က်ဳိင္းတံုၿမိဳ႕ ပလပ္စတစ္အမိႈက္ကင္းစင္ေရး လႈပ္ရွားသူလူငယ္မ်ား ႏွင့္ ကိုရင္ အပါအ၀င္ ပူးေပါင္းအဖြဲ႔မွ ေရႊသရက္သီးဘုန္းႀကီးေက်ာင္းတြင္ Clean up Challenge အစီအစဥ္ျဖင့္ အမႈိက္ေကာက္

က်ဳိင္းတံုၿမိဳ႕ ပလပ္စတစ္အမိႈက္ကင္းစင္ေရး လႈပ္ရွားသူလူငယ္မ်ား ႏွင့္ ကိုရင္ အပါအ၀င္ ပူးေပါင္းအဖြဲ႔မွ ေရႊသရက္သီးဘုန္းႀကီးေက်ာင္းတြင္ Clean up Challenge အစီအစဥ္ျဖင့္ အမႈိက္ေကာက္
မတ် 21, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕တြင္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္အမိႈက္မ်ားကို က်ဳိင္းတံုၿမိဳ႕ ပလပ္စတစ္အမိႈက္ ကင္းစင္ေရး လႈပ္ရွားသူလူငယ္မ်ားက မိမိတို႔အစီအစဥ္ျဖင့္ ရွင္းလင္းသည့္ Clean up Challenge ကို ေရႊသရက္ဘုန္းႀကီးေက်ာင္းတြင္ ၂၀၁၉ခုႏွစ္ မတ္လ(၂၁)ရက္ေန႔ နံနက္ပိုင္းမွ ေန႔လည္ပိုင္းအထိ ျပဳလုပ္လိုက္ေၾကာင္း သိရသည္။

"မနက္က (၈) နာရီေရာက္တယ္၊ စသြားတာ (၃) ေယာက္ေပါ့။ (၅၂၉) တပ္ကလို႔ေျပာတဲ့ အမ (၁၁) ေယာက္ေလာက္ရိွတယ္။ သန္႔ရွင္းေရးလုပ္ေနတာေပါ့။ သူတို႔တပ္မွဴးက လုပ္ခိုင္းတာေျပာတယ္။ သူတို႔ကရင္ျပင္ေတာ္ေပၚမွာ တံမ်က္စည္းလွည္းေနၾကတယ္။ ကၽြန္ေတာ္ေရာက္သြားေတာ့ ေက်ာင္းထိုင္ဘုန္းႀကီးကို သြားေလွ်ာက္တာေပါ့။ မေန႔ကမေလွ်ာက္ခဲ့ရဘူးေလ။ တပည့္ေတာ္မတို႔ အမိႈက္ေကာက္ခ်င္လို႔ တပည့္ေတာ္မတို႔ခ်ည္းဆို မႏိုင္ဘူးေပါ့။ ကိုရင္ေလးေတြလည္းကူေကာက္ေပးလို႔ရလားဆိုေတာ့ ေက်ာင္းထိုင္ဆရာေတာ္ကိုယ္တိုင္ ကိုရင္ေတြေခၚၿပီး လိုက္ေကာက္ေပးတယ္"ဟု Clean up Challenge ျပဳလုပ္ခဲ့သူ မမိီေဆာ(အာခါ)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

၂၀၁၉ခုႏွစ္ မတ္လ (၂၀) ရက္ေန႔မွာ တေပါင္းလျပည့္ေန႔ျဖစ္သျဖင့္ ေရႊသရက္ဘုန္းႀကီးေက်ာင္းတြင္ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲက်င္းပခဲ့ရာတြင္ စြန္ပစ္အမိႈက္မ်ား က်န္ရိွေနခဲ့ၿပီး က်န္ရိွအမိႈက္မ်ားကို ဘုန္းႀကီးေက်ာင္းရိွ ကိုရင္မ်ားႏွင့္ (၅၂၉) တပ္မွ အမ်ိဳးသမီးမ်ားမွ သန္႔ရွင္းေရးျပဳလုပ္ေနရေၾကာင္း သိရသည္။

