(၁၃)နှစ်ကြာ လေကြောင်းပြေးဆွဲမှုရပ်နားထားရသည့် မကွေးလေဆိပ်တွင် မကွေး - ရန်ကုန် ခရီးစဉ်အား ဧပြီလကုန်မှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြေးဆွဲမည်

(၁၃)နှစ်ကြာ လေကြောင်းပြေးဆွဲမှုရပ်နားထားရသည့် မကွေးလေဆိပ်တွင် မကွေး - ရန်ကုန် ခရီးစဉ်အား ဧပြီလကုန်မှစ၍ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြေးဆွဲမည်
မတျ 13, 2019
By Tachileik News Agency



ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြသဖြင့် ကုန်ကျစရိတ်နှင့် ဝင်ငွေမကာမိသော်လည်း မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ရန်ကုန် - မကွေး - ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့တိုင်း Caravan အမျိုးအစားလေယာဉ်ဖြင့် စမ်းသပ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း အကြောင်းပြန်လာခြင်းဖြစ်ည်။

“မကွေးမြို့မှာ လေကြောင်းလိုင်း ပြန်လည်ပွင့်လာမယ်ဆိုရင် အချိန်ချုံ့ပြီး သွားလာနေကြရတဲ့ နိုင်ငံခြားခရီးသွားတွေအနေနဲ့ မကွေးတိုင်းကို လာဖို့ အဆင်ပြေသွားမယ်။ Tour ကုမ္ပဏီအစီအစဉ်နဲ့ ခရီးစဉ်ဆွဲပြီး သွားလာကြတဲ့ နိုင်ငံခြားခရီးသွားများသာမက မိမိအစီအစဉ်နဲ့မိမိ လွတ်လပ်စွာသွားလာနေကြတဲ့ နိုင်ငံခြား သားခရီးသွားတွေလည်း လေကြောင်းလိုင်းနဲ့ ဝင်ရောက်လာနိုင်တော့မှာဖြစ်လို့ တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားဝင်ရောက်မှု တိုးမြင့်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ၊ မကွေးတိုင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်က ပြောသည်။



သတင်း/ဓါတ်ပုံ - ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၁၃) နှစ်ခန့် လေယာဉ်ခရီးစဉ်ပြေးဆွဲခြင်းမပြုဘဲ ရပ်နားထားရသည့် မကွေးလေဆိပ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြတောင်းခံမှုကြောင့် ၂၀၁၉ ခုနှစ် ဧပြီလကုန်တွင် ရန်ကုန် - မကွေး - ရန်ကုန် ခရီးစဉ်ကို ပြန်လည်ပြေးဆွဲပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

“လေယာဉ်ဆင်းတော့မယ်ဆိုတာကို ကြိုဆိုရမှာပါ။ လေယာဉ်ဆင်းတော့မယ်ဆိုရင်တော့ မြို့ထဲမှာရော လေဆိပ်ထဲမှာပါ လေယာဉ်လက်မှတ်ရောင်းဖို့ ရုံးခန်းတွေ၊ ဝန်ထမ်းတွေ၊ ဝန်ထမ်းတွေနေထိုင်ဖို့ လိုင်းခန်းတွေ လိုလာပါမယ်။ ဒါတွေကို သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းက ညှိနှိုင်းပြီးဆောင်ရွက်ပေးရမှာပါ။ လေကြောင်းလိုင်းဖွင့်ဖို့အတွက် လေဆိပ်ဘက်ကတော့ အဆင်သင့်ရှိနေပါတယ်”ဟု မကွေးလေဆိပ်တာ ဝန်ခံ မန်နေဂျာ(လေကြောင်းထိန်း)ဦးမင်းမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြသဖြင့် ကုန်ကျစရိတ်နှင့် ဝင်ငွေမကာမိသော်လည်း မြန်မာအမျိုးသားလေကြောင်းလိုင်းအနဖြေင့် ရန်ကုန် - မကွေး - ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့တိုင်း Caravan အမျိုးအစားလေယာဉ်ဖြင့် စမ်းသပ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း အကြောင်းပြန်လာခြင်းဖြစ်ည်။

“မကွေးမြို့မှာ လေကြောင်းလိုင်း ပြန်လည်ပွင့်လာမယ်ဆိုရင် အချိန်ချုံ့ပြီး သွားလာနကြေရတဲ့ နိုင်ငံခြားခရီးသွားတွေအနေနဲ့ မကွေးတိုင်းကို လာဖို့ အဆင်ပြေသွားမယ်။ Tour ကုမ္ပဏီအစီအစဉ်နဲ့ ခရီးစဉ်ဆွဲပြီး သွားလာကြတဲ့ နိုင်ငံခြားခရီးသွားများသာမက မိမိအစီအစဉ်နဲ့မိမိ လွတ်လပ်စွာသွားလာနကြေတဲ့ နိုင်ငံခြား သားခရီးသွားတွေလည်း လေကြောင်းလိုင်းနဲ့ ဝင်ရောက်လာနိုင်တော့မှာဖြစ်လို့ တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားဝင်ရောက်မှု တိုးမြင့်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ မကွေးတိုင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်က ပြောသည်။

မကွေးလေယာဉ်ကွင်း ပါကင်မှာ ပေ(၄၀၀) ပတ်လည် ရှိသောကြောင့် လေယာဉ်(၆)စီး ဝင်ဆံ့ကာ တစ်ပြိုင်တည်း အဆင်းအတက် ပြုလုပ်နိုင်ပြီး ညအချိန်တွင်ပါ လေယာဉ်ဆင်း၊တက် ပြုနိုင်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အကျယ်အဝန်း (၈၁၈ ဒသမ ၈၂)ဧက ပေါ်တွင် အရှည် ပေ(၈၅၀၀)၊ အကျယ် ပေ(၂၀၀)ရှိ လေဆိပ်အဆောက်အဦသစ်ကို ၂၀၀၃ ခုနှစ် ဇွန်လ(၆) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ကာလအနည်းငယ် လေကြောင်းပြေးဆွဲခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်နောက်ပိုင်းမှစ၍ လေကြောင်းပြေးဆွဲခြင်းကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net