ရှမ်းပြည်နယ်အရှေ့ပိုင်း ကော်ဖီနှင့် မက္ကဒေးမီးယားအစုအဖွဲ့ ကျိုင်းတုံမြို့တွင် စတင်ဖွဲ့စည်း
ရှမ်းပြည်နယ်အရှေ့ပိုင်း ကော်ဖီနှင့် မက္ကဒေးမီးယားအစုအဖွဲ့ ကျိုင်းတုံမြို့တွင် စတင်ဖွဲ့စည်း
မတျ 27, 2019
By Tachileik News Agency
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှကော်ဖီများအနေဖြင့် ချင်းတောင်ကော်ဖီ၊ ရွာငံကော်ဖီနှင့် ပြင်ဦးလွင်ကော်ဖီများမှာ ကမ္ဘာ့ကော်ဖီဈေးကွက်တွင် နေရာရရှိနေပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းကော်ဖီကို ဈေးကွက်ထိုးဖောက်နိုင်ရန် လုပ်ဆောင်မည့်အပြင် တိုင်းနှင့် ပြည်နယ် (၁၃) ခုရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ချိတ်ဆက်ပြီး ဈေးကွက်ချဲ့ထွင်ခြင်းကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသင်းအနေဖြင့် ကော်ဖီစိုက်ခြံများရှိသည့် တာချီလိတ်၊ မိုင်းဆတ်ဒေသများမှ တောင်သူများ အနေဖြင့် ကော်ဖီမျိုးမှန်ရွေးချယ်ရန် အတွက် ကူညီပေးမည့်အပြင် လိုအပ်သည့်စိုက်ပျိုးနည်းစနစ်များရရှိစေရေးကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - AMS
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကော်ဖီထုတ်လုပ်မှုအဆင့်မြှင့်တင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများကို နည်းပညာပံ့ပိုးပေးရန် ကော်ဖီနှင့် မက္ကဒေးမီးယားအစုအဖွဲ့ကို ၂၀၁၉ ခုနှစ် မတ်လ (၂၆) ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
"ကော်ဖီနဲ့ မက္ကဒေးမီးယားပေါ့။ သစ်သီးဝလံအသင်းအောက်မှာ အသင်းငယ်လေးတွေ ပြန်ခွဲဖွဲ့တာပေါ့။ အရင်က ကျွန်တော်တို့ ကြယ်ပဲဖွဲ့ခဲ့ပြီးပြီ။ လက်ဖက်ဖွဲ့ခဲ့ပြီးပြီ။ အဓိကရည်ရွယ်ချက်က ဒေသဖွံ့ဖြိုးရေးနဲ့ တောင်သူတွေအနေနဲ့ နိုင်ငံခြားပို့ကုန်တွေထိရည်ရွယ်ပြီးလုပ်ပါတယ်။ စိုက်ပျိုးနည်းစနစ်မှန်ကန်အောင်၊ သဘာဝမြသြေဇာ အသုံးချနည်းကို စနစ်တကျ သုံးနိုင်အောင် ဓာတ်မြသြေဇာသုံးစွဲမှုလျော့ချပြီးတော့ အော်ဂင်းနစ်လက်မှတ်ရအောင် ကြိုးစားဆောင်ရွက်ပေးသွားမှာပေါ့။ အရည်အသွေးမြင့်ကော်ဖီကို ရှမ်းပြည်နယ်အရှေ့ပိုင်းက ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပေးမှာပေါ့"ဟု မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်စိုက်ပျိုးထုတ်လုပ်သူများအသင်း(ရှမ်းပြည်နယ်အရှေ့ပိုင်း) အတွင်းရေးမှူး ဦးအောင်မျိုးဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှကော်ဖီများအနဖြေင့် ချင်းတောင်ကော်ဖီ၊ ရွာငံကော်ဖီနှင့် ပြင်ဦးလွင်ကော်ဖီများမှာ ကမာ္ဘ့ကော်ဖီဈေးကွက်တွင် နေရာရရှိနပြေီး ရှမ်းပြည်နယ်အရှေ့ပိုင်းကော်ဖီကို ဈေးကွက်ထိုးဖောက်နိုင်ရန် လုပ်ဆောင်မည့်အပြင် တိုင်းနှင့် ပြည်နယ် (၁၃) ခုရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ချိတ်ဆက်ပြီး ဈေးကွက်ချဲ့ထွင်ခြင်းကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသင်းအနဖြေင့် ကော်ဖီစိုက်ခြံများရှိသည့် တာချီလိတ်၊ မိုင်းဆတ်ဒေသများမှ တောင်သူများ အနဖြေင့် ကော်ဖီမျိုးမှန်ရွေးချယ်ရန် အတွက် ကူညီပေးမည့်အပြင် လိုအပ်သည့်စိုက်ပျိုးနည်းစနစ်များရရှိစေရေးကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - AMS
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net