မိုင်းဖြတ်မြို့တွင် ဌာန (၉)ခုပါသည့် One Stop Shop(OSS) အဖွဲ့မှ ၀န်ဆောင်မှုပေးရာတွင် ပြည်သူများ အားမည့်အချိန်နှင့် ညှိနှိုင်းဆောင်ရွက်နေ
မိုင်းဖြတ်မြို့တွင် ဌာန (၉)ခုပါသည့် One Stop Shop(OSS) အဖွဲ့မှ ၀န်ဆောင်မှုပေးရာတွင် ပြည်သူများ အားမည့်အချိန်နှင့် ညှိနှိုင်းဆောင်ရွက်နေ
ဖေဖော်ဝါရီ 19, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နေထိုင်သည့် ပြည်သူအများစုမှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည် ဖြစ်ရာတွင် ဌာနဆိုင်ရာ (၉) ခုဖြင့်ဖွဲ့စည်းထားသည့် One Stop Shop(OSS) အဖွဲ့အနေဖြင့် ၀န်ဆောင်မှုဆောင် ရွက်ရာ၌ ဒေသခံပြည်သူများ၏ အားမည့်အချိန်နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းသိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဌာန (၉) ခုပါ One Stop Shop (OSS) မှ ပထမဆုံး ၀န်ဆောင်မှုအဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်က စတင်ပြီး ရပ်ကွက်နေပြည်သူများကို ၀န်ဆောင်မှုပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်ပေးခဲ့မှု (၄၅)ခု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၁၇)ခု၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဆိုင်ရာမှ (၅၈)ခု၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ (၁)ခု၊ စည်ပင်သာယာရေးဦးစီးဌာနမှ (၃)ခု၊ ကျန်းမာရေးဦးစီးဌာနမှ (၁၅)ခု စုစုပေါင်း လုပ်ငန်း (၁၃၉)ခုအား ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - ကိုသာ
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နေထိုင်သည့် ပြည်သူအများစုမှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည် ဖြစ်ရာတွင် ဌာနဆိုင်ရာ (၉) ခုဖြင့်ဖွဲ့စည်းထားသည့် One Stop Shop(OSS) အဖွဲ့အနဖြေင့် ဝန်ဆောင်မှုဆောင် ရွက်ရာ၌ ဒေသခံပြည်သူများ၏ အားမည့်အချိန်နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းသိရသည်။
“မိုင်းဖြတ်ကျေးရွာအုပ်စုမှာ လုပ်မယ်။ လူထုအားတဲ့ တနင်္ဂေနွနေ့(ဖေဖော်ဝါရီ (၂၄) ရက်)မှာ သွားမယ်။ လူထုတွေတကယ် လာနိုင်တဲ့အချိန်သွားလုပ်မယ်။ လူမစုနိုင်ပဲနဲ့သွားလည်း ငုတ်တုတ်ထိုင်စောင့်ပြီး မလာလို့ရှိရင် လူထုလည်း အဆင်မပြေဘူး။ ဝန်ထမ်းတွေလည်း အဆင်မပြေဘူး။ ဒီမှာက စိုက်ပျိုးရေး လုပ်ကြတဲ့ သူတွေလေ။ သူတို့နားတဲ့ အချိန်၊ အိမ်ပြန်လာတဲ့အချိန်ကို ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်ပြီး လုပ်ရတာပေါ့။ ခရစ်ယာန်တွေဆို တနင်္ဂေနွနေ့ နားကြတာပေါ့။ အဲဒီနေ့ကို ကျွန်တော်တို့က ကွင်းဆင်း ပေးရတာပေါ့။ ဗုဒ္ဓဘာသာတွေနေတဲ့ ရပ်ကွက်ဆိုတော့ ဥပုဒ်နေ့ဆိုတော့ သူတို့က နားတာပေါ့။ မဟုတ်ရင် ဒီလူတွေ ကျွန်တော်တို့ မြင်ရမှာ မဟုတ်ဘူး။ လူထုရဲ့ဆန္ဒပေါ့။ ဒီနေ့တော့ဆင်းလာပါ။ ဒီနေ့တော့ လူတွေများတယ်ဆို အဲဒီနေ့ဆင်းပေးရတာပေါ့။ တာချီလိတ်နဲ့ မတူဘူးပေါ့ဗျာ”ဟု မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဌာန (၉) ခုပါ One Stop Shop (OSS) မှ ပထမဆုံး ဝန်ဆောင်မှုအဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်က စတင်ပြီး ရပ်ကွက်နပြေည်သူများကို ဝန်ဆောင်မှုပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်ပေးခဲ့မှု (၄၅)ခု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၁၇)ခု၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဆိုင်ရာမှ (၅၈)ခု၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ (၁)ခု၊ စည်ပင်သာယာရေးဦးစီးဌာနမှ (၃)ခု၊ ကျန်းမာရေးဦးစီးဌာနမှ (၁၅)ခု စုစုပေါင်း လုပ်ငန်း (၁၃၉)ခုအား ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
One Stop Service(OSS) အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါဝင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~