ကြမ္းလံုၿမိဳ႕အနီးတြင္ အင္အားရစ္(ခ္)တာစေကး (၄.၄)အဆင့္ရိွ ငလ်င္လႈပ္ခတ္

ကြမ္းလံုၿမိဳ႕အနီးတြင္ အင္အားရစ္(ခ္)တာစေကး (၄.၄)အဆင့္ရိွ ငလ်င္လႈပ္ခတ္
မတ် 26, 2019
By 🌸
မတ္လအတြင္း (၁၂)ႀကိမ္ေျမာက္ငလ်င္ျဖစ္သည့္ အင္အားရစ္(ခ္)တာစေကး (၄.၄) အဆင့္ရိွ ငလ်င္တစ္ခု ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြမ္းလံုၿမိဳ႕ႏွင့္ (၄)မုိင္ခန္႔အကြာကို ဗဟိုျပဳ၍ ၂၀၁၉ ခုနွစ္၊ မတ္လ (၂၆) ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ နံနက္ (၀၂)နာရီ၊ (၃၄)မိနစ္၊ (၄၆)စကၠန္႔ အခ်ိန္က လႈပ္ခတ္သြားေၾကာင္း သိရသည္။

သီေပါေျမငလ်င္စခန္းမွ အေရွ႕ေျမာက္ဘက္ မိုင္ (၁၀၀) ခန္႔အကြာ ကြမ္းလံုၿမိဳ႕၏ အေနာက္-အေနာက္ေျမာက္ဘက္ (၄)မိုင္ခန္႔အကြာတြင္ အင္အားျပဳ၍လႈပ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း လႈပ္ခတ္သြားေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒဦးစီးဌာနက သတင္းထုတ္ျပန္သည္။

ျမန္မာႏုိင္ငံအတြင္း ၂၀၁၉ ခုႏွစ္ မတ္လ၌ လႈပ္ခတ္သြားခဲ့သည့္ငလ်င္မ်ားမွာ မတ္လ (၂၅)ရက္ေန႔က ဂန္႔ေဂါၿမိဳ႕၏အေရွ႕ဘက္ (၅)မုိင္ခန္႔အကြာကိုဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄.၅)အဆင့္ရိွ ငလ်င္၊  မတ္လ (၂၃)ရက္ေန႔က ဖားကန္႔ၿမိဳ႕အေနာက္ေျမာက္ဘက္ (၅၂)မုိင္ခန္႔အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၃.၆)ရိွငလ်င္၊ မတ္လ (၂၁)ရက္ေန႔က ဟုမၼလင္းၿမိဳ႕၏ အေရွ႕ေတာင္ဘက္ မုိင္(၂၀)ခန္႔အကြာကိို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၃.၆)အဆင့္ရိွ ငလ်င္၊ မတ္လ (၂၁)ရက္ေန႔တြင္ ဖလမ္းၿမိဳ႕၏အေရွ႕ေတာင္ဘက္ မုိင္(၂၀)ခန္႔အကြာတြင္ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄.၁)အဆင့္ရိွ ငလ်င္၊ မတ္လ(၁၈)ရက္ေန႔က မံုရြာၿမိဳ႕၏ အေနာက္၊ အေနာက္ေတာင္ဘက္ (၄၅)မုိင္ခန္႔ကို ဗဟိုျပဳ၍ အင္အားရစ္ခ္တာစေကး (၅.၃)အဆင့္ရိွ ငလ်င္၊ မတ္လ (၁၇)ရက္ေန႔တြင္ ေမာ္လုိက္ၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၂၅)မုိင္ခန္႔အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၃.၇)အဆင့္ရိွ ငလ်င္ႏွင့္ ေဖာင္းျပင္ၿမိဳ႕ အေနာက္ေတာင္ဘက္ (၂၂)မုိင္ခန္႔အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄.၈)အဆင့္ရိွ ငလ်င္၊ မတ္လ (၁၄)ရက္ေန႔တြင္ ျမစ္ႀကီးနားၿမိဳ႕၏ အေနာက္ေျမာက္ဘက္ (၅၄)မုိင္ခန္႔အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄.၂)အဆင့္ရိွ ငလ်င္၊ မတ္လ(၁၃)ရက္ေန႔တြင္ ကေလးၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၁၁)မုိင္ခန္႔အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၅.၁)အဆင့္ရိွ ငလ်င္၊ မတ္လ(၁၂)ရက္ေန႔တြင္ ျဖဴးၿမိဳ႕၏အေနာက္ေတာင္ဘက္ (၂၂)မုိင္အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၃.၇)အဆင့္ရိွ ငလ်င္၊ မတ္လ(၅)ရက္ေန႔တြင္ ျမစ္ႀကီးနားၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ မုိင္(၄၀)ခန္႔အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၃.၇)အဆင့္ရိွငလ်င္တို႔ လႈပ္ခတ္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကွမ်းလုံမြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့်ရှိ ငလျင်လှုပ်ခတ်
************
မတ်လအတွင်း (၁၂)ကြိမ်မြောက်ငလျင်ဖြစ်သည့် အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ ငလျင်တစ်ခု ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နှင့် (၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၂)နာရီ၊ (၃၄)မိနစ်၊ (၄၆)စက္ကန့် အချိန်က လှုပ်ခတ်သွားကြောင်း သိရသည်။

သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၁၀၀) ခန့်အကွာ ကွမ်းလုံမြို့၏ အနောက်-အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာတွင် အင်အားပြု၍လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၉ ခုနှစ် မတ်လ၌ လှုပ်ခတ်သွားခဲ့သည့်ငလျင်များမှာ မတ်လ (၂၅)ရက်နေ့က ဂန့်ဂေါမြို့၏အရှေ့ဘက် (၅)မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ ငလျင်၊  မတ်လ (၂၃)ရက်နေ့က ဖားကန့်မြို့အနောက်မြောက်ဘက် (၅၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)ရှိငလျင်၊ မတ်လ (၂၁)ရက်နေ့က ဟုမ္မလင်းမြို့၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ ငလျင်၊ မတ်လ (၂၁)ရက်နေ့တွင် ဖလမ်းမြို့၏အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာတွင်ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ ငလျင်၊ မတ်လ(၁၈)ရက်နေ့က မုံရွာမြို့၏ အနောက်၊ အနောက်တောင်ဘက် (၄၅)မိုင်ခန့်ကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး (၅.၃)အဆင့်ရှိ ငလျင်၊ မတ်လ (၁၇)ရက်နေ့တွင် မော်လိုက်မြို့၏ အရှေ့မြောက်ဘက် (၂၅)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ ငလျင်နှင့် ဖောင်းပြင်မြို့ အနောက်တောင်ဘက် (၂၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ ငလျင်၊ မတ်လ (၁၄)ရက်နေ့တွင် မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် (၅၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ ငလျင်၊ မတ်လ(၁၃)ရက်နေ့တွင် ကလေးမြို့၏ အနောက်တောင်ဘက် (၁၁)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ ငလျင်၊ မတ်လ(၁၂)ရက်နေ့တွင် ဖြူးမြို့၏အနောက်တောင်ဘက် (၂၂)မိုင်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ ငလျင်၊ မတ်လ(၅)ရက်နေ့တွင် မြစ်ကြီးနားမြို့၏ အရှေ့မြောက်ဘက် မိုင်(၄၀)ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိငလျင်တို့ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net