)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

 သေဆုံးသွားသည့် မြန်မာနိုင်ငံသား (၃)ဦးကို ထုံးတမ်းအစဉ်အလာအတိုင်း သဂြိုလ်ပေးနိုင်ရေး၊  မော်တော်ယာဉ်နှင့်ပတ်သက်သည့် အာမခံများ ခံစားခွင့်ရရှိရေး၊ ဆေးရုံတက်သူများ အဆင်ပြေစေရေးနှင့် လိုအပ်သည်များလုပ်ဆောင်ပေးနိုင်ရေးအတွက် အလုပ်သမားသံအရာရှိရုံးက ဆောင်ရွက်ပေးနေသဖြင့် မိသားစုဝင်များအနေဖြင့် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် အကူအညီလိုအပ်ပါက အလုပ်သမားသံအရာရှိများထံ ဖုန်းဆက်သွယ်မှုအပြင် Line၊ Viberနှင့် အလုပ်သမားသံအရာရှိရုံး၏ Facebookစာမျက်နှာဖြစ် သည့် LA-Thailand Page တို့မှတစ်ဆင့် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်လိုပါက ဦးစန်းမောင်ဦး(ဘန်ကောက်) Phone | Viber | Line - 09 4884 5484၊ ဦးသန်းနိုင် (ဘန်ကောက်)Phone | Viber | Line - 06 5220 6952၊ ဦးဇော်မင်းအောင်(ရနောင်း)Phone | Viber | Line -06 5220 6951၊ ဦးအောင်မင်း(မဲဆောက်)Phone | Viber | Line - 06 5220 6953၊ ဦးဦးခင်မောင်(ချင်းမိုင်) Phone | Viber | Line - 09 9059 2352 တို့သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

Tachielik News Agency
ဓါတ်ပုံ - LA Thailand

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net