မလေးရှားနိုင်ငံတွင် Nan Bao တိုင်းရင်းဆေးကို ဈေးကွက်မှ ပြန်လည်သိမ်းဆည်းထားပြီဖြစ်၍ မြန်မာ FDA မှလည်း ပြည်သူများ ၀ယ်ယူသုံးခြင်းမပြုလုပ်ရန် အသိပေးထား

မလေးရှားနိုင်ငံတွင် Nan Bao တိုင်းရင်းဆေးကို ဈေးကွက်မှ ပြန်လည်သိမ်းဆည်းထားပြီဖြစ်၍ မြန်မာ FDA မှလည်း ပြည်သူများ ၀ယ်ယူသုံးခြင်းမပြုလုပ်ရန် အသိပေးထား
မတျ 27, 2019
By Tachileik News Agency


အဆိုပါဆေးတွင် Tadalafil နှင့် Sidenafil များပါဝင်သဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၇)ရက်နေ့မှစ၍ မလေးရှားနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်လိုင်စင် ပြန်လည်ရုပ်သိမ်းထားပြီး အဆိုပါဆေးအား သောက်သုံးမိသူများအနေဖြင့် လိုအပ်ပါက ဆရာဝန်များထံပြသရန်လည်း တိုက်တွန်းထားသည်။

Nan Bao အမျိုးသားကာမအားတိုးဆေးကို အွန်လိုင်းမှရောင်းချမှုအပါအဝင် ရောင်းချမှုအားလုံး ရပ်ဆိုင်းရန်၊ ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန်နှင့် လိုက်နာခြင်းမရှိပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း သတိပေးထားပြီး မလေးရှားနိုင်ငံ ဆေးဝါးထိန်းချုပ်ရေးဌာနကစိစစ်ခွင့်ပြုထားပြီး ဆေးဝါးများစာရင်းကို www.npra.gov.my တွင် အများပြည်သူအနေဖြင့် စိစစ်ကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာထားသည်။

ယင်းအတူ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း ဖော်ပြပါ ဆေးဝါးအား ပြည်သူများအနေဖြင့် ၀ယ်ယူသုံးစွဲခြင်းမပြုလုပ်ရန် မတ်လ(၂၇)ရက်နေ့တွင် အသိပေးထားရှိသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မလေးရှားနိုင်ငံမှ တိုင်းရင်းဆေးတစ်ခုဖြစ်သည့် Nan Bao ဆေးတောင့်များမှာ တားမြစ်ထားသည့် ဓာတုပစ္စည်းများပါဝင်ပြီး အသက်အန္တရာယ်ဖြစ်စေသည့်အတွက် ဖြန့်ဖြူးရောင်းချခြင်း၊ သုံးစွဲခြင်းမပြုရန် မလေးရှားဆေးဝါးထိန်းချုပ်ရေးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါဆေးတွင် Tadalafil နှင့် Sidenafil များပါဝင်သဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၇)ရက်နေ့မှစ၍ မလေးရှားနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်လိုင်စင် ပြန်လည်ရုပ်သိမ်းထားပြီး အဆိုပါဆေးအား သောက်သုံးမိသူများအနဖြေင့် လိုအပ်ပါက ဆရာဝန်များထံပြသရန်လည်း တိုက်တွန်းထားသည်။

Nan Bao အမျိုးသားကာမအားတိုးဆေးကို အွန်လိုင်းမှရောင်းချမှုအပါအဝင် ရောင်းချမှုအားလုံး ရပ်ဆိုင်းရန်၊ ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန်နှင့် လိုက်နာခြင်းမရှိပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း သတိပေးထားပြီး မလေးရှားနိုင်ငံ ဆေးဝါးထိန်းချုပ်ရေးဌာနကစိစစ်ခွင့်ပြုထားပြီး ဆေးဝါးများစာရင်းကို www.npra.gov.my တွင် အများပြည်သူအနဖြေင့် စိစစ်ကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာထားသည်။

ယင်းအတူ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း ဖော်ပြပါ ဆေးဝါးအား ပြည်သူများအနဖြေင့် ဝယ်ယူသုံးစွဲခြင်းမပြုလုပ်ရန် မတ်လ(၂၇)ရက်နေ့တွင် အသိပေးထားရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net