ပါချုပ်ဆရာတော်၏ တရားပွဲ ကျန်းမာရေးအရ ဖေဖော်ဝါရီလ(၁၉)ရက်နေ့က စ၍ အချိန်ကာလ(၃)လ ရပ်နားမည်

ပါချုပ်ဆရာတော်၏ တရားပွဲ ကျန်းမာရေးအရ ဖေဖော်ဝါရီလ(၁၉)ရက်နေ့က စ၍ အချိန်ကာလ(၃)လ ရပ်နားမည်
ဖေဖော်ဝါရီ 19, 2019
By Tachileik News Agency





Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပါမောက္ခချုပ်ဆရာတော်ဘုရား ကျန်းမာရေး အခြေအနေအရ အနားယူရန်လိုအပ်နေ၍ ခရီးသွား လာခြင်းနှင့် တရားဓမ္မဟောကြားခြင်းများကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှ စ၍ အချိန်ကာလအားဖြင့် (၃)လ လုံးဝရပ်နားထားမည် ဖြစ်ကြောင်း ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းက အနီးကပ် တပည့်ဒါယိကာ ဒါယိကာမများက လူမှုကွန်ရက်တွင် အသိပေးထားရှိသည်။

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ စင်္ကာပူနိုင်ငံတွင် ကျန်းမာရေး ဆေးစစ်မှုပြုလုပ်ရာ၌ အသည်းရှိ အကျိတ်မှာ အချိန်ကာလ (၃)လအတွင်း ၁.၄၃ စင်တီမီတာ မှ ၂.၂၁ စင်တီမီတာခန့်အထိ အရွယ်အစား အထိ ကြီးလာသောကြောင့် Radio Frequency Ablation (RFA) နည်းစနစ်ဖြင့် ကုသမှု ခံယူ ထားရကြောင်း သိရသည်။

အဆိုပါ ကုသမှု ခံယူထားရာတွင် Biopsy အဖြေရယူ စစ်ဆေးရာတွင် ကင်ဆာဆဲလ်လုံးဝ မတွေ့ရှိရကြောင်းနှင့် ပုံမှန်စစ်ဆေးမှုအဖြစ် သီးတင်ပတ် (၆)ပတ်ပြည့်လျှင် စင်္ကာပူနိုင်ငံတွင် စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ရမည်ဖြစ်ကြောင်း နှင့် ဆေးကုသမှုခံယူထား၍ အနားယူရန်အတွက် အချိန်ကာလ (၃)လ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသသည် ၂၀၁၉ခုနှစ် မတ်လ(၂၂)ရက်နေ့တွင် သက်တော်(၇၉)နှစ် ပြည့်တော်မူမည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~