တာချီလိတ်မြို့တွင် ပြိုင်ပွဲမဟုတ်သည့် Tachileik Talent Show ၏ တတိယအကြိမ်ကို ပြုလုပ်ရာ ၀ါသနာရှင် လူငယ်(၁၈)ဦး ပါဝင်သီဆိုကြပြီး စတုတ္ထအကြိမ်အား ဆယ်တန်းစာမေးပွဲပြီးမှ ပြန်လည်ကျင်းပမည်

တာချီလိတ်မြို့တွင် ပြိုင်ပွဲမဟုတ်သည့် Tachileik Talent Show ၏ တတိယအကြိမ်ကို ပြုလုပ်ရာ ၀ါသနာရှင် လူငယ်(၁၈)ဦး ပါဝင်သီဆိုကြပြီး စတုတ္ထအကြိမ်အား ဆယ်တန်းစာမေးပွဲပြီးမှ ပြန်လည်ကျင်းပမည်
ဖေဖော်ဝါရီ 17, 2019
By Tachileik News Agency


 Tachileik Talent Show အစီအစဉ်အား တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်း အနောက်ဘက်ရှိ Johnny Fitness Center ဝန်းတွင် ကျင်းပနေခြင်းဖြစ်ပြီး သီဆိုဖျော်သူများအား A3N Music Band လူငယ်အဖွဲ့မှ တီးခတ်ပေးခဲ့ကြခြင်း ဖြစ်သည်။



Tachileik Talent Show အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့မှစ၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ဒုတိယအကြိမ်အား  ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ကလည်းကောင်း၊ တတိယအကြိမ်အား  ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင်  ကျင်းပနေခြင်းဖြစ်ပြီး အဆိုတော် ကိုအိုက်ထွန်း၊ လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးဂျော်နီ၊ ကိုစိုင်းနော်ခမ်း နှင့် ကိုကြီး တို့က ဒေသတွင်းမှ ဂီတနှင့်အဆိုဝါသနာရှင် လူငယ်များ သီဆိုဖျော်ဖြေနိုင်ရန် စီစဉ်ကျင်းပ ပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik Talent Show ၏ အစီအစဉ်တွင် ပါဝင်လိုသည့် ဂီတ၊ အဆိုဝါသနာရှင်များအနေဖြင့် အသေးစိတ်သိရှိလိုပါက အဆိုတော် အိုက်ထွန်း 095242273 ၊ တေးရေး ကိုကြီး 09250777919 နှင့် ဦးဂျော်နီ 095240445 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

Tachileik News Agency

ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် ပြိုင်ပွဲမဟုတ်သည့် Tachileik Talent Show၏ တတိယအကြိမ် သီဆိုဖျော်ဖြေမှုကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညပိုင်းက ပြုလုပ်ရာ လူငယ်အဆိုဝါသနာရှင် (၁၈)ဦး ပါဝင် သီဆိုခဲ့ကြောင်းနှင့် စတုတ္တအကြိမ်မြောက် သီဆိုဖျော်ဖြေမှုအား ဆယ်တန်းစာမေးပွဲများ အပြီးဖြစ်သည့် မတ်လ(၁၆)ရက်နေ့မှ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 Tachileik Talent Show အစီအစဉ်အား တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်း အနောက်ဘက်ရှိ Johnny Fitness Center ဝန်းတွင် ကျင်းပနခြေင်းဖြစ်ပြီး သီဆိုဖျော်သူများအား A3N Music Band လူငယ်အဖွဲ့မှ တီးခတ်ပေးခဲ့ကြခြင်း ဖြစ်သည်။

Tachileik Talent Show အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း ကျင်းပရန် စီစဉ်ထားသော်လည်း Tachileik Talent Show ကျင်းပရာ နေရာနှင့် နီးစပ်သည့် ရှမ်းရိုးမကွင်းတွင် တရားပွဲများ ပြုလုပ်ပါက သီဆိုဖျော်ဖြေမှုကို ရပ်နားထားပြီး တရားပွဲပြီးမှသာ ပြန်လည်စတင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းအတူ Tachileik Talent Show အစီအစဉ်၏ စတုတ္ထအကြိမ်ကို လာမည့် စနေနေ့တွင် ကျင်းပရန် ယခင်က စီစဉ်ထားသော်လည်း အလယ်တန်းအထက်တန်း နှင့် (၁၀)တန်းစာမေးပွဲများရှိသည့်အတွက် စာမေးပွဲပြီးသည့် မတ်လ(၁၆)ရက်နေ့မှသာ ပြန်လည်၍ စတင်မည်ဖြစ်ကြောင်းနှင့် အစီအစဉ် မစတင်မီ ကာလတွင် အဆိုဝါသနာရှင်သစ် စာရင်းများကို လက်ခံပေးသွားကာ အသံစစ်ခြင်း၊ သီချင်းတိုက်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း Tachileik Talent Show Team မှ သိရသည်။

Tachileik Talent Show အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့မှစ၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ဒုတိယအကြိမ်အား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ကလည်းကောင်း၊ တတိယအကြိမ်အား ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် ကျင်းပနခြေင်းဖြစ်ပြီး အဆိုတော် ကိုအိုက်ထွန်း၊ လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးဂျော်နီ၊ ကိုစိုင်းနော်ခမ်း နှင့် ကိုကြီး တို့က ဒေသတွင်းမှ ဂီတနှင့်အဆိုဝါသနာရှင် လူငယ်များ သီဆိုဖျော်ဖြေနိုင်ရန် စီစဉ်ကျင်းပ ပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik Talent Show၏ အစီအစဉ်တွင် ပါဝင်လိုသည့် ဂီတ၊ အဆိုဝါသနာရှင်များအနဖြေင့် အသေးစိတ်သိရှိလိုပါက အဆိုတော် အိုက်ထွန်း 095242273၊ တေးရေး ကိုကြီး 09250777919 နှင့် ဦးဂျော်နီ 095240445 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~