အာဖရိက၀က်အပြင်းဖျားရောဂါ နှင့် ပတ်သက်၍ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူထားပြီးနောက် ကျိုင်းတုံမြို့တွင်းရှိ ဈေးများနှင့် ၀က်သားဆိုင်များကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးသွားမည်

အာဖရိက၀က်အပြင်းဖျားရောဂါ နှင့် ပတ်သက်၍ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူထားပြီးနောက် ကျိုင်းတုံမြို့တွင်းရှိ ဈေးများနှင့် ၀က်သားဆိုင်များကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးသွားမည်
မတျ 25, 2019
By Tachileik News Agency



ကျိုင်းတုံလေဆိပ်နှင့် နောင်နွန်းပူးပေါင်းစစ်ဆေးဂိတ်များတွင် ကျိုင်းတုံ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊   မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင် နှင့် ၀န်ထမ်းများ၊   စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီမှူး ဦးသန်းစိုး နှင့် ၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသက်မြင့် နှင့် မြို့နယ်ကြက်ခြေနီဥက္ကဌ ဦးစိုင်းလုံစု နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ အာဖရိက၀က်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို မတ်လ (၂၅) ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းနှင့်ဆိုင်းဘုတ်များကို ကျိုင်းတုံလေဆိပ် နှင့် နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်တို့တွင် ၂၀၁၉ခုနှစ် မတ်လ(၂၅)ရက်နေ့ ညနေပိုင်းက စုပေါင်းအဖွဲ့ဖြင့် စိုက်ထူခဲ့ကြပြီး ကျိုင်းတုံမြို့တွင်း ဈေးများရှိ ဝက်သားအရောင်းဆိုင်များနှင့် ဝက်မွေးမြူရေးခြံကြီးများတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ရှိ မရှိ ကို ပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင်ဝင်ရောက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျိုင်းတုံမြို့နယ် တိ/မွေးကုက တစ်ခေါက်စစ်ပြီးပြီ ပြောတယ်။ ကျွန်တော်တို့လည်း ပူးပေါင်းအဖွဲ့နဲ့ စစ်ဦးမယ်။ အသိပညာပေးတာတွေ စစ်ဆေးတာတွေ လုပ်မယ်။ ဝက်မွေးတဲ့ခြံတွေနဲ့ လုပ်ငန်းရှင်တွေကို အသိပညာပေးဟောပြောပွဲတွေ လုပ်သွားမှာပေါ့"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၅)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံလေဆိပ်နှင့် နောင်နွန်းပူးပေါင်းစစ်ဆေးဂိတ်များတွင် ကျိုင်းတုံ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင် နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီမှူး ဦးသန်းစိုး နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသက်မြင့် နှင့် မြို့နယ်ကြက်ခြေနီဥက္ကဌ ဦးစိုင်းလုံစု နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝခြေင်းများကို မတ်လ (၂၅) ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန(ကျိုင်းတုံ)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net