ပိုင္ရွင္မဲ့ သစ္(၁၈)တန္ေက်ာ္ ႏွင့္အတူ ယာဥ္မ်ားကို မိုင္းဆတ္ၿမိဳ႕နယ္အတြင္း သိမ္းဆည္းရမိ

ပိုင္ရွင္မဲ့ သစ္(၁၈)တန္ေက်ာ္ ႏွင့္အတူ ယာဥ္မ်ားကို မိုင္းဆတ္ၿမိဳ႕နယ္အတြင္း သိမ္းဆည္းရမိ
မတ် 19, 2019
By Tachileik News Agency

တရားမ၀င္ပိေတာက္သစ္ (၁၈)တန္ေက်ာ္ႏွင့္အတူ ဘက္ဟိုး(၁) စီး၊ (၆)ဘီးယာဥ္(၂)စီးႏွင့္ ဆိုင္ကယ္(၃)စီးတို႔အား ပိုင္ရွင္မဲ့အျဖစ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္အတြင္း မတ္လ(၁၈)ရက္ေန႔ ညပိုင္းက ဖမ္းဆီးရမိေၾကာင္း  သိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္၊ မယ္နင္ေက်းရြာအုပ္စု၊ ေနာင္ဖာေက်းရြာအေရွ႕ဘက္ အုတ္ကြင္းအနီးတြင္ တရား မ၀င္ ပိေတာက္သစ္မ်ား စုပုံထားရိွၿပီး သယ္ေဆာင္ရန္ျပင္ဆင္လ်က္ရိွေၾကာင္း သတင္းအရ ပူးေပါင္းအဖြဲ႔ျဖင့္ ၂၀၁၉ခုႏွစ္ မတ္လ(၁၈)ရက္ေန႔ ည(၉)နာရီခြဲ ၀န္းက်င္အခ်ိန္က သြားေရာက္ စစ္ေဆးရာမွ သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္အတြင္း နယ္ေျမခံတပ္နယ္မွ ဗိုလ္မွဴးဆလိုင္းပိုင္ဦး၊ မိုင္းဆတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးဟန္စိုးဦး၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ယာယီရဲမွဴးေဌးလိႈင္ႏွင့္ ၿမိဳ႕နယ္သစ္ေတာဦးစီးမွဴး ဦးသန္းႏိုင္တို႔ဦးေဆာင္သည့္ ပူးေပါင္းအဖြဲ႔က သတင္းအခိုင္အမာ ရရွိထားသည့္ အဆိုပါ ေနရာသို႔ သြားေရာက္စစ္ေဆးရာမွ   TOYOTA DYNA (၆)ဘီးယာဥ္ႏွင့္ ISUZU (၆)ဘီးယာဥ္ေပၚတြင္ ပိေတာက္သစ္စကဲြယားတုံး(၂)တန္ခန္႔ႏွင့္ အနီးပတ္၀န္းက်င္မွ  ပိေတာက္သစ္စကဲြယားတုံး(၁၆)တန္ေက်ာ္စုစုေပါင္း ပိေတာက္သစ္စကဲြယားတုံး(၁၉၆)တုံး၊ (၁၈ ဒႆမ ၆၅၆၂)တန္ အျပင္ သစ္မ်ားတင္ေဆာင္ရာတြင္ အသုံးျပဳေသာ ဘတ္ဟိုးယာဥ္(၁)စီးႏွင့္ ဆိုင္ကယ္(၃)စီးတို႔အား ပိုင္ရွင္မဲ့ရွာေဖြသိမ္းဆည္းရမိျခင္း ျဖစ္သည္။

ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိသည့္ ဖမ္းဆီးရမိသည့္ တရားမ၀င္ပိေတာက္သစ္ (၁၈)တန္ေက်ာ္ႏွင့္အတူ ယာဥ္မ်ားအား သိမ္းဆည္းခဲ့ၾကၿပီး အဆိုပါ ကိစၥႏွင့္ ပတ္သက္၍  ဥပေဒႏွင့္အညီအေရးယူေဆာင္ရြက္လ်က္ရိွေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တရားမဝင်ပိတောက်သစ် (၁၈)တန်ကျော်နှင့်အတူ ဘက်ဟိုး(၁) စီး၊ (၆)ဘီးယာဉ်(၂)စီးနှင့် ဆိုင်ကယ်(၃)စီးတို့အား ပိုင်ရှင်မဲ့အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း မတ်လ(၁၈)ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စု၊ နောင်ဖာကျေးရွာအရှေ့ဘက် အုတ်ကွင်းအနီးတွင် တရား မဝင် ပိတောက်သစ်များ စုပုံထားရှိပြီး သယ်ဆောင်ရန်ပြင်ဆင်လျက်ရှိကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ခုနှစ် မတ်လ(၁၈)ရက်နေ့ ည(၉)နာရီခွဲ ဝန်းကျင်အချိန်က သွားရောက် စစ်ဆေးရာမှ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်း နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးဆလိုင်းပိုင်ဦး၊ မိုင်းဆတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဌေးလှိုင်နှင့် မြို့နယ်သစ်တောဦးစီးမှူး ဦးသန်းနိုင်တို့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သတင်းအခိုင်အမာ ရရှိထားသည့် အဆိုပါ နေရာသို့ သွားရောက်စစ်ဆေးရာမှ TOYOTA DYNA (၆)ဘီးယာဉ်နှင့် ISUZU (၆)ဘီးယာဉ်ပေါ်တွင် ပိတောက်သစ်စကွဲယားတုံး(၂)တန်ခန့်နှင့် အနီးပတ်ဝန်းကျင်မှ ပိတောက်သစ်စကွဲယားတုံး(၁၆)တန်ကျော်စုစုပေါင်း ပိတောက်သစ်စကွဲယားတုံး(၁၉၆)တုံး၊ (၁၈ ဒဿမ ၆၅၆၂)တန် အပြင် သစ်များတင်ဆောင်ရာတွင် အသုံးပြုသော ဘတ်ဟိုးယာဉ်(၁)စီးနှင့် ဆိုင်ကယ်(၃)စီးတို့အား ပိုင်ရှင်မဲ့ရှာဖွေသိမ်းဆည်းရမိခြင်း ဖြစ်သည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် ဖမ်းဆီးရမိသည့် တရားမဝင်ပိတောက်သစ် (၁၈)တန်ကျော်နှင့်အတူ ယာဉ်များအား သိမ်းဆည်းခဲ့ကြပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net