က်ိဳင္းတံုၿမိဳ႕တြင္ စီမံကိန္းပ်က္သြားသည့္ ရထားလမ္းတစ္ေလွ်ာက္ ၿမိဳ႕ေရွာင္လမ္း ေဖါက္လုပ္မည္

က်ိဳင္းတံုၿမိဳ႕တြင္ စီမံကိန္းပ်က္သြားသည့္ ရထားလမ္းတစ္ေလွ်ာက္ ၿမိဳ႕ေရွာင္လမ္း ေဖါက္လုပ္မည္
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ အသံုးမျပဳသည့္ ရထားလမ္းအတုိင္း ၿမိဳ႕ေရွာင္လမ္းမႀကီး ေဖာက္လုပ္မည္ျဖစ္ရာ ေျမယာေလ်ာ္ေၾကးေပးအပ္ရန္ ဘတ္ဂ်က္တင္ထားေၾကာင္း သိရသည္။

“ၿမိဳ႕ေရွာင္လမ္းလုပ္ဖို႔ အစီအစဥ္ရိွတယ္။ ၿမိဳ႕ေရွာင္လမ္းကို ရထားလမ္းအတိုင္းလုပ္မွာ။ ၿမိဳ႕ေရွာင္လမ္း ေဖာက္မယ့္ ေနရာမွာရိွတဲ့ ရထားသံလမ္းကို မတ္လမွာ ဖယ္ေပးမယ္။ ၿမိဳ႕ေရွာင္လမ္းေဖာက္ရင္ ပါသြားမယ့္ လယ္ယာေျမေတြအတြက္ လယ္သမားေတြကို ေလ်ာ္ေၾကးေပးမယ္။ ၂၀၁၉-၂၀ ဘတ္ဂ်က္ တင္ထားတယ္”ဟု က်ိဳင္းတံုၿမိဳ႕၊ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၃)ရက္ေန႔က ေျပာၾကားထားသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးနဲၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္အေရွ႕ ပိုင္း၊ က်ဳိင္းတုံၿမိဳ႕ကို ဆက္သြယ္မည့္ မိုးနဲ -က်ဳိင္းတုံရထားလမ္း ေဖာက္လုပ္ေရးစီမံကိန္း၏ က်ဳိင္းတုံလမ္းပိုင္းမွ ရထားလမ္းအရွည္ ( ၅.၆) မိုင္၊ သံလမ္းမိုင္ (၆.၆) မိုင္ကို ၂၀၀၉ ခုႏွစ္၊ ဧၿပီလ (၄ )ရက္ေန႔တြင္ စတင္ေဖာက္လုပ္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္ ဒီဇင္ဘာလ (၁၉) ရက္ေန႔ တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေသာ္လည္း ရထားေျပးဆြဲႏိုင္ျခင္း မရိွသျဖင့္ ျမန္မာ့မီးရထားလုပ္ငန္းက သံလမ္းမ်ားကို ျပန္လည္ဖယ္ရွားမည္ျဖစ္သည္။

မီးရထားသံလမ္းႏွင့္ ဘူတာရံုအတြက္ ေျမေနရာမ်ား သိမ္းဆည္းခဲ့ျခင္းျဖစ္ရာ စီမံကိန္း မေအာင္ျမင္သျဖင့္ မူလေျမပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္ရန္ ေတာင္းဆိုခဲ့ၾကသျဖင့္ သိမ္းဆည္းေျမယာမ်ားကို ျပန္လည္ စြန္႔လႊတ္ခဲ့ျခင္းျဖစ္သည္။

အသံုးျပဳျခင္း မရိွသည့္ ယန္းေလာေက်းရြာအုပ္စု၊ ဝမ္နားခမ္းရြာအနီးရိွ မီးရထားဘူတာေျမေနရာအား ကားႀကီးကြင္း တည္ေဆာက္ရန္ကိုလည္း က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၁၃)ရက္ေန႔က အစည္းအေဝးဆံုးျဖတ္ခ်က္ျဖင့္ တင္ျပေတာင္းခံထားခဲ့ျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထုိက္




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အသုံးမပြုသည့် ရထားလမ်းအတိုင်း မြို့ရှောင်လမ်းမကြီး ဖောက်လုပ်မည်ဖြစ်ရာ မြေယာလျော်ကြေးပေးအပ်ရန် ဘတ်ဂျက်တင်ထားကြောင်း သိရသည်။

“မြို့ရှောင်လမ်းလုပ်ဖို့ အစီအစဉ်ရှိတယ်။ မြို့ရှောင်လမ်းကို ရထားလမ်းအတိုင်းလုပ်မှာ။ မြို့ရှောင်လမ်း ဖောက်မယ့် နေရာမှာရှိတဲ့ ရထားသံလမ်းကို မတ်လမှာ ဖယ်ပေးမယ်။ မြို့ရှောင်လမ်းဖောက်ရင် ပါသွားမယ့် လယ်ယာမြေတွေအတွက် လယ်သမားတွေကို လျော်ကြေးပေးမယ်။ ၂၀၁၉-၂၀ ဘတ်ဂျက် တင်ထားတယ်”ဟု ကျိုင်းတုံမြို့၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ပြောကြားထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နှင့် ရှမ်းပြည်နယ်အရှေ့ ပိုင်း၊ ကျိုင်းတုံမြို့ကို ဆက်သွယ်မည့် မိုးနဲ -ကျိုင်းတုံရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း၏ ကျိုင်းတုံလမ်းပိုင်းမှ ရထားလမ်းအရှည် ( ၅.၆) မိုင်၊ သံလမ်းမိုင် (၆.၆) မိုင်ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၄ )ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း ရထားပြေးဆွဲနိုင်ခြင်း မရှိသဖြင့် မြန်မာ့မီးရထားလုပ်ငန်းက သံလမ်းများကို ပြန်လည်ဖယ်ရှားမည်ဖြစ်သည်။

မီးရထားသံလမ်းနှင့် ဘူတာရုံအတွက် မြေနေရာများ သိမ်းဆည်းခဲ့ခြင်းဖြစ်ရာ စီမံကိန်း မအောင်မြင်သဖြင့် မူလမြေပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ကြသဖြင့် သိမ်းဆည်းမြေယာများကို ပြန်လည် စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။

အသုံးပြုခြင်း မရှိသည့် ယန်းလောကျေးရွာအုပ်စု၊ ဝမ်နားခမ်းရွာအနီးရှိ မီးရထားဘူတာမြေနေရာအား ကားကြီးကွင်း တည်ဆောက်ရန်ကိုလည်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီက ၂၀၁၈ ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့က အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တင်ပြတောင်းခံထားခဲ့ခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~