တာခ်ီလိတ္ၿမိဳ႕တြင္ ရပ္ကြက္မ်ားအလုိက္ ဌာန(၁၀)ခုျဖင့္ ၀န္ေဆာင္မႈေပးရာတြင္ လဝကလုပ္ငန္းမ်ား ေဆာင္ရြက္သူမ်ားျပား

တာခ်ီလိတ္ၿမိဳ႕တြင္ ရပ္ကြက္မ်ားအလုိက္ ဌာန(၁၀)ခုျဖင့္ ၀န္ေဆာင္မႈေပးရာတြင္ လဝကလုပ္ငန္းမ်ား ေဆာင္ရြက္သူမ်ားျပား
ဖေဖော်ဝါရီ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ One Stop Shop (OSS) ျပည္သူ႔ဝန္ေဆာင္မႈရံုး ဖြင့္လွစ္ ေဆာင္ရြက္ေပးေနရာမွ ရပ္ကြက္မ်ားအလုိက္ ေရြ႕လ်ားဝန္ေဆာင္မႈေပးေနရာ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာနႏွင့္ သက္ဆုိင္သည့္ လုပ္ငန္းမ်ား အမ်ားဆံုးေဆာင္ရြက္ေပးရေၾကာင္း သိရသည္။

ဌာန(၁၀)ခု၏ ေန႔ခ်င္းၿပီးေဆာင္ရြက္ေပးႏုိင္သည့္ လုပ္ငန္းမ်ားကို တစ္ေနရာတည္းတြင္ ေဆာင္ရြက္ ေပးေနသည့္ OSS လုပ္ငန္းမ်ားကို ေရြ႕လ်ားဝန္ေဆာင္မႈအျဖစ္ စမ္းသပ္လုပ္ကိုင္ေနရာ စတုတၳေျမာက္ေန႔ အျဖစ္ မကာဟိုခမ္းရပ္ကြက္ရွိ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္တြင္ တြင္ ေဖေဖာ္၀ါရီ (၂၀) ရက္ေန႔ မနက္ (၁၀) နာရီမွစတင္ၿပီး ၀န္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးေနေၾကာင္းသိရသည္။

“တစ္ျခားဌာနေတြထက္ လဝကပိုင္းပဲ ပိုမ်ားတယ္”ဟု Mobile OSS အဖြဲ႕ေခါင္းေဆာင္ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္သူ႔ဝန္ေဆာင္မႈရံုး (One Stop Shop – OSS)တြင္ ခရိုင္၊ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပံုတင္ေရးဦးစီးဌာန၊ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာန၊ မီးသတ္ဦးစီးဌာန၊ လွ်ပ္စစ္အင္ဂ်င္နီယာဌာန၊ က်န္းမာေရးဦးစီးဌာနႏွင့္ စည္ပင္သာယာေရးဌာနတို႔၏ လုပ္ငန္းမ်ားကို ေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

Mobile OSS ေဆာင္ရြက္ေပးျခင္းကို တာခ်ီလိတ္ၿမိဳ႕ေပၚ (၁၁)ရပ္ကြက္၌ ေဖေဖာ္၀ါရီလအတြင္း စမ္းသပ္ကာလအျဖစ္ ေဆာင္ရြက္ၿပီးပါက မတ္လမွစ၍ ၿမိဳ႕ေပၚရပ္ကြက္မ်ားအျပင္ ေက်းရြာအုပ္စု (၇)ခု တြင္ပါ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ လိုက္လံေဆာင္ရြက္ေပးမည့္ Mobile OSS အဖြဲ႔မွ ဝန္ေဆာင္မႈမ်ား ရယူရာတြင္ ႏိုင္ငံေတာ္သို႔ တရားဝင္ေပးသြင္းရမည့္ အခြန္အခမ်ားမွအပ မည္သည့္ အခေၾကးေငြမွ ေပးေဆာင္ရန္ မလိုအပ္ဘဲ ေငြေၾကးေတာင္းခံသည့္ ဝန္ထမ္းမ်ားရိွပါက ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနသို႔ တိုက္ရိုက္တိုင္ၾကားႏိုင္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာထံမွ သိရသည္။

