မေကြးၿမို႕၏ ဒုတိယအႀကိမ္ေျမာက္ လမ္းေလွ်ာက္သႀကၤန္ကို ရိုးရာဓေလ့မ်ားျဖင့္ ဦးစားေပး က်င္းပသြားမည္

မေကြးၿမို႕၏ ဒုတိယအႀကိမ္ေျမာက္ လမ္းေလွ်ာက္သႀကၤန္ကို ရိုးရာဓေလ့မ်ားျဖင့္ ဦးစားေပး က်င္းပသြားမည္
မတ် 27, 2019
By Tachileik News Agency

၂၀၁၉ သႀကၤန္အတြင္း မေကြးျမိဳ႕တြင္ ဒုတိယအႀကိမ္ေျမာက္ ျပဳလုပ္က်င္းပမည့္ လမ္းေလွ်ာက္သၾကၤန္ပဲြေတာ္အား ယခင္ႏွစ္ကထက္ ရိုးရာဓေလ့မ်ားကို ေဖာ္ထုတ္သြားမည္ျဖစ္ၿပီး ေရလံုေလာက္စြာရရိွႏိုင္ရန္လည္း ဦးစားေပးေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ႏွင့္ ကုန္က်စရိတ္အား က်ပ္သိန္း(၄၀၀)ခန္႔မွန္းထားေၾကာင္း လမ္းေလွ်ာက္သၾကၤန္ျဖစ္ေျမာက္ေရးေကာ္မတီထံမွ သိရသည္။

“မေကြးၿမိဳ႕ ေက်ာက္သားဥယ်ာဥ္ကေန မဲထီးလမ္းအထိ ကမ္းနားလမ္းတစ္ေလွ်ာက္ ျပဳလုပ္သြားမွာပါ။ မုဒ္ဦး(၂)ခု၊ ေဖ်ာ္ေျဖေရးမ႑ပ္(၃)ခု၊ ရိုးရာေရကစားမ႑ပ္(၃)ခုနဲ႔ ေရကစားမ႑ပ္(၂၈)ခု ပါဝင္မွာ ျဖစ္ပါ တယ္။ လမ္းေလွ်ာက္သၾကၤန္မွာ ရုိးရာသနပ္ခါးမ်ား ေသြးလိမ္းႏို္င္ေအာင္ျပဳလုပ္ထားရိွေပးမွာျဖစ္ျပီး ျမန္မာ့ ရုိးရာမုန္႔မ်ားနဲ႔ စတုဒိသာေကြ်းေမြးျခင္းမ်ားလည္း ပါရိွမွာျဖစ္ပါတယ္"ဟု လမ္းေလွ်ာက္သၾကၤန္ျဖစ္ေျမာက္ေရး ေကာ္မတီ ဥကၠဌ စုိက္ပ်ဳိးေရး၊ ေမြး ျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ၾကီး ဦးဝင္းေမာ္ေဌး က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

မေကြးၿမိဳ႕၏ ပထမအႀကိမ္အျဖစ္ က်င္းပျပဳလုပ္ခဲ့သည့္ လမ္းေလွ်ာက္သႀကၤန္ပြဲတြင္ လိုအပ္ခ်က္မ်ားရွိခဲ့သည့္အတြက္ ယခုႏွစ္တြင္ ျဖည့္ဆည္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 "ဒီႏွစ္ လမ္းေလွ်ာက္သၾကၤန္မွာ အရင္ နွစ္ကလုိအပ္ခ်က္ေတြကုိ ျပင္ဆင္ျဖည့္ဆည္းသြားမွာျဖစ္ျပီး ပုသိမ္ထီးတို႔ ထန္းရြက္တို႔နဲ႔ အလွဆင္တာ ေတြ၊ ဆံရစ္ဝိုင္း မိန္းမပ်ိဳေလးေတြ လည္း ပါရိွမွာပါ” ဟု လမ္းေလွ်ာက္သၾကၤန္ျဖစ္ေျမာက္ေရး ေကာ္မတီ ဥကၠဌ  ဦးဝင္းေမာ္ေဌး က ေျပာသည္။