"မေန႔က မထင္မွတ္ဘဲ ေရာက္သြားတာ။ ေရာက္သြားေတာ့ ေစ်းဆိုင္ေတြက သိမ္းေနတုန္း။ ရင္ျပင္ေတာ္မွာက်ေတာ့ ရွမ္းရြာကအစ္မေတြက အမိႈက္ေကာက္ေနတယ္။ ေစ်းဆိုင္ကတစ္ခ်ိဳ႕ကေတာ့ ကိုယ့္ဆိုင္ကိုယ္အမိႈက္သိမ္းေပမယ့္ တစ္ခ်ိဳ႕ကကိုယ့္ဆိုင္ကိုယ္သိမ္းသြားတာ။ ဆိုင္ေဘးမွာအမိႈက္ေတြ ျပန္႔ႀကဲေနတာေပါ့။ အမိႈက္ေတြရႈပ္ပြေနတာေတြ႕ေတာ့ မေန႔က ညေန (၃) နာရီေလာက္ Facebook ေပၚမွာတင္လိုက္တာေပါ့။ လူငယ္ေတြေတာ့ မမ်ားဘူး။ မေန႔က လျပည့္ေနဆိုေတာ့ အမိႈက္ေတြက်န္ခဲ့တာေပါ့။ ဒီေက်ာင္းက ကိုရင္ေလးေတြက က်န္တဲ့အမိႈက္ေတြ ေကာက္ရတာေပါ့။ သြားတုန္းကေတာ့ (၃) ေယာက္ထဲေပါ့။ ေနာက္မွ ဖုန္းဆက္ၿပီး (၅) ေယာက္ထပ္ေရာက္လာတယ္"ဟု မမိီေဆာ(အာခါ)ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ ပလပ္စတစ္အမိႈက္ကင္းစင္ေရးအတြက္ ၿမိဳ႕တြင္း အထင္ကရေနရာမ်ားတြင္ လူငယ္မ်ားစုေပါင္းၿပီး အမိႈက္ေကာက္ျခင္းလုပ္ငန္းကို ေဆာင္ရြက္ရန္ စီစဥ္ေနၿပီးသစ္တစ္ပင္ေတာင္တြင္ လူငယ္မ်ားစုေပါင္းကာ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၄)ရက္ေန႔ နံနက္(၉)နာရီတြင္ အမိႈက္ေကာက္သန္႔ရွင္းေရး လုပ္ၾကမည္ျဖစ္ေၾကာင္းသိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - မီေဆာ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များကို ကျိုင်းတုံမြို့ ပလပ်စတစ်အမှိုက် ကင်းစင်ရေး လှုပ်ရှားသူလူငယ်များက မိမိတို့အစီအစဉ်ဖြင့် ရှင်းလင်းသည့် Clean up Challenge ကို ရွှေသရက်ဘုန်းကြီးကျောင်းတွင် ၂၀၁၉ခုနှစ် မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ပြုလုပ်လိုက်ကြောင်း သိရသည်။

"မနက်က (၈) နာရီရောက်တယ်၊ စသွားတာ (၃) ယောက်ပေါ့။ (၅၂၉) တပ်ကလို့ပြောတဲ့ အမ (၁၁) ယောက်လောက်ရှိတယ်။ သန့်ရှင်းရေးလုပ်နေတာပေါ့။ သူတို့တပ်မှူးက လုပ်ခိုင်းတာပြောတယ်။ သူတို့ကရင်ပြင်တော်ပေါ်မှာ တံမျက်စည်းလှည်းနကြေတယ်။ ကျွန်တော်ရောက်သွားတော့ ကျောင်းထိုင်ဘုန်းကြီးကို သွားလျှောက်တာပေါ့။ မနေ့ကမလျှောက်ခဲ့ရဘူးလေ။ တပည့်တော်မတို့ အမှိုက်ကောက်ချင်လို့ တပည့်တော်မတို့ချည်းဆို မနိုင်ဘူးပေါ့။ ကိုရင်လေးတွေလည်းကူကောက်ပေးလို့ရလားဆိုတော့ ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ကိုရင်တွေခေါ်ပြီး လိုက်ကောက်ပေးတယ်"ဟု Clean up Challenge ပြုလုပ်ခဲ့သူ မမိီဆော(အာခါ)က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

၂၀၁၉ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ တပေါင်းလပြည့်နေ့ဖြစ်သဖြင့် ရွှေသရက်ဘုန်းကြီးကျောင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့ရာတွင် စွန်ပစ်အမှိုက်များ ကျန်ရှိနေခဲ့ပြီး ကျန်ရှိအမှိုက်များကို ဘုန်းကြီးကျောင်းရှိ ကိုရင်များနှင့် (၅၂၉) တပ်မှ အမျိုးသမီးများမှ သန့်ရှင်းရေးပြုလုပ်နေရကြောင်း သိရသည်။

"မနေ့က မထင်မှတ်ဘဲ ရောက်သွားတာ။ ရောက်သွားတော့ ဈေးဆိုင်တွေက သိမ်းနေတုန်း။ ရင်ပြင်တော်မှာကျတော့ ရှမ်းရွာကအစ်မတွေက အမှိုက်ကောက်နေတယ်။ ဈေးဆိုင်ကတစ်ချို့ကတော့ ကိုယ့်ဆိုင်ကိုယ်အမှိုက်သိမ်းပေမယ့် တစ်ချို့ကကိုယ့်ဆိုင်ကိုယ်သိမ်းသွားတာ။ ဆိုင်ဘေးမှာအမှိုက်တွေ ပြန့်ကြဲနေတာပေါ့။ အမှိုက်တွေရှုပ်ပွနေတာတွေ့တော့ မနေ့က ညနေ (၃) နာရီလောက် Facebook ပေါ်မှာတင်လိုက်တာပေါ့။ လူငယ်တွေတော့ မများဘူး။ မနေ့က လပြည့်နေဆိုတော့ အမှိုက်တွေကျန်ခဲ့တာပေါ့။ ဒီကျောင်းက ကိုရင်လေးတွေက ကျန်တဲ့အမှိုက်တွေ ကောက်ရတာပေါ့။ သွားတုန်းကတော့ (၃) ယောက်ထဲပေါ့။ နောက်မှ ဖုန်းဆက်ပြီး (၅) ယောက်ထပ်ရောက်လာတယ်"ဟု မမိီဆော(အာခါ)ပြောသည်။

ကျိုင်းတုံမြို့ ပလပ်စတစ်အမှိုက်ကင်းစင်ရေးအတွက် မြို့တွင်း အထင်ကရနေရာများတွင် လူငယ်များစုပေါင်းပြီး အမှိုက်ကောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် စီစဉ်နပြေီးသစ်တစ်ပင်တောင်တွင် လူငယ်များစုပေါင်းကာ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ နံနက်(၉)နာရီတွင် အမှိုက်ကောက်သန့်ရှင်းရေး လုပ်ကြမည်ဖြစ်ကြောင်းသိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ -မီဆော

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net