ေရႊစက္ေတာ္သို႔ လာေရာက္သည့္ ဘုရားဖူးမိသားစုယာဥ္မွ အရွိန္မထိန္းႏိုင္ဘဲ လမ္းခင္းလုပ္သားမ်ားကို ၀င္တိုက္မိရာက တစ္ဦး(၁)ဆံုးၿပီး (၇)ဦး ဒဏ္ရာရ

ေရႊစက္ေတာ္သို႔ လာေရာက္သည့္ ဘုရားဖူးမိသားစုယာဥ္မွ အရွိန္မထိန္းႏိုင္ဘဲ လမ္းခင္းလုပ္သားမ်ားကို ၀င္တိုက္မိရာက တစ္ဦး(၁)ဆံုးၿပီး (၇)ဦး ဒဏ္ရာရ
ဖေဖော်ဝါရီ 18, 2019
By Tachileik News Agency
မင္းဘူး(စကု)ၿမိဳ႕နယ္ ပန္းေတာင္းေက်းရြာ ေရႊစက္ေတာ္ (၈)မိုင္ အဝင္လမ္းအနီးတြင္ ေဖေဖာ္ဝါရီလ (၁၈) ရက္ နံနက္(၇)နာရီခဲြ၀န္းက်င္က ဘုရားဖူးယာဥ္ တစ္စီးက အရိွန္ မထိန္းႏိုင္ဘဲ လမ္းခင္းလုပ္သားမ်ားကို ဝင္တိုက္မႈ ျဖစ္ပြားသျဖင့္ လမ္းခင္းလုပ္သား အမ်ိဳးသမီး(၁)ဦး အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားၿပီး (၇)ဦး ဒဏ္ရာ အသီးသီး ရရိွသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ  ဦးေက်ာ္ေဇယ် ေမာင္းႏွင္ၿပီး မိသားစုလိုက္ ပါလာေသာ ကားသည္ မံုရြာၿမိဳ႕ဘက္မွ ေရႊစက္ေတာ္သို႔ ဘုရားဖူးရန္ အတြက္ ပုသိမ္ - မံုရြာလမ္းအတိုင္း ေမာင္းႏွင္လာခဲ့ရာ ေဖေဖာ္ဝါရီလ(၁၈)ရက္ နံနက္ (၇)နာရီ၀န္းက်င္တြင္ ေရႊစက္ေတာ္ဘုရားအဝင္လမ္းသို႔ ေရာက္ရိွလာခဲ့ေသာ္လည္း လမ္းမွားၿပီး ဆက္လက္ ေမာင္းႏွင္လာခဲ့မိရာ ပန္းေတာင္းေက်းရြာ ေရႊစက္ေတာ္အဝင္(၈)မိုင္လမ္းအနီးသို႔ အေရာက္တြင္ ေက်ာက္ခင္းေနသည့္ လမ္းလုပ္သားမ်ားကို ေတြ႔လိုက္ရ၍ ကားကို ဘရိတ္အုပ္ လိုက္ေသာ္လည္း အရိွန္မထိန္းႏိုင္ျဖစ္ၿပီး လမ္းခင္းလုပ္သားမ်ားကို ဝင္တိုက္ကာ လမ္း၏ ယာဘက္ျခမ္းသို႔ ထိုးက်သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ စစ္ေဆးခ်က္အရသိရသည္။

“ေရႊစက္ေတာ္ဘုရားပဲြေတာ္ အခ်ိန္မွာ လမ္းခ်ဲ႕တာေတြ လမ္းျပင္တာေတြ လုပ္ၾကတာ အေတာ္ အႏၱရာယ္ ရိွတယ္ဗ်။ ဘုရားပဲြေတာ္ မတိုင္မီ လုပ္ၾကရမယ့္ဟာ ဘာျဖစ္လို႔ ပဲြေတာ္ရာသီအခ်ိန္ေတြက်မွ ဒီလိုလုပ္ၾက တာလဲဆိုတာ ေတြးမရဘူး။ ဘာပဲျဖစ္ျဖစ္ ယာဥ္ေတြအေနနဲ႔ကေတာ့ သတိထားေမာင္းၾကရမွာပါ”ဟု ေရႊ စက္ေတာ္ဘုရားဖူး EXPRESS ယာဥ္ေမာင္း ဦးခ်စ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚပါသူမ်ားမွာ ထိခိုက္မႈ မရိွၾကေသာ္လည္း လမ္းခင္းလုပ္သား မ်ားထဲမွ  အသက္(၃၀)ႏွစ္အရြယ္ရိွ မေအးႀကိဳင္မွာ ဒဏ္ရာမ်ားျဖင့္ အခင္း ျဖစ္ေနရာတြင္ ေသဆံုးၿပီး ကိုျမင့္ခိုင္၊ မေမသူလိႈင္၊ မသန္းယုေမာ္၊ မသူဇာဝင္း၊ မလွေဌးၾကည္၊ ကိုကူးေမာင္ႏွင့္ မေအးသၾကၤန္ တို႔မွာ ဒဏ္ရာအသီးသီး ရရိွသြား၍ ပဒါန္းတိုက္နယ္ေဆးရံုႏွင့္ မင္းဘူးေဆးရံု သို႔ ပို႔ေဆာင္ကာ ေဆးကုသမႈ ခံယူလွ်က္ရိွေၾကာင္း သိရသည္။

