မယ္ဆိုင္ဂူကယ္ဆယ္ေရးတြင္ ပါ၀င္သူမ်ားအနက္ (၁၈၇)ဦးကို ထိုင္းဘုရင္၏ဂုဏ္ျပဳဆုခ်ီးျမႇင့္ရာ ႏိုင္ငံျခားသား (၁၁၅)ဦး ပါ၀င္

မယ္ဆိုင္ဂူကယ္ဆယ္ေရးတြင္ ပါ၀င္သူမ်ားအနက္ (၁၈၇)ဦးကို ထိုင္းဘုရင္၏ဂုဏ္ျပဳဆုခ်ီးျမႇင့္ရာ ႏိုင္ငံျခားသား (၁၁၅)ဦး ပါ၀င္
မတ် 22, 2019
By Tachileik News Agency
ထုိင္းႏုိင္ငံ မယ္ဆုိင္ဂူအတြင္း ကယ္ဆယ္ေရး လုပ္ငန္းတြင္ ပါဝင္ခဲ့သူ (၁၈၇)ဦးကို ထုိင္းဘုရင္၏ ဂုဏ္ျပဳဆုခ်ီးျမႇင့္လုိက္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၁)ရက္ေန႔က သတင္းထုတ္ျပန္လာသည္။

ဂုဏ္ျပဳခ်ီးျမႇင့္ခံရသူ (၁၈၇)ဦးတြင္ အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္၊ ၾသစေၾတးလ်၊ ဘယ္လ္ဂ်ီယမ္၊ ကေနဒါ၊ ဒိန္းမတ္၊ တရုတ္၊ ဂ်ာမနီ၊ ဂ်ပန္၊ စကၤာပူ၊ ယူကရိန္းႏွင့္ လာအိုႏုိင္ငံတို႔မွ ႏိုင္ငံျခားသား (၁၁၅)ဦး ပါဝင္ေၾကာင္း သိရသည္။

အဆိုပါ ေၾကျငာခ်က္ကို ေတာ္ဝင္သတင္းထုတ္ျပန္ခ်က္တြင္ မတ္လ (၂၁)ရက္ေန႔က ေဖၚျပလုိက္ျခင္းျဖစ္သည္။

မယ္ဆုိင္ရိွ ေတာဝက္ေဘာလံုးအသင္းမွ အသက္ (၁၁)ႏွစ္မွ (၁၆)ႏွစ္အရြယ္ ကေလး (၁၂)ဦးႏွင့္ အသက္ (၂၅)ႏွစ္အရြယ္ နည္းျပတုိ႔သည္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၃)ရက္ေန႔က ထမ့္လြမ္ဂူအတြင္း ဝင္သြားရာမွ ဂူအတြင္းေရမ်ား ျပည့္သြားသျဖင့္ ပိတ္မိေနခဲ့ၾကရာ ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရးလုပ္ေဆာင္ခဲ့ရၿပီး ႏုိင္ငံတကာမွ ပါဝင္ကူညီေပးခဲ့ၾကျခင္းျဖစ္သည္။

ဂုဏ္ျပဳဆုႏွင့္ ပတ္သက္၍လည္း ထုိင္းနိုင္ငံ မယ္ဆိုင္ဂူကယ္ဆယ္ေရးအဖြဲ႕ကို ၂၀၁၈ ခုႏွစ္အတြက္ အာရွတိုက္၏ အေျပာင္းအလဲကို ေဆာင္ၾကဥ္းသူဆုခ်ီးျမႇင့္လိုက္ရာ ကယ္ဆယ္ေရးကို ဦးေဆာင္ခဲ့သည့္ ခ်င္းရိုင္းခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ေဟာင္း (လက္ရွိ ဖေယာင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး)နာရြန္ဆတ္အိုစထာနာကြန္းက ေဘာလံုးအဖြဲ႕မွ လူငယ္(၂)ဦးနွင့္အတူ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕တြင္ ေအာက္တိုဘာလ(၉)ရက္ေန႔က ဆုလက္ခံယူခဲ့သည္။

Tachileik News Agency
Ref; Bangkok Post


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့သူ (၁၈၇)ဦးကို ထိုင်းဘုရင်၏ ဂုဏ်ပြုဆုချီးမြှင့်လိုက်ကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့က သတင်းထုတ်ပြန်လာသည်။

ဂုဏ်ပြုချီးမြှင့်ခံရသူ (၁၈၇)ဦးတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ ဒိန်းမတ်၊ တရုတ်၊ ဂျာမနီ၊ ဂျပန်၊ စင်္ကာပူ၊ ယူကရိန်းနှင့် လာအိုနိုင်ငံတို့မှ နိုင်ငံခြားသား (၁၁၅)ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကြငြောချက်ကို တော်ဝင်သတင်းထုတ်ပြန်ချက်တွင် မတ်လ (၂၁)ရက်နေ့က ဖော်ပြလိုက်ခြင်းဖြစ်သည်။

ဂုဏ်ပြုဆုနှင့် ပတ်သက်၍လည်း ထိုင်းနိုင်ငံ မယ်ဆိုင်ဂူကယ်ဆယ်ရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်အတွက် အာရှတိုက်၏ အပြောင်းအလဲကို ဆောင်ကြဉ်းသူဆုချီးမြှင့်လိုက်ရာ ကယ်ဆယ်ရေးကို ဦးဆောင်ခဲ့သည့် ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဟောင်း (လက်ရှိ ဖယောင်းခရိုင်အုပ်ချုပ်ရေးမှူး)နာရွန်ဆတ်အိုစထာနာကွန်းက ဘောလုံးအဖွဲ့မှ လူငယ်(၂)ဦးနှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အောက်တိုဘာလ(၉)ရက်နေ့က ဆုလက်ခံယူခဲ့သည်။

Tachileik News Agency

Ref; Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net