မင္းဘူးၿမိဳ႕နယ္အတြင္း မသန္စြမ္းသူ (၆၁၉)ဦးအတြက္ ေထာက္ပံ့ေၾကးေငြ က်ပ္(၁၈၅)သိန္း ေပးအပ္

မင္းဘူးၿမိဳ႕နယ္အတြင္း မသန္စြမ္းသူ (၆၁၉)ဦးအတြက္ ေထာက္ပံ့ေၾကးေငြ က်ပ္(၁၈၅)သိန္း ေပးအပ္
ဖေဖော်ဝါရီ 20, 2019
By Tachileik News Agency

မင္​းဘူး(စကု)ၿမိဳ႕နယ္​အတြင္​း႐ွိ ရပ္ကြက္ ႏွင့္ ေက်းရြာမ်ားမွ မသန္စြမ္းသူ (၆၁၉)ဦးအတြက္ တစ္ဦးလွ်င္ က်ပ္သံုးေသာင္းႏႈန္းျဖင့္ ေထာက္ပံ့ေၾကးေငြ စုစုေပါင္း က်ပ္(၁၈၅)သိန္းကို အခမ္းအနားျဖင့္ ေပးအပ္ လိုက္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ မင္​းဘူး(စကု)ၿမိဳ႕နယ္​ထဲက မသန္​စြမ္​းသူ (၆၁၉)ဦးကို တစ္ဦးကို​ က်ပ္​သံုး​​ေသာင္​းနွုန္း​​​နဲ႔ ​ေထာက္​ပံ​ေၾကး​ေငြ က်ပ္​(၁၈၅.၇)သိန္​း ေပးအပ္​ခဲ့တာျဖစ္​ပါတယ္​။ ရပ္/​​ေက်းအုပ္​ခ်ဳပ္​​ေရးမွဴးေတြနဲ႔ ရပ္​​/ေက်းစာ​ေရး​ေတြက မသန္​စြမ္​းစာရင္​း​ေတြ​ ေကာက္​ယူတ​ဲ့​ ေနရာမွာ အတတ္​ႏိုင္​ဆံုး မက်န္​​ေအာင္​​ ေကာက္​ယူၾကတာ​ ျဖစ္ေပမယ္​့ က်န္​ရိွ​ေနတာတစ္​ခ်ိဳ႕ ရိွႏိုင္​ပါတယ္​။ ဒါကိုလည္​း မက်န္​​ေအာင္​ ဆက္​လက္​​ေ ကာက္​ယူသြားမွာျဖစ္​ပါတယ္​"ဟု မင္​းဘူးခ႐ိုင္​အုပ္​ခ်ဳပ္​​ေရးမႉး ဦးစန္​း​ေဌး က တာခ်ီလိတ္​သတင္​း​ေအဂ်င္​စီသို႔ ​ေျပာသည္​။

အဆိုပါ ေထာက္ပံ့ေငြေပးအပ္ပြဲအား မင္းဘူးခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးရွိ အစည္းအေ၀း ခန္းမတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔က အခမ္းအနားျဖင့္ ျပဳလုပ္ကာ တာ၀န္ရွိသူမ်ားက ေထာက္ပံ့ေပးအပ္လိုက္ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မင်​းဘူး(စကု)မြို့နယ်​အတွင်​းရှိ ရပ်ကွက် နှင့် ကျေးရွာများမှ မသန်စွမ်းသူ (၆၁၉)ဦးအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ်(၁၈၅)သိန်းကို အခမ်းအနားဖြင့် ပေးအပ် လိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ မင်​းဘူး(စကု)မြို့နယ်​ထဲက မသန်​စွမ်​းသူ (၆၁၉)ဦးကို တစ်ဦးကို​ ကျပ်​သုံး​​သောင်​းနှုန်း​​​နဲ့ ​ထောက်​ပံ​ကြေး​ငွေ ကျပ်​(၁၈၅.၇)သိန်​း ပေးအပ်​ခဲ့တာဖြစ်​ပါတယ်​။ ရပ်/​​ကျေးအုပ်​ချုပ်​​ရေးမှူးတွေနဲ့ ရပ်​​/ကျေးစာ​ရေး​တွေက မသန်​စွမ်​းစာရင်​း​တွေ​ ကောက်​ယူတ​ဲ့​ နေရာမှာ အတတ်​နိုင်​ဆုံး မကျန်​​အောင်​​ ကောက်​ယူကြတာ​ ဖြစ်ပေမယ်​့ ကျန်​ရှိ​နေတာတစ်​ချို့ ရှိနိုင်​ပါတယ်​။ ဒါကိုလည်​း မကျန်​​အောင်​ ဆက်​လက်​​ေ ကာက်​ယူသွားမှာဖြစ်​ပါတယ်​"ဟု မင်​းဘူးခရိုင်​အုပ်​ချုပ်​​ရေးမှူး ဦးစန်​း​ဌေး က တာချီလိတ်​သတင်​း​အေဂျင်​စီသို့ ​ပြောသည်​။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအား မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝး ခန်းမတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့က အခမ်းအနားဖြင့် ပြုလုပ်ကာ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်လိုက်ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~