OSS တြင္ ပါဝင္သည့္  ဌာနမ်ားနွင့္ သက္ဆုိင္သည့္ ကိစၥရပ္မ်ားကို ခ်က္ခ်င္း ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး ခ်က္ခ်င္း ေဆာင္ရြက္၍ မျဖစ္ႏုိင္သည့္ လုပ္ငန္းမ်ားကို သက္ဆိုင္ရာ ဌာနမ်ားမွ ေလွ်ာက္လႊာမ်ား လက္ခံရယူၿပီး ေဆာင္ရြက္ၿပီးစီးပါက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးမ်ားမွ တစ္ဆင့္ ျပန္လည္ ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Mobile OSS ကို ေဖေဖၚဝါရီလအတြင္း စမ္းသပ္ကာလေဆာင္ရြက္ေနရာ ဝမ္ေကာင္း ရပ္ကြက္တြင္ (၁၅) ရက္ေန႔၊ ပုန္းထြန္ ရပ္ကြက္တြင္ (၁၈) ရက္ေန႔၊ တာေလာ့ရပ္ကြက္တြင္ (၁၉) ရက္ေန႔တို႔က ေဆာင္ရြက္ ေပးခဲ့ၿပီး မကာဟိုခမ္းရပ္ကြက္ တြင္ (၂၀) ရက္ေန႔၊ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ (၂၁) ရက္ေန႔၊ ဆန္ဆိုင္း(က)ရပ္ကြက္ တြင္္ (၂၂) ရက္ေန႔၊ မယ္ေခါင္ရပ္ကြက္တြင္ (၂၅) ရက္ေန႔၊ ရန္ေအာင္ေျမရပ္ကြက္ တြင္ (၂၆) ရက္ေန႔၊ ၀ိန္းေက်ာက္ရပ္ကြက္တြင္ (၂၇) ရက္ေန႔၊ ပါဆတ္ရပ္ကြက္တြင္ (၂၈) ရက္ေန႔၊ ေဆခမ္းရပ္ကြက္တြင္ မတ္လ (၁) ရက္ေန႔တို႔၌  နံနက္ (၁၀) နာရီမွ စတင္၍ လုပ္ငန္းမ်ာ းေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ က်ပ္သန္းေပါင္း (၁,၄၇၀)ျဖင့္ တည္ေဆာက္ထားသည့္ ခရိုင္၊ၿမိဳ႕နယ္ စုေပါင္းရံုး၌ OSS ရံုးကို ၂၀၁၈ ခုႏွစ္ နိုဝင္ဘာလ(၂၇)ရက္ေန႔က စတင္ဖြင့္လွစ္ၿပီး လုပ္ငန္းေဆာင္ရြက္ေပးေနရာမွ ရပ္ကြက္ရံုးမ်ား အထိ သြားေရာက္ဝန္ေဆာင္မႈေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၅)ရက္ေန႔က စတင္စမ္းသပ္ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ ေနာက္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွ ိေက်းရြာအုပ္စု (၇)စုအထိ ပါ သြားေရာက္၍ ၀န္ေဆာင္မႈမ်ား ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ေဒသခံမ်ားအေနျဖင့္ ဘာသာစကားအခက္အခဲအပါအဝင္ ရံုးဌာနမ်ားသို႔ သြားေရာက္ရန္ စိုးရိမ္မႈမ်ား ရိွတတ္သျဖင့္ ရပ္ကြက္ရံုးမ်ားအထိ သြားေရာက္ဝန္ေဆာင္မႈေပးျခင္းကို ေဒသခံမ်ားအေနျဖင့္ ဌာနဆုိင္ရာလုပ္ငန္းမ်ားႏွင့္ ပိုမိုကၽြမ္းဝင္မႈရိွေစရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် One Stop Shop (OSS) ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ် ဆောင်ရွက်ပေးနေရာမှ ရပ်ကွက်များအလိုက် ရွေ့လျားဝန်ဆောင်မှုပေးနေရာ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများ အများဆုံးဆောင်ရွက်ပေးရကြောင်း သိရသည်။