ယင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ေက်ာ္ေဇယ်အား စကုနယ္ေျမရဲစခန္းမွ ယာဥ္(ပ)၇/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄(က)/၃၃၇/၃၃၈ တို႔ျဖင့္ အမႈဖြင့္  အေရးယူေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ရဲတပ္ဖဲြ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မင်းဘူး(စကု)မြို့နယ် ပန်းတောင်းကျေးရွာ ရွှေစက်တော် (၈)မိုင် အဝင်လမ်းအနီးတွင် ဖေဖော်ဝါရီလ (၁၈) ရက် နံနက်(၇)နာရီခွဲဝန်းကျင်က ဘုရားဖူးယာဉ် တစ်စီးက အရှိန် မထိန်းနိုင်ဘဲ လမ်းခင်းလုပ်သားများကို ဝင်တိုက်မှု ဖြစ်ပွားသဖြင့် လမ်းခင်းလုပ်သား အမျိုးသမီး(၁)ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး (၇)ဦး ဒဏ်ရာ အသီးသီး ရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးကျော်ဇေယျ မောင်းနှင်ပြီး မိသားစုလိုက် ပါလာသော ကားသည် မုံရွာမြို့ဘက်မှ ရွှေစက်တော်သို့ ဘုရားဖူးရန် အတွက် ပုသိမ် - မုံရွာလမ်းအတိုင်း မောင်းနှင်လာခဲ့ရာ ဖေဖော်ဝါရီလ(၁၈)ရက် နံနက် (၇)နာရီဝန်းကျင်တွင် ရွှေစက်တော်ဘုရားအဝင်လမ်းသို့ ရောက်ရှိလာခဲ့သော်လည်း လမ်းမှားပြီး ဆက်လက် မောင်းနှင်လာခဲ့မိရာ ပန်းတောင်းကျေးရွာ ရွှေစက်တော်အဝင်(၈)မိုင်လမ်းအနီးသို့ အရောက်တွင် ကျောက်ခင်းနေသည့် လမ်းလုပ်သားများကို တွေ့လိုက်ရ၍ ကားကို ဘရိတ်အုပ် လိုက်သော်လည်း အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းခင်းလုပ်သားများကို ဝင်တိုက်ကာ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရသိရသည်။

“ရွှေစက်တော်ဘုရားပွဲတော် အချိန်မှာ လမ်းချဲ့တာတွေ လမ်းပြင်တာတွေ လုပ်ကြတာ အတော် အန္တရာယ် ရှိတယ်ဗျ။ ဘုရားပွဲတော် မတိုင်မီ လုပ်ကြရမယ့်ဟာ ဘာဖြစ်လို့ ပွဲတော်ရာသီအချိန်တွေကျမှ ဒီလိုလုပ်ကြ တာလဲဆိုတာ တွေးမရဘူး။ ဘာပဲဖြစ်ဖြစ် ယာဉ်တွေအနေနဲ့ကတော့ သတိထားမောင်းကြရမှာပါ”ဟု ရွှေ စက်တော်ဘုရားဖူး EXPRESS ယာဉ်မောင်း ဦးချစ်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများမှာ ထိခိုက်မှု မရှိကြသော်လည်း လမ်းခင်းလုပ်သား များထဲမှ အသက်(၃၀)နှစ်အရွယ်ရှိ မအေးကြိုင်မှာ ဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးပြီး ကိုမြင့်ခိုင်၊ မမေသူလှိုင်၊ မသန်းယုမော်၊ မသူဇာဝင်း၊ မလှဌေးကြည်၊ ကိုကူးမောင်နှင့် မအေးသင်္ကြန် တို့မှာ ဒဏ်ရာအသီးသီး ရရှိသွား၍ ပဒါန်းတိုက်နယ်ဆေးရုံနှင့် မင်းဘူးဆေးရုံ သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဇေယျအား စကုနယ်မြေရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~