မိုင္းဆတ္ - မုိင္းခုတ္လမ္းတြင္ တရားမဝင္သယ္လာသည့္ သစ္ (၅)တန္နီးပါးကို သယ္ေဆာင္လာသူ (၄)ဦးႏွင့္အတူ ဖမ္းဆီးရမိ

မိုင္းဆတ္ - မုိင္းခုတ္လမ္းတြင္ တရားမဝင္သယ္လာသည့္ သစ္ (၅)တန္နီးပါးကို သယ္ေဆာင္လာသူ (၄)ဦးႏွင့္အတူ ဖမ္းဆီးရမိ
မတ် 18, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းခုတ္ၿမိဳ႕ နယ္ေျမခံတပ္၊ သစ္ေတာဌာန၊ ရဲတပ္ဖြဲ႕၊ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕တို႔ ပါဝင္သည့္ပူးေပါင္းအဖြဲ႕ျဖင့္ တရားမဝင္သစ္ဖမ္းဆီးေရးေဆာင္ရြက္ေနရာ မုိင္းဆတ္ - မုိင္းခုတ္လမ္းမွ တရားမဝင္သယ္လာသည့္သစ္ (၄.၉၇၈)တန္ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕သည္ မတ္လ (၁၇) ရက္ေန႔ နံနက္(၉)နာရီခြဲက မိုင္းဆတ္-မိုင္းခုတ္ကားလမ္း မိုင္တိုင္အမွတ္  (၅၄)ႏွင့္(၅၅)ကီလိုမီတာၾကားတြင္ ယာဥ္ေမာင္း ဦးမင္းမင္း၊ ယာဥ္ေနာက္လိုက္ ဦးေဇာ္ဆူးတို႔လုိက္ပါလာသည့္ ယာဥ္အမွတ္ 1A-2929 ဒိုင္နာ(၆)ဘီးယာဥ္ေပၚမွ တရားမ၀င္ပိေတာက္ သစ္ခဲြသားဆိုဒ္စုံ(၁)တန္ႏွင့္ ယာဥ္ေမာင္း ဦးေအာင္ျမင့္သန္း၊ လမ္းေၾကာင္းျပ ဦးရခုိင္(ခ) ဦးေထြးသာတို႔လုိက္ပါလာသည့္ ယာဥ္ အမွတ္၊ 6H-7149 SKAT (၆)ဘီးယာဥ္ေပၚမွ တရားမ၀င္ ပိေတာက္သစ္ခဲြသားဆိုဒ္စုံ (၃.၇၃၆၆)တန္တို႔အား စပါးခြံအိတ္မ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမဝင္သယ္လာသည့္ သစ္မ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ားကို သစ္ေတာဌာနတြင္ သိမ္းဆည္းထားၿပီး မင္းမင္း၊ ေဇာ္တူး၊ ေအာင္ျမင့္သန္းႏွင့္ ရခုိင္(ခ) ေထြးသာတို႔အား မိုင္းခုတ္နယ္ေျမရဲစခန္းတြင္ (ပ)၅/၂၀၁၉၊ သစ္ေတာဥပေဒပုဒ္မ ၄၂(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဆတ် - မိုင်းခုတ်လမ်းတွင် တရားမဝင်သယ်လာသည့် သစ် (၅)တန်နီးပါးကို သယ်ဆောင်လာသူ (၄)ဦးနှင့်အတူ ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခုတ်မြို့ နယ်မြေခံတပ်၊ သစ်တောဌာန၊ ရဲတပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်သစ်ဖမ်းဆီးရေးဆောင်ရွက်နေရာ မိုင်းဆတ် - မိုင်းခုတ်လမ်းမှ တရားမဝင်သယ်လာသည့်သစ် (၄.၉၇၈)တန်ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် မတ်လ (၁၇) ရက်နေ့ နံနက်(၉)နာရီခွဲက မိုင်းဆတ်-မိုင်းခုတ်ကားလမ်း မိုင်တိုင်အမှတ်  (၅၄)နှင့်(၅၅)ကီလိုမီတာကြားတွင် ယာဉ်မောင်း ဦးမင်းမင်း၊ ယာဉ်နောက်လိုက် ဦးဇော်ဆူးတို့လိုက်ပါလာသည့် ယာဉ်အမှတ် 1A-2929 ဒိုင်နာ(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက် သစ်ခွဲသားဆိုဒ်စုံ(၁)တန်နှင့် ယာဉ်မောင်း ဦးအောင်မြင့်သန်း၊ လမ်းကြောင်းပြ ဦးရခိုင်(ခ) ဦးထွေးသာတို့လိုက်ပါလာသည့် ယာဉ် အမှတ်၊ 6H-7149 SKAT (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်သစ်ခွဲသားဆိုဒ်စုံ (၃.၇၃၆၆)တန်တို့အား စပါးခွံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်သယ်လာသည့် သစ်များနှင့် မော်တော်ယာဉ်များကို သစ်တောဌာနတွင် သိမ်းဆည်းထားပြီး မင်းမင်း၊ ဇော်တူး၊ အောင်မြင့်သန်းနှင့် ရခိုင်(ခ) ထွေးသာတို့အား မိုင်းခုတ်နယ်မြေရဲစခန်းတွင် (ပ)၅/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net