ဌာန(၁၀)ခု၏ နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို တစ်နေရာတည်းတွင် ဆောင်ရွက် ပေးနေသည့် OSS လုပ်ငန်းများကို ရွေ့လျားဝန်ဆောင်မှုအဖြစ် စမ်းသပ်လုပ်ကိုင်နေရာ စတုတ္ထမြောက်နေ့ အဖြစ် မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် တွင် ဖေဖော်ဝါရီ (၂၀) ရက်နေ့ မနက် (၁၀) နာရီမှစတင်ပြီး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်းသိရသည်။

“တစ်ခြားဌာနတွေထက် လဝကပိုင်းပဲ ပိုများတယ်”ဟု Mobile OSS အဖွဲ့ခေါင်းဆောင် တာချီလိတ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop – OSS)တွင် ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့၏ လုပ်ငန်းများကို ဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

Mobile OSS ဆောင်ရွက်ပေးခြင်းကို တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်၌ ဖေဖော်ဝါရီလအတွင်း စမ်းသပ်ကာလအဖြစ် ဆောင်ရွက်ပြီးပါက မတ်လမှစ၍ မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာအုပ်စု (၇)ခု တွင်ပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လိုက်လံဆောင်ရွက်ပေးမည့် Mobile OSS အဖွဲ့မှ ဝန်ဆောင်မှုများ ရယူရာတွင် နိုင်ငံတော်သို့ တရားဝင်ပေးသွင်းရမည့် အခွန်အခများမှအပ မည်သည့် အခကြေးငွေမှ ပေးဆောင်ရန် မလိုအပ်ဘဲ ငွေကြေးတောင်းခံသည့် ဝန်ထမ်းများရှိပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောထံမှ သိရသည်။

OSS တွင် ပါဝင်သည့် ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်း ဆောင်ရွက်၍ မဖြစ်နိုင်သည့် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများ လက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Mobile OSS ကို ဖေဖော်ဝါရီလအတွင်း စမ်းသပ်ကာလဆောင်ရွက်နေရာ ဝမ်ကောင်း ရပ်ကွက်တွင် (၁၅) ရက်နေ့၊ ပုန်းထွန် ရပ်ကွက်တွင် (၁၈) ရက်နေ့၊ တာလော့ရပ်ကွက်တွင် (၁၉) ရက်နေ့တို့က ဆောင်ရွက် ပေးခဲ့ပြီး မကာဟိုခမ်းရပ်ကွက် တွင် (၂၀) ရက်နေ့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၂၁) ရက်နေ့၊ ဆန်ဆိုင်း(က)ရပ်ကွက် တွင် (၂၂) ရက်နေ့၊ မယ်ခေါင်ရပ်ကွက်တွင် (၂၅) ရက်နေ့၊ ရန်အောင်မြေရပ်ကွက် တွင် (၂၆) ရက်နေ့၊ ဝိန်းကျောက်ရပ်ကွက်တွင် (၂၇) ရက်နေ့၊ ပါဆတ်ရပ်ကွက်တွင် (၂၈) ရက်နေ့၊ ဆေခမ်းရပ်ကွက်တွင် မတ်လ (၁) ရက်နေ့တို့၌ နံနက် (၁၀) နာရီမှ စတင်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ကျပ်သန်းပေါင်း (၁,၄၇၀)ဖြင့် တည်ဆောက်ထားသည့် ခရိုင်၊မြို့နယ် စုပေါင်းရုံး၌ OSS ရုံးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့က စတင်ဖွင့်လှစ်ပြီး လုပ်ငန်းဆောင်ရွက်ပေးနေရာမှ ရပ်ကွက်ရုံးများ အထိ သွားရောက်ဝန်ဆောင်မှုပေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့က စတင်စမ်းသပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် တာချီလိတ်မြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၇)စုအထိ ပါ သွားရောက်၍ ဝန်ဆောင်မှုများ ပေးမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံများအနဖြေင့် ဘာသာစကားအခက်အခဲအပါအဝင် ရုံးဌာနများသို့ သွားရောက်ရန် စိုးရိမ်မှုများ ရှိတတ်သဖြင့် ရပ်ကွက်ရုံးများအထိ သွားရောက်ဝန်ဆောင်မှုပေးခြင်းကို ဒေသခံများအနဖြေင့် ဌာနဆိုင်ရာလုပ်ငန်းများနှင့် ပိုမိုကျွမ်းဝင်မှုရှိစေရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~