မယ်ဆိုင်ဂူကယ်ဆယ်ရေးကာလအတွင်းက အသုံးပြုခဲ့သည့် ပစ္စည်းများကို ဂူအတွင်းမှ ပြန်လည်သယ်ထုတ်

မယ်ဆိုင်ဂူကယ်ဆယ်ရေးကာလအတွင်းက အသုံးပြုခဲ့သည့် ပစ္စည်းများကို ဂူအတွင်းမှ ပြန်လည်သယ်ထုတ်
မတျ 21, 2019
By Tachileik News Agency

ရေတပ်အထူးအဖွဲ့အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများသယ်ထုတ်နေသည့်အဖွဲ့က ဂူအတွင်းကျန်ခဲ့သည့် ဆက်သွယ်ရေးပစ္စည်းများ၊ လျှပ်စစ်မီးအိမ်များ၊ မီးကြိုးများ၊ အောက်ဆီဂျင်ဗူး၊ ကြိုးများစသည့်ပစ္စည်းမျိုးစုံကို သယ်ထုတ်နေကြပြီး ဂူအတွင်း အခန်းအမှတ် (၁)မှ (၃)အထိမှာ ရေမရှိတော့ကြောင်းသိရသည်။

ဂူအတွင်းမှ သယ်ထုတ်ခဲ့ပြီးသည့် ပစ္စည်းများကို သက်ဆိုင်ရာဌာနများသို့ ပြန်လည်ပေးပို့နေပြီဖြစ်ကြောင်းသိရပြီး နောက်တစ်ကြိမ် သယ်ထုတ်မှုကို မတ်လ (၂၆)ရက်မှ (၂၉)ရက်အထိ ထပ်မံဆောင်ရွက်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

ယခုလက်ရှိ ဂူအတွင်းမှပစ္စည်းများ သယ်ထုတ်ခြင်းမှာ ဂူအတွင်းပိုင်း အခြေအနေအား သိရှိရန် ကနဦးဆောင်ရွက်ချက်ဖြစ်ပြီး အချို့နေရာများတွင် သဲများပိတ်နေပြီး ဝင်ရောက်ရန် အန္တရာယ်ရှိသည့်အနေအထား တွေ့ရသော်လည်း ပစ္စည်းများကို သတ်မှတ်နေရာအထိ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်းသိရသည်။


Tachileik News Agency
Photo: prd3cmi


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်စဉ်က ကျန်ခဲ့သည့်ပစ္စည်းများကို သယ်ထုတ်နေရာ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့က ဂူအတွင်းပိုင်း ပတ္တယားကမ်းခြေမှ (၂.၃)ကီလိုမီတာအကွာအထိ ပစ္စည်းများသယ်ထုတ်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရေတပ်အထူးအဖွဲ့အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများသယ်ထုတ်နေသည့်အဖွဲ့က ဂူအတွင်းကျန်ခဲ့သည့် ဆက်သွယ်ရေးပစ္စည်းများ၊ လျှပ်စစ်မီးအိမ်များ၊ မီးကြိုးများ၊ အောက်ဆီဂျင်ဗူး၊ ကြိုးများစသည့်ပစ္စည်းမျိုးစုံကို သယ်ထုတ်နကြပြေီး ဂူအတွင်း အခန်းအမှတ် (၁)မှ (၃)အထိမှာ ရေမရှိတော့ကြောင်းသိရသည်။

ဂူအတွင်းမှ သယ်ထုတ်ခဲ့ပြီးသည့် ပစ္စည်းများကို သက်ဆိုင်ရာဌာနများသို့ ပြန်လည်ပေးပို့နပြေီဖြစ်ကြောင်းသိရပြီး နောက်တစ်ကြိမ် သယ်ထုတ်မှုကို မတ်လ (၂၆)ရက်မှ (၂၉)ရက်အထိ ထပ်မံဆောင်ရွက်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

ယခုလက်ရှိ ဂူအတွင်းမှပစ္စည်းများ သယ်ထုတ်ခြင်းမှာ ဂူအတွင်းပိုင်း အခြေအနေအား သိရှိရန် ကနဦးဆောင်ရွက်ချက်ဖြစ်ပြီး အချို့နေရာများတွင် သဲများပိတ်နပြေီး ဝင်ရောက်ရန် အန္တရာယ်ရှိသည့်အနေအထား တွေ့ရသော်လည်း ပစ္စည်းများကို သတ်မှတ်နေရာအထိ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်းသိရသည်။

ဂူအတွင်း ရေပိုက်များ၊ စက်ငယ်များနှင့် စက်ကြီး(၁၀)လုံးထက်မနည်းကျန်နေကာ စက်ကြီးများမှာ လူ(၁၀)ခန့်ဖြင့် သယ်ထုတ်ရမည့်အရွယ်အစားများဖြစ်ကြောင်းသိရပြီး အချို့ပစ္စည်းများတွင် ရွှေ့ပြောင်းရန် ပညာရှင်များလည်း လိုအပ်ကြောင်း သိရသည်။

Tachileik News Agency

Photo: prd3cmi

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net