မိုင္းဆတ္ၿမိဳ႕တြင္ ေဘာလံုးဒိုင္ႏွင့္ေဘာလံုးေလာင္းသူတို႔အား ေလာင္းကစားဥပေဒျဖင့္ အမႈဖြင့္အေရးယူ

မိုင္းဆတ္ၿမိဳ႕တြင္ ေဘာလံုးဒိုင္ႏွင့္ေဘာလံုးေလာင္းသူတို႔အား ေလာင္းကစားဥပေဒျဖင့္ အမႈဖြင့္အေရးယူ
မတ် 31, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ မိုင္းဆတ္ၿမိဳ႕တြင္ ေဘာလံုးေလာင္းကစားဒိုင္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ ေလာင္းကစားဒိုင္အျဖစ္ လုပ္ကိုင္ေနသည့္ အမ်ိဳးသမီးႏွင့္ ေဘာလံုးပြဲလာေလာင္းေနသည့္ အမ်ိုးသားတစ္ဦးတုိ႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္ေခါင္းေဆာင္ ဒုရဲအုပ္ထက္ေအာင္လႈိင္ ႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ မုိင္းဆတ္ၿမိဳ႕၊ မယ္ဆြမ္ေျမာက္ရပ္ကြက္အတြင္းရွိ သတင္းရေနအိမ္အား ၂၀၁၉ ခုႏွစ္၊ မတ္လ (၃၀)ရက္ေန႔ ည (၇)နာရီေက်ာ္က ဝင္ေရာက္ရွာေဖြရာ အိမ္ရွင္ ေဒၚဝန္းယုန္အား ေလာင္းကစားျပဳလုပ္သည့္ ေဘာင္ခ်ာစာအုပ္မ်ားtအပါအ၀င္ က်ပ္ေငြ (၁,၆၀၃,၀၀၀)တုိ႔ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္တြင္ ေရာက္ရိွေနသည့္ ဦးအင္းေက်ာက္အားရွာေဖြရာ အက်ႌအိတ္ကပ္ အတြင္းမွ ေဘာလံုးေလာင္းကစားထားသည့္ စာရြက္စာတမ္းမ်ား၊ က်ပ္ေငြ (၁၄,၂၀၀)ႏွင့္ ဘတ္ေငြ (၁၀,၅၀၀)ဘတ္တို႔အား ေတြ႔ရေၾကာင္း သိရသည္။

ေလာင္းကစားဒိုင္ျပဳလုပ္သည့္ ေဒၚဝန္းယုန္အား မိုင္းဆတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၅၉/၂၀၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၅(က)/၁၆(က)ျဖင့္ လည္းေကာင္း၊ ေလာင္းကစားျပဳလုပ္သူ ဦးအင္းေက်ာက္အား (ပ)၆၀/၂၀၁၉၊ ေလာင္းကစား ဥပေဒပုဒ္မ ၁၅(က)/၁၆(က)ျဖင့္ အသီးသီးအမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ဘောလုံးလောင်းကစားဒိုင်အား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ လောင်းကစားဒိုင်အဖြစ် လုပ်ကိုင်နေသည့် အမျိုးသမီးနှင့် ဘောလုံးပွဲလာလောင်းနေသည့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဆတ်မြို့မရဲစခန်းမှ နယ်ထိန်ခေါင်းဆောင် ဒုရဲအုပ်ထက်အောင်လှိုင် နှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်အတွင်းရှိ သတင်းရနေအိမ်အား ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ ည (၇)နာရီကျော်က ဝင်ရောက်ရှာဖွေရာ အိမ်ရှင် ဒေါ်ဝန်းယုန်အား လောင်းကစားပြုလုပ်သည့် ဘောင်ချာစာအုပ်များtအပါအဝင် ကျပ်ငွေ (၁,၆၀၃,ဝဝဝ)တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် ရောက်ရှိနေသည့် ဦးအင်းကျောက်အားရှာဖွေရာ အင်္ကျီအိတ်ကပ် အတွင်းမှ ဘောလုံးလောင်းကစားထားသည့် စာရွက်စာတမ်းများ၊ ကျပ်ငွေ (၁၄,၂၀၀)နှင့် ဘတ်ငွေ (၁၀,၅၀၀)ဘတ်တို့အား တွေ့ရကြောင်း သိရသည်။

လောင်းကစားဒိုင်ပြုလုပ်သည့် ဒေါ်ဝန်းယုန်အား မိုင်းဆတ်မြို့မရဲစခန်းတွင် (ပ)၅၉/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် လည်းကောင်း၊ လောင်းကစားပြုလုပ်သူ ဦးအင်းကျောက်အား (ပ)၆၀/၂၀၁၉၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net