တာခ်ီလိတ္တြင္ အမ်ဳိးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ

တာခ်ီလိတ္တြင္ အမ်ဳိးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ျမန္မာတိုးနယားကြင္းရွိ လမ္းသြယ္ေဒါင့္တြင္ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၈)ရက္ေန႔ ည(၈)နာရီ၀န္းက်င္က ဓါးဒဏ္ရာ၊ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ ထုိင္းႏုိင္ငံသားအဆိုေတာ္ဟုဆိုသူကို ေတြ႔ရိွရေၾကာင္း ကနဦး သိရသည္။

ေသဆံုးသူမွာ လည္ပင္း၊ ပါးႏွင့္ နားထင္တို႔တြင္ က်ည္ေဖါက္ဝင္ဒဏ္ရာမ်ားႏွင့္ ဓါးဒဏ္ရာမ်ားရရိွထားၿပီး ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာကို စစ္ေဆးကာ အေလာင္းအား ရင္ခြဲရံုသို႔ ပို႔ေဆာင္စစ္ေဆးထားသည္။

တာခ်ီလိတ္ၿမိဳ႕လယ္တြင္ ဇန္နဝါရီလအတြင္းကလည္း ၿမိဳ႕မွ နာမည္ႀကီးသူေဌးတစ္ဦးေသဆံုးခဲ့သည့္ ပစ္ခတ္မႈအပါအဝင္ ေသနတ္ပစ္ခတ္မႈ (၂)ခုျဖစ္ပြားရာမွ တရားခံမ်ားဖမ္းဆီးရမိျခင္းမရိွေသးဘဲ ေဖေဖၚဝါရီလတြင္ ထပ္မံျဖစ္ပြားလာျခင္းျဖစ္သည္။



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြန်မာတိုးနယားကွင်းရှိ လမ်းသွယ်ဒေါင့်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့ ည(၈)နာရီဝန်းကျင်က ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ထိုင်းနိုင်ငံသားအဆိုတော်ဟုဆိုသူကို တွေ့ရှိရကြောင်း ကနဦး သိရသည်။

သေဆုံးသူမှာ လည်ပင်း၊ ပါးနှင့် နားထင်တို့တွင် ကျည်ဖေါက်ဝင်ဒဏ်ရာများနှင့် ဓါးဒဏ်ရာများရရှိထားပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို စစ်ဆေးကာ အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးထားသည်။

တာချီလိတ်မြို့လယ်တွင် ဇန်နဝါရီလအတွင်းကလည်း မြို့မှ နာမည်ကြီးသူဌေးတစ်ဦးသေဆုံးခဲ့သည့် ပစ်ခတ်မှုအပါအဝင် သေနတ်ပစ်ခတ်မှု (၂)ခုဖြစ်ပွားရာမှ တရားခံများဖမ်းဆီးရမိခြင်းမရှိသေးဘဲ ဖေဖေါ်ဝါရီလတွင် ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~