အဆိုပါ လမ္းေလွ်ာက္သၾကၤန္ကို ေငြက်ပ္ သိန္း(၄၀၀)ဝန္းက်င္ အကုန္အက်ခံျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရၿပီး ပုိက္ႏွင့္ပက္ျခင္း၊ ခြက္ေစာင္းခုတ္ျခင္းမ်ားကုိ ခြင့္ျပဳမည္ မဟုတ္ဘဲ အလိုအေလွ်ာက္ ေရျဖန္းပက္ ေနရာ (၁၅)ေနရာထားရိွ၍ ေငြဖလားႏွင့္ ေရေလာင္းကစားရန္ စီစဥ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

လမ္းေလွ်ာက္သႀကၤန္ပြဲ၏ ဖြင့္ပြဲအား ယခင္ႏွစ္က အႀကိဳေန႔ ညပိုင္းတြင္ ျပဳလုပ္ခဲ့ေသာ္လည္း ယခုႏွစ္တြင္ ဖြင့္ပြဲကို အႀကိဳေန႔ နံနက္ပိုင္းတြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၁၉ သင်္ကြန်အတွင်း မကွေးမြို့တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ယခင်နှစ်ကထက် ရိုးရာဓလေ့များကို ဖော်ထုတ်သွားမည်ဖြစ်ပြီး ရေလုံလောက်စွာရရှိနိုင်ရန်လည်း ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ကုန်ကျစရိတ်အား ကျပ်သိန်း(၄၀၀)ခန့်မှန်းထားကြောင်း လမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

“မကွေးမြို့ ကျောက်သားဥယျာဉ်ကနေ မဲထီးလမ်းအထိ ကမ်းနားလမ်းတစ်လျှောက် ပြုလုပ်သွားမှာပါ။ မုဒ်ဦး(၂)ခု၊ ဖျော်ဖြေရေးမဏ္ဍပ်(၃)ခု၊ ရိုးရာရေကစားမဏ္ဍပ်(၃)ခုနဲ့ ရေကစားမဏ္ဍပ်(၂၈)ခု ပါဝင်မှာ ဖြစ်ပါ တယ်။ လမ်းလျှောက်သင်္ကြန်မှာ ရိုးရာသနပ်ခါးများ သွေးလိမ်းနို်င်အောင်ပြုလုပ်ထားရှိပေးမှာဖြစ်ပြီး မြန်မာ့ ရိုးရာမုန့်များနဲ့ စတုဒိသာကျွေးမွေးခြင်းများလည်း ပါရှိမှာဖြစ်ပါတယ်"ဟု လမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

မကွေးမြို့၏ ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် လမ်းလျှောက်သင်္ကြန်ပွဲတွင် လိုအပ်ချက်များရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 "ဒီနှစ် လမ်းလျှောက်သင်္ကြန်မှာ အရင် နှစ်ကလိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ဆည်းသွားမှာဖြစ်ပြီး ပုသိမ်ထီးတို့ ထန်းရွက်တို့နဲ့ အလှဆင်တာ တွေ၊ ဆံရစ်ဝိုင်း မိန်းမပျိုလေးတွေ လည်း ပါရှိမှာပါ” ဟု လမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးဝင်းမော်ဌေး က ပြောသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ငွေကျပ် သိန်း(၄၀၀)ဝန်းကျင် အကုန်အကျခံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး ပိုက်နှင့်ပက်ခြင်း၊ ခွက်စောင်းခုတ်ခြင်းများကို ခွင့်ပြုမည် မဟုတ်ဘဲ အလိုအလျှောက် ရဖြေန်းပက် နေရာ (၁၅)နေရာထားရှိ၍ ငွေဖလားနှင့် ရေလောင်းကစားရန် စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်ပွဲ၏ ဖွင့်ပွဲအား ယခင်နှစ်က အကြိုနေ့ ညပိုင်းတွင် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ဖွင့်ပွဲကို အကြိုနေ့ နံနက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net