တာခ်ီလိတ္တြင္ မူးယစ္ေဆးျဖင့္ဖမ္းမိသည့္ ထုိင္းႏုိင္ငံသား (၃)ဦးႏွင့္ အိမ္ခန္းငွားသည့္ အိမ္ရွင္တုိ႔ကို လဝကအက္ဥပေဒျဖင့္ ထပ္မံအေရးယူ

တာခ်ီလိတ္တြင္ မူးယစ္ေဆးျဖင့္ဖမ္းမိသည့္ ထုိင္းႏုိင္ငံသား (၃)ဦးႏွင့္ အိမ္ခန္းငွားသည့္ အိမ္ရွင္တုိ႔ကို လဝကအက္ဥပေဒျဖင့္ ထပ္မံအေရးယူ
ဖေဖော်ဝါရီ 12, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္  မူးယစ္ေဆး၊ မူးယစ္ေဆးထုတ္လုပ္သည့္စက္မ်ားျဖင့္ ဖမ္းဆီးရမိသည့္ ထုိင္းႏိုင္ငံသား (၃)ဦးႏွင့္ အိမ္ခန္းငွားေပးထားသည့္ အိမ္ရွင္တုိ႔ကို လဝကအက္ဥပေဒျဖင့္ ထပ္မံအမႈဖြင့္ထားၿပီး အိမ္ခန္းငွားပိုင္ရွင္မွာ ထြက္ေျပးေနေၾကာင္း သိရသည္။
၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၀)ရက္ေန႔က ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(ျပင္)ရိွ ေနအိမ္တြင္ ငွားရမ္းေနထုိင္သည့္ ထုိင္းႏုိင္ငံသား လက္ခ်ာႏြန္းေဖးေလာင္းေထာင္ကို မူးယစ္ေဆး၊ မူးယစ္ေဆးထုတ္လုပ္သည့္စက္တုိ႔ျဖင့္ ဖမ္းဆီးရမိထားျခင္းျဖစ္ၿပီး ေတာ္ေကာ့(ျပင္)ရိွ ဟိုတယ္တစ္ခုတြင္လည္း ထိုင္းႏိုင္ငံသူမ်ားျဖစ္သည့္ Tidarut Lorprakansit ႏွင့္ ဝမ္နာလီလီေလာ့ဖူ တို႔ကို မူးယစ္ေဆးမ်ားျဖင့္ ဖမ္းမိထားျခင္းျဖစ္သည္။
၎တို႔ (၃)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္မႈမ်ားျဖင့္ အမႈဖြင့္စစ္ေဆးရာ မယ္ဆုိင္ေခ်ာင္းမွ တရားမဝင္ျဖတ္ကူးလာၾကသူမ်ားျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသျဖင့္ လဝကအက္ဥပေဒျဖင့္  ထပ္မံအေရးယူလုိက္ျခင္းျဖစ္ၿပီး ႏိုင္ငံျခားသားအား အိမ္ခန္းငွားေပးထားေသာ္လည္း တာဝန္ရိွသူမ်ားထံ သတင္းေပးပို႔ရန္ပ်က္ကြက္သည့္ အိမ္ရွင္ အိုက္လြတ္ကိုပါ လဝကအက္ဥပေဒျဖင့္ အေရးယူလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏုိင္ငံသားမ်ားျဖစ္သည့္ လက္ခ်ာႏြန္းေဖးေလာင္းေထာင္း၊ Tidarut Lorprakansit ၊ ဝမ္နာလီလီေလာ့ဖူ ႏွင့္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ အိမ္ရွင္ အုိက္လြတ္တို႔အား (ပ)၆၉/၂၀၁၉၊  လဝကအက္ဥပေဒပုဒ္မ ၁၃(၁)/၁၃(၅)ျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေနေၾကာင္းသိရသည္။
Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် မူးယစ်ဆေးဖြင့်ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၃)ဦးနှင့် အိမ်ခန်းငှားသည့် အိမ်ရှင်တို့ကို လဝကအက်ဥပဒေဖြင့် ထပ်မံအရေးယူ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်  မူးယစ်ဆေး၊ မူးယစ်ဆေးထုတ်လုပ်သည့်စက်များဖြင့် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား (၃)ဦးနှင့် အိမ်ခန်းငှားပေးထားသည့် အိမ်ရှင်တို့ကို လဝကအက်ဥပဒေဖြင့် ထပ်မံအမှုဖွင့်ထားပြီး အိမ်ခန်းငှားပိုင်ရှင်မှာ ထွက်ပြေးနေကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့က ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)ရှိ နေအိမ်တွင် ငှားရမ်းနေထိုင်သည့် ထိုင်းနိုင်ငံသား လက်ချာနွန်းဖေးလောင်းထောင်ကို မူးယစ်ဆေး၊ မူးယစ်ဆေးထုတ်လုပ်သည့်စက်တို့ဖြင့် ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး တော်ကော့(ပြင်)ရှိ ဟိုတယ်တစ်ခုတွင်လည်း ထိုင်းနိုင်ငံသူများဖြစ်သည့် Tidarut Lorprakansit နှင့် ဝမ်နာလီလီလော့ဖူ (Bai Tong Rodpor)တို့ကို မူးယစ်ဆေးများဖြင့် ဖမ်းမိထားခြင်းဖြစ်သည်။
၎င်းတို့ (၃)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်မှုများဖြင့် အမှုဖွင့်စစ်ဆေးရာ မယ်ဆိုင်ချောင်းမှ တရားမဝင်ဖြတ်ကူးလာကြသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လဝကအက်ဥပဒေဖြင့်  ထပ်မံအရေးယူလိုက်ခြင်းဖြစ်ပြီး နိုင်ငံခြားသားအား အိမ်ခန်းငှားပေးထားသော်လည်း တာဝန်ရှိသူများထံ သတင်းပေးပို့ရန်ပျက်ကွက်သည့် အိမ်ရှင် အိုက်လွတ်ကိုပါ လဝကအက်ဥပဒေဖြင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားများဖြစ်သည့် လက်ချာနွန်းဖေးလောင်းထောင်း၊ Tidarut Lorprakansit ၊ ဝမ်နာလီလီလော့ဖူ နှင့် ထွက်ပြေးတိမ်းရှောင်နေသည့် အိမ်ရှင် အိုက်လွတ်တို့အား (ပ)၆၉/၂၀၁၉၊  လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)ဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~