တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္း One Stop Shop(OSS) ၀န္ေဆာင္မႈေပးရာ တစ္ေန႔တည္း (၁၁၉) ဦးကို ၀န္ေဆာင္မႈေပးႏိုင္ခဲ့

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္း One Stop Shop(OSS) ၀န္ေဆာင္မႈေပးရာ တစ္ေန႔တည္း (၁၁၉) ဦးကို ၀န္ေဆာင္မႈေပးႏိုင္ခဲ့
ဖေဖော်ဝါရီ 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ One Stop Shop(OSS)ကို ရပ္ကြက္မ်ားအထိ စမ္းသပ္ ဝန္ေဆာင္မႈေပးေနရာ ၂၀၁၉ခုႏွစ္၊ေဖေဖာ္၀ါရီလ (၁၈) ရက္ေန႔တြင္ ပုန္းထြန္ရပ္ကြက္ေနျပည္သူ (၁၁၉) ဦးကို ၀န္ေဆာင္မႈေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ရပ္ကြက္အတြင္း တစ္ေန႔တည္း ၀န္ေဆာင္မႈေပးႏုိင္ခဲ့သည့္ အေရအတြက္ႏွင့္ ပတ္သက္၍ “(၁၁၉)ဦးဗ်။ လ၀က ကေတာ့ မ်ားေတာ့မ်ားတယ္။ ရဲက (၂၁)၊ စည္ပင္က (၄)၊ က်န္းမာေရး (၁၄)၊ လူမႈ (၂)၊ ေထြအုပ္ (၂)၊ လ၀ကက (၇၆) ဗ်”ဟု ဟု Mobile OSS အဖြဲ႕ေခါင္းေဆာင္ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဌာနဆိုင္ရာအဖြဲ႕ (၁၀) ဖြဲ႕ပါ One Stop Shop(OSS) က ေဖေဖာ္၀ါရီလ (၁၈) ရက္ေန႔မွစ၍ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ လိုက္လံေဆာင္ရြက္ေပးေနရာတြင္ ႏိုင္ငံေတာ္သို႔ တရား၀င္ ေပးသြင္းရမည့္ အခြန္အခမ်ားမွအပ မည္သည့္ အခေၾကးေငြမွ ေပးေဆာင္ရန္ မလိုအပ္ဘဲ ဝန္ထမ္းမ်ား ေငြေၾကးေတာင္းခံမႈမ်ားရိွပါက ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တိုက္ရိုက္တိုင္ၾကားႏိုင္ၿပီး ၀န္ထမ္းစည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက ေျပာသည္။

