ၿပိဳင္ပြဲဝင္ဆုိင္ကယ္မ်ားအျဖစ္ ျပဳျပင္ထားသည့္ ဆုိင္ကယ္ (၉၄)စီးႏွင့္ စီးနင္းသူ (၈၈)ဦးတုိ႔ကို ဘန္ေကာက္ၿမိဳ႕တြင္ ဖမ္းဆီးအေရးယူလ

ၿပိဳင္ပြဲဝင္ဆုိင္ကယ္မ်ားအျဖစ္ ျပဳျပင္ထားသည့္ ဆုိင္ကယ္ (၉၄)စီးႏွင့္ စီးနင္းသူ (၈၈)ဦးတုိ႔ကို ဘန္ေကာက္ၿမိဳ႕တြင္ ဖမ္းဆီးအေရးယူလ
မတ် 24, 2019
By Tachileik News Agency

ထုိင္းနုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ လမ္းမမ်ားတြင္ ဆုိင္ကယ္ၿပိဳင္ပြဲလုပ္ရန္ ျပဳျပင္ထားသည္ဟု ယူဆရသည့္ဆိုင္ကယ္ (၉၄)စီးႏွင့္ ဆုိင္ကယ္ေမာင္းသူ (၈၈)ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္ေၾကာင္း သိရသည္။

လမ္းမမ်ားတြင္ ေမာ္ေတာ္ဆုိင္ကယ္ၿပိဳင္ပြဲျပဳလုပ္မႈမ်ားေလွ်ာ့ခ်ရန္အတြက္ ၿမိဳ႕တြင္း စစ္ေဆးေရးဂိတ္မ်ား၌ စစ္ေဆးဖမ္းဆီးျခင္းလုပ္ေဆာင္ရာ ၿပိဳင္ပြဲအတြက္ ျပင္ဆင္ထားသည္ဟု ယူဆရသည့္ဆိုင္ကယ္မ်ားကို ဖမ္းဆီးသိမ္းဆည္းျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသူမ်ားအနက္ (၁၉)ဦးမွာ အသက္ (၁၈)ႏွစ္ေအာက္လူငယ္မ်ားျဖစ္ၾကၿပီး ဆီးစစ္ရာတြင္ မူးယစ္ေဆးသံုးစြဲထားေၾကာင္း ေတြ႔ရိွထားသည္ဟု သိရသည္။

ထုိင္းႏုိင္ငံတြင္ လမ္းမမ်ား၌ ဆုိင္ကယ္ၿပိဳင္ပြဲမ်ားျပဳလုပ္ေလ့ရိွသျဖင့္ ယင္းကဲ့သို႔ၿပိဳင္ပြဲမ်ားအတြက္ ျပဳျပင္ထားသည္ဟု ယူဆရသည့္ဆုိင္ကယ္မ်ားကို ဖမ္းဆီးသည့္အျပင္ ပါဝါအိတ္ေဇာတပ္ဆုိင္ကယ္မ်ားႏွင့္ ဆိုင္မ်ားတြင္ ပါဝါအိတ္ေဇာေရာင္းခ်သည္ကိုေတြ႔ပါကလည္း သိမ္းဆည္းအေရးယူေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံဥပေဒအရ မူးယစ္ေဆးသံုးစြဲသည္ဟုယူဆပါက ရဲတပ္ဖြဲ႕က ဆီးစစ္ေဆးခြင့္ရိွၿပီး ထုိင္းႏုိင္ငံတြင္း လာေရာက္လည္ပတ္သူမ်ားကိုပါ စစ္ေဆးႏုိင္ျခင္းျဖစ္ရာ ထုိင္းႏိုင္ငံအတြင္း နယ္စပ္ေဒသမ်ားမွ ဝင္ေရာက္လည္ပတ္သည့္ ျမန္မာႏုိင္ငံသားမ်ားမွာလည္း မၾကာခဏ ဆီးစစ္ေဆးခံရမႈမ်ားႏွင့္ ႀကံဳရေလ့ရိွသည္။

Tachileik News Agency
Ref: The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လမ်းမများတွင် ဆိုင်ကယ်ပြိုင်ပွဲလုပ်ရန် ပြုပြင်ထားသည်ဟု ယူဆရသည့်ဆိုင်ကယ် (၉၄)စီးနှင့် ဆိုင်ကယ်မောင်းသူ (၈၈)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

လမ်းမများတွင် မော်တော်ဆိုင်ကယ်ပြိုင်ပွဲပြုလုပ်မှုများလျှော့ချရန်အတွက် မြို့တွင်း စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးဖမ်းဆီးခြင်းလုပ်ဆောင်ရာ ပြိုင်ပွဲအတွက် ပြင်ဆင်ထားသည်ဟု ယူဆရသည့်ဆိုင်ကယ်များကို ဖမ်းဆီးသိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများအနက် (၁၉)ဦးမှာ အသက် (၁၈)နှစ်အောက်လူငယ်များဖြစ်ကြပြီး ဆီးစစ်ရာတွင် မူးယစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိထားသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် လမ်းမများ၌ ဆိုင်ကယ်ပြိုင်ပွဲများပြုလုပ်လေ့ရှိသဖြင့် ယင်းကဲ့သို့ပြိုင်ပွဲများအတွက် ပြုပြင်ထားသည်ဟု ယူဆရသည့်ဆိုင်ကယ်များကို ဖမ်းဆီးသည့်အပြင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များနှင့် ဆိုင်များတွင် ပါဝါအိတ်ဇောရောင်းချသည်ကိုတွေ့ပါကလည်း သိမ်းဆည်းအရေးယူကြောင်း သိရသည်။

ထိုင်းနိုင်ငံဥပဒေအရ မူးယစ်ဆေးသုံးစွဲသည်ဟုယူဆပါက ရဲတပ်ဖွဲ့က ဆီးစစ်ဆေးခွင့်ရှိပြီး ထိုင်းနိုင်ငံတွင်း လာရောက်လည်ပတ်သူများကိုပါ စစ်ဆေးနိုင်ခြင်းဖြစ်ရာ ထိုင်းနိုင်ငံအတွင်း နယ်စပ်ဒေသများမှ ဝင်ရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများမှာလည်း မကြာခဏ ဆီးစစ်ဆေးခံရမှုများနှင့် ကြုံရလေ့ရှိသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net