“တာခ်ီလိတ္မွာ စမ္းသပ္လုပ္ကိုင္လိုက္ေတာ့ အဆင္လည္းေျပတယ္။ျပည္သူလူထုအတြက္လည္း အေထာက္အကူျပဳတဲ့ အခါက်ေတာ့ ျပည္သူေတြအတြက္အက်ိဳးရိွတာေပါ့။ အရင္က ကၽြန္ေတာ္တို႔ စုေပါင္းရံုးမွာ လုပ္ေပးတဲ့အခါက်ေတာ့ ရပ္ကြက္ေနျပည္သူေတြက လာဖို႔အခက္အခဲ တစ္ခ်ိဳ႕လည္း ရိွတာေပါ့။ ရပ္ကြက္ေတြအထိလိုက္လုပ္ေပးေတာ့ သူတို႔လည္းအိမ္နဲ႔နီးေတာ့ သြားရလာရတာ အဆင္ေျပတာေပါ့”ဟု တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွ စမ္းသပ္ကာလျဖစ္သည့္ ၀မ္ေကာင္း ရပ္ကြက္တြင္ ေဖေဖၚဝါရီလ (၁၅) ရက္ေန႔၌ ျပဳလုပ္ခဲ့ၿပီး ဆက္လက္၍ ၿမိဳ႕ေပၚရပ္ကြက္မ်ားျဖစ္သည့္ ပုန္းထြန္ ရပ္ကြက္အတြက္ (၁၈) ရက္ေန႔၊ တာေလာ့ရပ္ကြက္အတြက္ (၁၉) ရက္ေန႔၊ မကာဟိုခမ္းရပ္ကြက္ အတြက္ (၂၀) ရက္ေန႔၊ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြက္ (၂၁) ရက္ေန႔၊ ဆန္ဆိုင္း(က)ရပ္ကြက္ အတြက္ (၂၂) ရက္ေန႔၊ မယ္ေခါင္ရပ္ကြက္ အတြက္ (၂၅) ရက္ေန႔၊ ရန္ေအာင္ေျမရပ္ကြက္ အတြက္ (၂၆) ရက္ေန႔၊ ၀ိန္းေက်ာက္ရပ္ကြက္အတြက္ (၂၇) ရက္ေန႔၊ ပါဆတ္ရပ္ကြက္အတြက္ (၂၈) ရက္ေန႔၊ ေဆခမ္းရပ္ကြက္အတြက္ မတ္လ (၁) ရက္ေန႔တို႔တြင္ မနက္ (၁၀) နာရီမွ စတင္၀န္ေဆာင္မႈ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု  - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် One Stop Shop(OSS)ကို ရပ်ကွက်များအထိ စမ်းသပ် ဝန်ဆောင်မှုပေးနေရာ ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်နပြေည်သူ (၁၁၉) ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်အတွင်း တစ်နေ့တည်း ဝန်ဆောင်မှုပေးနိုင်ခဲ့သည့် အရေအတွက်နှင့် ပတ်သက်၍ “(၁၁၉)ဦးဗျ။ လဝက ကတော့ များတော့များတယ်။ ရဲက (၂၁)၊ စည်ပင်က (၄)၊ ကျန်းမာရေး (၁၄)၊ လူမှု (၂)၊ ထွေအုပ် (၂)၊ လဝကက (၇၆) ဗျ”ဟု ဟု Mobile OSS အဖွဲ့ခေါင်းဆောင် တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဌာနဆိုင်ရာအဖွဲ့ (၁၀) ဖွဲ့ပါ One Stop Shop(OSS) က ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှစ၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် လိုက်လံဆောင်ရွက်ပေးနေရာတွင် နိုင်ငံတော်သို့ တရားဝင် ပေးသွင်းရမည့် အခွန်အခများမှအပ မည်သည့် အခကြေးငွေမှ ပေးဆောင်ရန် မလိုအပ်ဘဲ ဝန်ထမ်းများ ငွေကြေးတောင်းခံမှုများရှိပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တိုက်ရိုက်တိုင်ကြားနိုင်ပြီး ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

“တာချီလိတ်မှာ စမ်းသပ်လုပ်ကိုင်လိုက်တော့ အဆင်လည်းပြေတယ်။ပြည်သူလူထုအတွက်လည်း အထောက်အကူပြုတဲ့ အခါကျတော့ ပြည်သူတွေအတွက်အကျိုးရှိတာပေါ့။ အရင်က ကျွန်တော်တို့ စုပေါင်းရုံးမှာ လုပ်ပေးတဲ့အခါကျတော့ ရပ်ကွက်နပြေည်သူတွေက လာဖို့အခက်အခဲ တစ်ချို့လည်း ရှိတာပေါ့။ ရပ်ကွက်တွေအထိလိုက်လုပ်ပေးတော့ သူတို့လည်းအိမ်နဲ့နီးတော့ သွားရလာရတာ အဆင်ပြေတာပေါ့”ဟု တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လက်ရှိ စမ်းသပ်ကာလဖြစ်သည့် ဝမ်ကောင်း ရပ်ကွက်တွင် ဖေဖော်ဝါရီလ (၁၅) ရက်နေ့၌ ပြုလုပ်ခဲ့ပြီး ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပုန်းထွန် ရပ်ကွက်အတွက် (၁၈) ရက်နေ့၊ တာလော့ရပ်ကွက်အတွက် (၁၉) ရက်နေ့၊ မကာဟိုခမ်းရပ်ကွက် အတွက် (၂၀) ရက်နေ့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွက် (၂၁) ရက်နေ့၊ ဆန်ဆိုင်း(က)ရပ်ကွက် အတွက် (၂၂) ရက်နေ့၊ မယ်ခေါင်ရပ်ကွက် အတွက် (၂၅) ရက်နေ့၊ ရန်အောင်မြေရပ်ကွက် အတွက် (၂၆) ရက်နေ့၊ ဝိန်းကျောက်ရပ်ကွက်အတွက် (၂၇) ရက်နေ့၊ ပါဆတ်ရပ်ကွက်အတွက် (၂၈) ရက်နေ့၊ ဆေခမ်းရပ်ကွက်အတွက် မတ်လ (၁) ရက်နေ့တို့တွင် မနက် (၁၀) နာရီမှ စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်လ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~